Thursday, January 19, 2012

ရဟန်းသံဃာတွေကို ရိုက်ပုတ်သတ်ဖြတ်ခဲ့တဲ့ နအဖကိုကြတော့ မပြောရဲခဲ့တဲ့ သံဃမဟာနာယကအဖွဲ့ က အခုတော့ ရွှေည၀ါဆရာတော်ကြီးကို ကျောင်းတိုက်ကနေ တစ်လအတွင်း ထွက်တဲ့။

Thursday, January 19, 2012

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလတုန်းက ရဟန်းသံဃာတွေကို ရိုက်ပုတ်သတ်ဖြတ်ခဲ့တဲ့ နအဖကိုကြတော့ စာတစ်လုံး စကားတစ်ခွန်းတောင် မပြောရဲခဲ့တဲ့ သံဃမဟာနာယကအဖွဲ့ က အခုတော့ ရွှေည၀ါဆရာတော်ကြီးကို ကျောင်းတိုက်ကနေ တစ်လအတွင်း ထွက်ပါတဲ့။

ရန်ကုန်တိုင်းဒေသကြီး သံဃနာယက အဖွဲ့ မှ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့ နယ်၊ သာဓုကျောင်းတိုက်ဝင်းအတွင်း နေထိုင်သီတင်းသုံးတော်မူသော ရွေည၀ါဆရာတော် ဦးပညာသီဟအား မြို့ နယ်/ရပ်ကွက်သံဃနာယကဆရာတော်များ ဌာနဆိုင်ရာပုဂ္ဂိုလ်များ ရှေ့ မှောက်တွင် ၁၉.၂.၂၀၁၂ (၁၆း၃၀) နာရီအချိန်တွင် နောက်ဆုံးထားပြီး ကျောင်းတိုက်အတွင်းမှ ထွက်ခွာပေးရန် အောက်ဖေါ်ပြပါ အချက်(၂) ချက်အား ၀န်ခံဂတိပြုချက်လက်မှတ်ရေးထိုးစေခဲ့ကြောင်း သိရှိရပါသည်။

(က) (၁၉.၁.၂၀၁၂) နေ့ မှစ၍ ရွှေည၀ါဆရာတော်ဦးပညာသီဟသည် (၁၉.၂.၂၀၁၂) ရက် (တနင်္ဂနွေနေ့) (၁၆း၃၀) နာရီအချိန် နောက်ဆုံးထား၍ သာဓုကျောင်းတိုက်မှ ထွက်ခွာပေးပါမည်ဟု ၀န်ခံဂတိပြုကြောင်း၊

(ခ) ကျောင်းတိုက်မှ မထွက်ခွာမှီကာလအတွင်း သာဓုကျောင်းတိုက်၌ သီတင်းသုံးနေထိုင်သမျှကာလပတ်လုံး ပြဿနာတစ်စုံတရာ မဖြစ်ပွားစေရန်နှင့် သံဃာအဖွဲ့ အစည်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ငြိမ်းချမ်းစွာ သီတင်းသုံးနေထိုင်၍ ထွက်ခွာသွားမည်ဖြစ်ကြောင်း တို့  ကို ၀န်ခံဂတိပြုကြောင်း လက်မှတ်ရေးထိုးစေကြောင်း သိရှိရပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆိုတာ သံဃာတော်အချင်းချင်းကို တိုက်ရိုက်ရော သွယ်ဝိုက်ရော စော်ကားနေတဲ့ အာဏာရှင်ဘုန်းကြီးတွေဘဲ .....


No comments:

Post a Comment

wwwwnyinyi@gmail.com