Tuesday, February 7, 2012

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်ရတနာပုံတယ်လီပို့ ကုမ္ပဏီ ပူးပေါင်းကာအင်တာနက်သုံးစွဲသူများအပေါ်ဥပဒေဖြင့်မဖိနှိပ်သင့်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့ကုမ္ပဏီ တို့ပူးပေါင်းပြီး ပြည်တွင်းရှိ အင်တာနက်သုံးစွဲသော သူများအပေါ် လိမ်လည်မတရားစီးပွားရှာသည်ဟုပြောလိုပါတယ်။ဘာကြောင့်
 skype,Pfingo ,Gtalk, yahoomessengerစသော ကုမ္ပဏီများမှ အင်တာနက်အသုံးပြုသူများအပေါ်ဝန်ဆောင်မှု့အပြည့်လုပ်ပေးထားသောအခွင့်အရေးများကို တရားမဝင်ဟုပြောဆိုပြီး ၊ google မှ Gtalk ကို ဆင်တူရိုးမှား အမည်ပြုလုပ်ထားသော Y-talk ကိုဈေးနှုံးသက်သာသည်ဟုပြောဆိုကာ အခြားကုမ္ပဏီများမှ ဆော့လ်ဝယ်ယာများဖြင့် ဖုန်းခေါ်ဆိုလျှင်
အရေးယူခြင်းခံရမည်ဆိုသည်မှာ မတရားဥပဒေနှင့်အနိုင်အထက်ပြုကာ ၄င်းတို့ဖန်တီးထားသော အင်တာနက်လုပ်ငန်းများကိုသာမဖြစ်မနေသုံးစွဲရမည်ဟုဆိုလိုခြင်းဖြစ်ပါတယ်။
ပြည်ပအင်တာနက်သုံးစွဲနေရသောအခြေအနေအချို့မှာ  အင်တာနက်လိုင်းကုမ္ပဏီများက မိမိအင်တာလိုင်းကို သုံးစွဲသူများလာစေရန် အင်တာနက်လိုင်းပါပြီးသား notebook,laptopsစသည်များကို ဈေးနှုံးလျှော့၍သော်လည်းကောင်း
အလကားပေးပြီး အင်တာနက်လိုင်းသုံးစွဲသည့် users များကိုစွဲဆောင်ပါတယ်။အင်တာနက်၏လစဉ်ကျေးကိုသာ အနဲဆုံး 2 နှစ်သုံးစွဲမည်ဟူသော ဂတိကဝတ်ကိုသာလုပ်ဆောင်ရပါတယ်။အပြင်တွင် ဒေါ်လာတစ်ထောင်တန် laptop ကွန်ပျုတာကို ရမည်ဖြစ်သောကြောင့် အင်တာနက်လိုင်းဝယ်သူ(သုံးစွဲသူ)သည် ထိုအရောင်းကင်ပိန်းမျိုးကိုစောင့်မျှော်နေတတ်ပါတယ်။ ထို့အပြင် အင်တာနက်လိုင်းကွန်နက်ရှင်များလည်း
အင်တာနက် ကုမ္ပဏီများအပြိုင်အဆိုင်ဖြစ်သောကြောင့် 1.0 Gbsp အမြန်ကိုသုံးစွဲရပါတယ်။အင်တာနက်ကေဘယ်လ်ကိုတတ်ဆင်လျှင်လည်း စတင်ဖောင်ဖြည့်လိုက်သည့်နေ့မှ တပတ်အတွင်းနှင့် လာရောက်တတ်ဆင်နေစဉ်ကြာမြင့်ချိန် မိနစ်သုံးဆယ်အတွင်း နက်ကွန်နက်ရှင်အားလုံးကို အလကားလုပ်ဆောင်ပေးသွားပါတယ်။
အင်တာနက်သုံးစွဲသူသည် နက်ဝက် ထဲမှာ မိမိသဘောဆန္ဒအတိုင်းမည့်သည့် ဝက်ဆိုဒ်မဆိုအသုံးပြုနိုင်ပါတယ်။skype,Pfingo,gtalk နှင့်အစရှိသော အင်တာနက်ဝန်ဆောင်မှု့များသည်
PC to PC ခေါ်ဆိုမှု့များကို အလားကားသုံးစွဲခွင့်ပြုထားပါသည်။ တကမ္ဘာလုံးကိုခွင့်ပြုထားခြင်းပါ။ ကွန်ပျုတာမှ လက်ကိုင်ဖုန်း၊အိမ်ဖုန်းခေါ်ဆိုမှု့များကို ငွေးကြေးဖြင့်ခေါ်ဆိုခွင့်ပြုထားခြင်းဖြစ်ပါတယ်။
ယခု အသစ်လာသောစမတ်ဖုန်း၊ အိုင်းဖုန်း ဖိုးစ်များသည်လည်းအင်တာနက်လိုင်းကိုသုံးစွဲပါက ထိုဆော့လ်ဝဲများမှာအလကားဖုန်းပြောဆိုနိုင်သည်။ ဘာဥပဒေနှင့်မှမညှိစွန်းပေ။ဥပဒေညိစွန်းသည်ဟုပြောဆိုသည်မှာ မြန်မာပြည်မှာသာလျှင်ဖြစ်လိမ့်မည်။
သို့သော် မြန်မာပြည်တွင်လည်း PC to PC စကားပြောဆိုမှု့များခေါ်ဆိုမှု့များကို ခွင့်ပြု၍ PC မှ လက်ကိုင်ဖုန်းခေါ်ဆိုမှု့ကိုသာ ID ကဒ်များရောင်းချခြင်းပြုလုပ်လျှင်၊ အခြားကုမ္ပဏီများနှင့်အပြိုင်အဆိုင်ရောင်းချခြင်းမျိုးပြုလုပ်လိုလျှင် ပြည်သူများအပေါ်ဖိနှိပ်မှု့မျိုးမဖြစ်ပေ။
ပြည်သူများအနေနှင့် အင်တာနက်သုံးစွဲသူများက သက်သာရာကိုရှာဖွေသုံးစွဲမည်မှာ သဘာဝပင်၊
အွန်လိုင်းမှတစ်ဆင့် နိုင်ငံခြားသို့ တရားဝင် ဖုန်းခေါ်ဆိုနိုင်ပြီ ဟု ဂျာနယ်တွင် ဖော်ပြ
Internet Journal ကောက်နုတ်ချက်။ ဖေဖော်ဝါရီ ၆၊ ၂၀၁၂
ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ပြီး အွန်လိုင်းအသုံးပြု၍ နိုင်ငံခြားသို့ တရားဝင် ဖုန်းခေါ်နိုင်တော့မည်ဟု အစီအစဉ်ကို အကောင်အထည် ဖော်ဆောင်ခဲ့သည့် ရတနာပုံဝက်ဘ်ပေါ်တယ်မှ စီမံကိန်းမန်နေဂျာ ဦးအောင်စံမြတ်က ပြောသည်။ Y-talk အမည်ရှိ အဆိုပါ အင်တာနက်ဖုန်း ဝန်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း၌ အသုံးပြုနေသည့် တရားမဝင် အင်တာနက်ဖုန်းလိုင်းခေါ်ဆိုမှုများ ဖြစ်သည့် Skype, Pfingo နှင့် အခြားသော အင်တာနက်ဖုန်း ဝန်ဆောင်မှုများကို ပပျောက်စေရန် ရည်ရွယ်ထားရှိကြောင်း သိရသည်။
“ဈေးက အရမ်းသက်သာတယ်။ တစ်မိနစ်ကို ၁၅၀ ကျပ်၊ ဒါမှမဟုတ် အများဆုံး ၃၅၀ ကျပ်ပဲ ကျမှာပါ။ နိုင်ငံအလိုက်တော့ ခွဲထားတယ်။ တစ်ကမ္ဘာလုံးက နိုင်ငံတွေကို ဖုန်းခေါ်လို့ရတယ်” ဟု ဦးအောင်စံမြတ်က ဆိုသည်။ အင်တာနက်အသုံးပြု၍ နိုင်ငံခြားသို့ တရားဝင် ဖုန်းခေါ်ဆိုလိုပါက ကိုယ်ပိုင် ID နံပါတ်တစ်ခုရှိရန် လိုအပ်ကြောင်း၊ အဆိုပါ ID နံပါတ်ကို ငွေကျပ်တစ်သောင်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အင်တာနက် ဖုန်းခေါ်ဆိုမှုအတွက် ကျသင့်ငွေများကိုမူ ကြိုတင်ငွေဖြည့်ကတ်များမှတစ်ဆင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
http://voip.yatanarpon. com.mm မှတစ်ဆင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်ကို လက်ရှိကာလတွင် ID နံပါတ်ထည့်သွင်းထားသော အများပြည်သူသုံး အင်တာနက်ဆိုင်များတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး ကိုယ်ပိုင်အနေဖြင့် အသုံးပြုခြင်းကိုမူ ခွင့်ပြုပေးသွားမည်မဟုတ်သေးကြောင်း၊ အင်တာနက်လိုင်း နှေးကွေးနေ သော်လည်း Y-talk ၏ အင်တာနက်ဖုန်း ခေါ်ဆိုမှုမှာ ကြည်လင်ပြတ်သားစွာ ကောင်းမွန်နေမည်ဖြစ်ကြောင်း ရတနာပုံ ဝက်ဘ်ပေါ်တယ်မှ ပရောဂျက်မန်နေဂျာ ဦးအောင်သန်းစိုးက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
(ပြည်ပမှ ခေါ်ဆိုမည့် ဖုန်းများကို အဆိုပါအကောင့်မှ လက်ခံဖြေဆိုနိုင်မည်ကို အတိအကျ ဖော်ပြထားခြင်း မရှိပေ)

No comments:

Post a Comment

wwwwnyinyi@gmail.com