သတင်း-ဒီဗီဘီ ဘလောက်မှ
အာဆီယံ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဆူရင်ပစ်ဆူဝမ်ဟာ ဖေဖော်ဝါရီ ၂၀၊ ၂၁ ရက်တွေမှာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး
ဦးဝဏ္ဏမောင်လွင်ရဲ့ ဖိတ်ကြားချက်နဲ့ သွားမယ့် ဒီခရီးစဉ်မှာ
မြန်မာခေါင်းဆောင်တွေနဲ့တွေ့ဖို့ မျှော်လင့်ထားတယ်လို့ အာဆီယံရဲ့ အင်တာနက်
စာမျက်နှာမှာ ရေးသားထားပါတယ်။ 

၂၀၁၄မှာ
မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ တာဝန်ယူတဲ့အခါ ပြင်ဆင်ထားရှိမှုတွေကို
နေပြည်တော်မှာ ဆွေးနွေးသွားမယ်လို့လည်း ရေးသားထားပါတယ်။ အရင်နှစ်
အင်ဒိုနီးရှားနိုင်ငံ ဘာလီ ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ
မြန်မာကို ဥက္ကဋ္ဌနေရာပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။
မစ္စတာဆူရင်ရဲ့
ထုတ်ပြန်ချက်မှာ အာဆီယံက မြန်မာပြည်ရဲ့ ဖြစ်ထွန်းတိုးတက်မှုတွေမှာ ဘယ်လို
ပူးပေါင်းပါဝင်နိုင်မလဲ ဆိုတာကို သိရဖို့အတွက်ရော၊ မြန်မာအစိုးရထံကရော
မြန်မာပြည်သူတွေထံကနေ အမြင်တွေ ရပ်တည်ချက်တွေကို နားထောင်နိုင်တဲ့
အခွင့်အရေးကို အဲဒီခရီးစဉ်က ပေးနိုင်မယ်လို့ မျှော်လင့်တယ်လို့ရေးထားပါတယ်။
ဒီကြေညာချက်နဲ့
ပတ်သက်လို့ အင်ဒိုနီးရှား ဂျာကာတာမြို့ အာဆီယံရုံးအဖွဲ့ ပြန်ကြားရေးအရာရှိ
ဟီနန်ဒစ်တီယာက “ကျမတို့ သိတာက ထုတ်ပြန်ချက်မှာ ဖော်ပြထားသလောက်ပဲ
ရှိပါတယ်။ မြန်မာမှာ သူ့ရဲ့ အစီအစဉ်ကိုတော့ ကျမတို့ မသိရပါဘူး” လို့
ဆိုပါတယ်။
ဆူရင်ရဲ့
ခရီးစဉ်မှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ရှိ မရှိ
မေးမြန်းခဲ့ပေမယ့်လည်း မသိရှိသေးတဲ့အကြောင်း ပြောပါတယ်။
No comments:
Post a Comment
wwwwnyinyi@gmail.com