Tuesday, February 7, 2012

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ပြည်သူလူထုနှင့်တွေ့ဆုံစဉ်မိန့်ခွန်းများနှင့်(ရုပ်၊သံ)သတင်း

 ပြည်သူများနှင့်ဒေါ်အောင်ဆန်းစုကြည်(သို့) အမေစု

ပြည်သူချစ်တဲ့ ပြည်သူတွေလက်ခံနိုင်တဲ့ခေါင်းဆာင်ဟာဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ် ဆိုတာ ဘယ်လိုမှငြင်းမရနိုင်အောင် ဖြစ်ပါတယ်။ မြင်တွေ့နေရတဲ့မြင်ကွင်းများဟာ ဥပဒေအရ မဖြစ်မနေလုပ်ဆောင်ရမယ်။ကြိုဆိုရမယ်။ အလံတွေကိုင်ပြီးလာတဲ့လမ်းကနေစောင့်နေရမယ်လို့ ဘယ်အာဏာပိုင်များက မှ ကြိုတင်အကြောင်းကြားထားခြင်းမရှိပါဘူး။
ယခင် မဆလ ခေတ်များနဲ့ နဝတ ခေတ်အဆက်ဆက်တွေမှာ ပြည်သူလူထုကို အတင်းအားဓမ္မ
ကွင်းပြင်ကျယ်၊နေပူပူမိုးရွာရွာ စောင့်ဆိုင်းခိုင်းလေ့ရှိပါတယ်။ မသွားမနေရ တအိမ်ထောင်တစ်ယောက်စသည့်အမိန့် အာဏာများကို ကြုံခဲ့ဘူးပါတယ်။
  ဒေါ်အောင်ဆန်းစုကြည်နှင့်ပြည်သူလူထုကြားမှာ ဘယ်လောက်ပိတ်ပင်ထားတဲ့ ဥပဒေတားဆီးမှု့နေရှိနေစေကာမူ ပြည်သူတွေရဲ့ရင်ထဲမှာ မေ့ပျောက်မသွားဘူးဆိုတာ လက်တွေ့မြင်တွေ့နေရတဲ့မြင်ကွင်းများပင်ဖြစ်ပါတယ်။
ပြည်သူတွေရင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကြိုဆိုမှု့၊ လက်ခံမှု့များဟာ ကမ္ဘာ့တိုင်းပြည်များအလယ်မှာ စံတင်အောင်ပင် ထူခြားလှပါတယ်။
သို့လောသို့လောဆိုသော သံသယအတွေးတွေ မပါ မိဘနှင့် သားသမီး ဝေးကွာလှတဲ့ခရီးတွေမှ ပြန်လည်တွေ့ဆုံရတဲ့မြင်ကွင်းမျိုး၊ဒါမှ မဟုတ်ဒီ့ထက်ပိုမိုထူးခြားသောမေတ္တာတရားများနှင့် အပြန်အလှန်ကြည်နူးနေသော ပျော်ရွှင်နေကြသောပြည်သူများ၏ ပီတိ၊ဒေါ်အောင်ဆန်းစုကြည်၏အပြုံးများကို မြင်တွေ့ရသည်မှာ မျက်ရည်များပင်ကျရလောက်ပေသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com