Thursday, February 23, 2012

ကိုကိုကြီး သရက်ခရီးစဉ်မှာ ရင်ဖွင့်ပြီ




 


၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး သရက်ခရီးစဉ်
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မိုင်းဆတ် အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးဟာ သရက်မြို့ကို
ဖေဖော်ဝါရီလ ၂၁ ရက်နေ့က သွားရောက် ခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း ထောင်နဲ့ချီတဲ့ သရက်မြို့ဒေသခံတွေက ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ကို ကြိုဆို ခဲ့ကြသလို
ကိုကိုကြီးကလည်း သရက်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ဆိုင်းဘုတ်ဖွင့်ပွဲကို သွားရောက်ပြီး စာပေစီစစ်ရေးက ဖြတ်တောက်ခဲ့တဲ့ သူ့ရဲ့ထောင်တွင်း အတွေ့အကြုံ ပြောစကား
တွေကိုလည်း ဒေသခံတွေကို သူကပြန်ပြောပြ ခဲ့ပါတယ်။ ဒါ့အပြင် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ကိုယ်ပေးမယ့် မဲတစ်ပြားအပေါ် အလေးအနက်ထားဖို့ သရက်မြို့ဒေသခံတွေကို
သူက တိုက်တွန်း ခဲ့ပါတယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com