Thursday, February 23, 2012

ဘာသာရေးအကြောင်းပြ ငွေကြေးကောက်ခံနေမှုကြောင့် ရပ်ကွက်နေပြည်သူများ မကျေမနပ်ဖြစ်နေ

သာသနဗိမာန်ဆောက်လုပ်ရန် ငွေကြေးကောက်ခံနေမှုကြောင့် ရပ်ကွက်နေပြည်သူများ မကျေမနပ်ဖြစ်နေကြောင်း ဒေသခံ တဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်တွင် တည်ဆောက်လျှက်ရှိသည့် သာသန ဗိမာန်တော်အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မဖြစ်မနေ ထည့်ဝင်ရမည်ဟု ပြောဆိုကောက်ခံနေခြင်းဖြစ်သည်။
“ရပ်ကွက်မှာ နေတဲ့သူတွေက လက်လုပ်လက်စားတွေဘဲ ဆိုတော့ အခုလို မဖြစ်မနေထည့်ရမယ်ဆိုတော့ မကျေမနပ်ဖြစ်နေတာပေါ့၊ တအိမ်ကို (၃၀၀၀) ထည့်ရမယ်ဆိုပြီး ရပ်ကွက်မှူးတွေက ကောက်ခံနေတာ”ဟု ပြောသည်
ယင်းကဲ့သို့ အလှူခံကောက်ခံနေသည့် ရပ်ကွက်များမှာ ပေါက်ကုန်းရပ်ကွက် အပိုင်(၁)ရပ်ကွက်မှ အပိုင် (၁၅) ရပ်ကွက်အထိ ဖြစ်ကြောင်း ဒေသခံက ဆက်ပြောသည်။
အဆိုပါ ရပ်ကွက်များတွင် နေထိုင်သည့် အိမ်ထောင်စုပေါင်း (၂၂၀၀) ရှိပြီး သာသနာ့ဗိမာန်တော်မှ စတင်ဆောက်လုပ်နေလျှက်ရှိကြောင်း ဒေသခံက ဆက်ပြောသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com