Thursday, February 23, 2012

ဒေါ်စု မိုးကောင်းမြို့  အိုးတန်းဘောလုံးကွင်း မိန့် ခွန်း အပြည့်အစုံ (အသံဖိုင်)

 အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဘောလုံးကွင်းမှာ ဒီညနေပိုင်းက မဲဆွယ်ဟောပြောပွဲလုပ်ပြီး အဖွဲ့ချုပ်ကိုယ်စာလှယ်လောင်းကို မဲပေးကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်၊ ဒီပွဲကို ဧည့်ပရိတ်သတ် ကွင်းလုံးပြည့် တက်ရောက်နားထောင်ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်၊ ညနေလေးနာရီခွဲမှာ မိန့်ခွန်းပြောဆိုမှုပြီးဆုံးပြီးနောက် မြစ်ကြီးနားကို ပြန်မှာဖြစ်ပါတယ်၊ မြစ်ကြီးနားမှာ ညအိပ်ပြီး မနက်ကျရင် မြစ်ကြီးနားမြိုံက မနောကွင်းမှာ မဲဆွယ်ဟောပြောစည်းရုံးမှာဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် မိုးကောင်းမြို့နယ် ဟောပြောချက် အသံဖိုင်ပါ။
An-daw su moe kaung township speech 23feb by dvbradio
ဒေါ်အောင်ဆန်းစုကြည်သည် မိုးကောင်းမြို့ကို မွန်းလွဲ ၁း၀၀ နာရီတွင်ရောက်ရှိရန် ခန့်မှန်းထားသော်လည်း ညနေ ၄း၀၀ နာရီတွင်မှ ရောက်ရှိပြီး အိုးတန်းဘောလုံးကွင်းတွင် မိနစ် ၃၀ ကြာမိန့်ခွန်းပြောကြားခဲ့သည်။ အိုးတန်းဘောလုံးကွင်းအပြည့်လာရေ
ာက်နားထောင်သော သောင်းနှင့်ချီသည့် ဒေသခံများကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာတွင် ကချင်ပြည်နယ် ငြိမ်းချမ်းရေး၊ မိုးကောင်းမြို့နယ်အတွင်း လယ်ယာမြေများ သိမ်းဆည်းခံနေရခြင်းကို နမူနာပေး၍ တရားဥပဒေစိုးမိုးရေးကို ပြောကြားခဲ့ပြီး၊ ပင်လုံစိတ်ဓာတ်ရှိကြရန် ထည့်သွင်းပြောကြားသွားသည်။ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားမှုကို တက်ရောက်နားထောင်သူများတွင် ကျောင်းသားငယ်များ ပါဝင်သည့်အတွက် ပင်လုံစိတ်ဓာတ်ရှိကြရန်ပြောကြားရန် ပင်လုံစာချုပ်အကြောင်းကို အသေးစိတ်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း အဆိုပါ အခမ်းအနားသို့ တက်ရောက်သတင်းရယူနေသော 7Day သတင်းထောက်မှ သတင်းပေးပို့သည်။
-------------------------------------------------------------

 ဒေါ်အောင်ဆန်းစုကြည်က မိုးကောင်းမြို့နယ် ပြည်သူသို့ ပြောကြားသွားရာတွင် မိမိတို့ဒေသထံ လာရောက် စည်းရုံးသည့် မည်သည့် ပါတီမှက လွှတ်တော် ကိုယ်စားလှယ်လောင်းကို မဆို မေးခွန်းများ မေးရန်လိုအပ်ပြီး ကိုယ်စားလှယ်လောင်းများကလည်း ဆန္ဒရှင်များ၏ ထောက်ခံမှုကို လိုချင်ပါက ဘာ့ကြောင့် ထောက်ခံခိုင်းသည်ကို ရှင်းပြနိုင်ရမည်ဟု ပြောသွားသည်။


“ဘယ်နိုင်ငံရေးပါတီပဲဖြစ်ဖြစ် ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် လာပြီးတော့ စည်းရုံးလို့ရှိရင် ပြည်သူတွေက မေးခွန်း

မေးပိုင်ခွင့် ရှိတယ်။ မေးခွန်းတွေ ခေါင်းထဲမှာရှိရင် မေးပိုင်ခွင့်ရှိတယ်။ ပြည်သူတွေက မေးပိုင်ခွင့်ရှိရင် ပြည်သူ

တွေ ဘာသိချင်သလဲဆိုတာကို စဉ်းစားပြီးတော့ ဖြေရမယ်။ ဘာ့ကြောင့် ဒီအလုပ်တခုကို လုပ်တယ်ဆိုတာကို ရှင်းပြရမယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုလိုချင်ရင် ဒီထောက်ခံဖို့ ကိစ္စကို ဘာဖြစ်လို့ လုပ်ချင်လဲဆိုတာကို ရှင်းပြရမယ်။” ဟု ဒေါ်စုက ပြောသွားသည်။



NLD ၏ မိုးကောင်း လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့် ပတ်သက်၍လည်း “ဒေါ်ခင်ကြည်ကို မိုးကောင်းမြို့နယ်မှာ ကိုယ်စားလှယ်လောင်း အဖြစ်နဲ့ ရွေးချယ်လိုက်သလဲဆိုတာက အဖွဲ့ချုပ်က ပြည်သူတွေ

လေးစားနိုင်လောက်အောင် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျောက်လှမ်းခဲ့တယ်။” ဟု ပြောကြားသွားပြီး အတွေ့အကြုံနှင့် ပညာအရည်အချင်းတို့ကိုလည်း ထည့်သွင်းစဉ်းစား ရွေးချယ်ခဲ့ကြောင်း ပြောကြားသွားသည်။

 မဇ္ဈိမ

No comments:

Post a Comment

wwwwnyinyi@gmail.com