Tuesday, February 14, 2012

ဒေါ်​အောင်ဆန်း​စုကြည်၏ ရန်ကုန် လှည်း​ကူး​ခရီး​စဉ် အဆင်မ​ပြေဖြစ်

နေသွင်

လှည်း ​ကူး​မြို့​ လူထု အား​ကစား​ ကွင်း​မှာ မနက် ဖြန် ကျင်း​ပဖို့​ စီစဉ် ထား​တဲ့​ အမျိုး​သား​ ဒီမိုက​ရေစီ အဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း ​စုကြည်ရဲ့​ လူထု​ ဟော​ပြောပွဲကို ခွင့်​မပြု တဲ့​အတွက် တခြား​ နေရာ ​ပြောင်း​ရွှေ့​ဖို့​ ကြိုး​စား​နေ တယ်လို့​ ပါတီက ​ပြောပါ တယ်။

ဟော​ ပြောပွဲ ကျင်း​ပဖို့​ ရန်ကုန်တိုင်း​ဒေသကြီး​နဲ့​ ​ရွေး​ကောက်ပွဲ ​ကော်မရှင်ရဲ့​ ခွင့်​ပြုချက်ရပြီး​မှ၊​ ​ဟော​ပြောပွဲကျင်း​ပဖို့​ တရက်အလိုမှာ ပြည်​ထောင်စု အား​ကစား​ဝန်ကြီး​က ပိတ်လိုက်တဲ့​အတွက် ​နေရာ​ပြောင်း​ရွှေ့​ဖို့​ စီစဉ်​နေတယ်လို့​ လှည်း​ကူး​မြို့​နယ်မှာ ကြား​ဖြတ် ​ရွေး​ကောက်ပွဲ ဝင်ပြိုင်မယ့်​ ကိုယ်စား​လှယ်​လောင်း​ ဦး​ဖြိုး​မင်း​သိန်း​က ​ပြောပါတယ်။

“ကျ​နော်တို့​ ​နေရာလိုက်ရှာထား​တယ်။ မြို့​နဲ့​ကပ်လျက် လယ်ကွင်း​မှာ​ပေါ့​။ မြို့​နယ်အုပ်ချုပ်​ရေး​ အာဏာပိုင်​တွေနဲ့​ သွား​ညှိနှိုင်း​တယ်။ ​ကော်မ ရှင်လူကြီး​တွေကို ​ခေါ်သွား​မယ်၊​ ပြပြီး​ အဲဒီ​နေရာကို သူတို့​ဆီကို စာတင်ပြဖို့​ ကျ​နော်တို့​ လုပ်တယ်။ ​နေ့​ချင်း​ပြီး​အောင် ​ဆောင်ရွက်ဖို့​ ကျ​နော်တို့​ ကြိုး​စား​နေတယ်။ ဒါက ကျ​နော်တို့​ကို ကပ်ပြီး​မှ​ပြောတာ၊​ ကျ​နော်တို့​က ဖိတ်ကြား​တဲ့​ကိစ္စလည်း​ လုပ်ထား​ပြီး​ပြီ။ ရွာ​ပေါင်း​ ၁၁၉ ရွာရှိတယ်၊​ အုပ်စုက ၅၇ အုပ်စုရှိတယ်၊​ မြို့​ပေါ်မှာ ရပ်ကွက် ၅ခု ရှိတယ်။

အဲဒီအတွက် လာမယ့်​ ပြည်သူလူထု​တွေက​တော့​ အများ​ကြီး​ပဲ။ ကျ​နော်တို့​ မြို့​မှာ​တော့​ ဆိုက်ကား​လေး​တွေကစပြီး​ ခွပ်​ဒေါင်း​အလံ​တွေ လွှင့်​ပြီး​တော့​ လုပ်​နေတာဆို​တော့​ ကျ​နော်က ဒီအ​ခြေအ​နေကို ဖြစ်​အောင် ကြိုး​စား​မယ်လို့​ ဆုံး​ဖြတ်ထား​တယ်။ ပြည်သူလူထုရဲ့​ ဆန္ဒကို ​ပေါ်လွင်​စေချင်တယ်။ ပြည်သူလူထု ဖြစ်​စေချင်တဲ့​ အ​ခြေအ​နေ​လေး​တွေကို လုပ်​ပေး​နိုင်ဖို့​ ကျ​နော်ကြိုး​စား​မယ်။”

လာမယ့်​ ဧပြီလ ကြား​ဖြတ် ​ရွေး​ကောက်ပွဲမှာ လှည်း​ကူး​မြို့​နယ်မှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ကိုယ်စား​လှယ်​လောင်း​ ဦး​ဖြိုး​မင်း​သိန်း​၊​ ကြံ့​ခိုင်​ရေး​နှင့်​ဖွံ့​ဖြိုး​ရေး​ပါတီက ကိုယ်စား​လှယ်တဦး​၊​ မြန်မာ့​လူ့​ဘောင်သစ်ပါတီက ကိုယ်စား​လှယ် တဦး​တို့​ ဝင်​ရောက် ယှဉ်ပြိုင်ဖို့​ ရှိ​နေတာ ပါ။

အာဏာပိုင်​တွေရဲ့​ ဒီလို လုပ်​ဆောင်ချက်​တွေ​ကြောင့်​ အထင်အမြင် လွဲတာ​တွေ ဖြစ်နိုင်တယ်လို့​ သူက ဆက်​ပြောပါတယ်။

“ကျ ​နော်တို့​ တိုင်း​ပြည်မှာ ဒီမိုက​ရေစီစနစ်ကို သွား​မယ်ဆိုရင် မြို့​တိုင်း​မှာ ​ရွေး​ကောက်ပွဲ​တွေမှာ ဘယ်ပါတီ ဘယ်အဖွဲ့​အစည်း​တွေက​တော့​ ဘယ်​နေရာမှာ ပြည်သူလူထုနဲ့​ ​တွေ့​ဆုံနိုင်တယ်၊​ ပြည်သူလူထုကို ​ဟော​ပြောနိုင်တယ် ဆိုတဲ့​ ​နေရာမျိုး​တွေက​တော့​ ဒီ​ရွေး​ကောက်ပွဲကို ကျင်း​ပ​ပေး​တဲ့​ ပြည်​ထောင်စု ​ကော်မရှင်နဲ့​ မြို့​နယ်အသီး​သီး​အတွက် ညှိနှိုင်း​မှုမျိုး​တော့​ နဂိုကတည်း​က ရှိသင့်​တယ်။ အခု​ဆောင်ရွက်​နေတဲ့​ အ​ခြေအ​နေ​တွေက ပုံသဏ္ဌာန်​တွေ အမျိုး​မျိုး​ ဖြစ်​နေတယ်။ ဒါက​တော့​ အား​/ကာ ဝန်ကြီး​ဌာနအပိုင်တို့​၊​ ဒီဟာ​တော့​ ​ဘောလုံး​အဖွဲ့​ချုပ်ကို ငှား​ထား​တဲ့​ကွင်း​မို့​ သုံး​လို့​ရတယ်ဆိုတဲ့​ အ​ခြေအ​နေ​တွေက ထင်သလိုဖြစ်​နေတဲ့​ အ​နေအထား​မျိုး​တော့​ ကျ​နော်တို့​စိတ်ထဲမှာ မဖြစ်​စေချင် ဘူး​။ အဲဒီလိုမျိုး​ ဖြစ်​နေတယ်ဆိုရင် ဒီမိုက​ရေစီကို ​ရှေး​ရှုသွား​မယ်ဆိုတဲ့​ အ​ခြေအ​နေ​တွေကို သံသယဖြစ်​အောင် လုပ်​နေသလို ဖြစ်နိုင် တယ်။ ပြည်သူလူထုက အမြင်လွဲမှား​သွား​နိုင်စရာ ကိစ္စရပ်​တွေက ဒီအ​ခြေအ​နေမျိုး​မှာ မရှိသင့်​ဘူး​လို့​ ထင်ပါတယ်။”

ဒေါ်​အောင်ဆန်း ​စုကြည်ရဲ့​ အခု လှည်း​ကူး​ ခရီး​စဉ်ဟာ လူသိန်း​ချီ ကြိုဆိုခဲ့​ကြတဲ့​ တနင်္သာရီတိုင်း​ ထား​ဝယ်ခရီး​၊​ ဧရာဝတီတိုင်း​ ပုသိမ်၊​ ​မြောင်း ​မြခရီး​၊​ ရန်ကုန်တိုင်း​ ​ကော့​မှူး​ခရီး​စဉ်အပြီး​မှာ စီစဉ်ထား​တာ ဖြစ်ပါတယ်။

အခုခရီး ​စဉ်မတိုင်ခင် ဒီလ ၄ ရက်​နေ့​က စီစဉ်ခဲ့​တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ မန္တ​လေး​တိုင်း​ ခရီး​စဉ်လည်း​ ​နေရာ အခက်အခဲ​ကြောင့်​ ဖျက် သိမ်း​ခဲ့​ရပါတယ်။ မန္တ​လေး​ခရီး​စဉ်မှာ ​ဟော​ပြောဖို့​ နဂိုက စီစဉ်ထား​တဲ့​ ဗထူး​အား​ကစား​ကွင်း​နဲ့​ မန္တ​လေး​တောင်​ခြေရှိ အား​ကစား​ကွင်း​တွေ ကို ငှား​ရမ်း​ပေမယ့်​ မြန်မာနိုင်ငံ ​ဘောလုံး​အဖွဲ့​ချုပ်နဲ့​ တိုင်း​ဒေသကြီး​ ဝန်ကြီး​ချုပ်တို့​က ခွင့်​မပြုတဲ့​အတွက် ရပ်ဆိုင်း​ခဲ့​ရပါတယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com