Tuesday, February 14, 2012

အစိုးရဌာနဆိုင်ရာ အကြီးအကဲများ ရုံးချိန်အတွင်း ဂေါက်ရိုက်ကစားခြင်း (ပေးစာ)

နေပြည်တော် ရန်အောင်မြင်ဂေါက်ကွင်း
လေးစားရပါသော အယ်ဒီတာခင်ဗျား--
  အစိုးရဌာနဆိုင်ရာ အကြီးအကဲများ ဂေါက်ရိုက်ကစားခြင်းအတွက် တင်ပြလို  ပါတယ် အားကစားနည်းတစ်ခုကို ဆန့်ကျင်ခြင်းမဟုတ်ပါကြောင်; နားလည်စေ ချင်ပါတယ် ဂေါက်ကစားခြင်း၏ ကုန်ကျစရိတ်ကို အယ်ဒီတာကြီး သိမည်ဖြစ်ပါတယ်ခင်ဗျား
 ဒါက အကြောင်းမဟုတ်သေးပါ
 အစိုးရသစ်လက်ထက်တွင် Clean Government, Good Governance ကို ဖော်ဆောင်လျှက်ရှိရာ ရုံးဖွင့်ရက်တွင် နံနက် 09း00 နာရီနှင့် 163း0 နာရီအကြား ကစားခြင်းမှာကောင်းသောအစိုးရ လုပ်ငန်းဖော်ဆောင်ခြင်းနှင့် ဆန့်ကျင်နေပါသည်။

 ရံဖန်ရံခါ ဌာနလေးလပတ်၊ နှစ်ချုပ်အစည်းအဝေးအထိမ်းအမှတ်အနေဖြင့် ကစားခြင်းမှာ စည်းရုံးရေးအရ ကောင်းမွန်ပါတယ်၊
နေ့စဉ် ရုံးစောဆင်းပြီး လက်အောက်ဝန်ထမ်းများရှေ့မှာ ဂေါက်ရိုက်ထွက်တာ နိုင်ငံတော်ရဲ့ ဖော်ဆောင်လုပ်ငန်းကိုရော အလုပ်လုပ်နေတဲ့ လက်အောက်ဝန်ထမ်းများကိုပါ စော်ကားရာကျပါတယ်။
ဂေါက်ကွင်းတာဝန်ခံများသည်လည်း အစိုးရ ၀န်ထမ်းများဖြစ်ရာ ရုံးချိန်အတွင်း ဌာနအကြီးအကဲများ ဂေါက်လာကစားခြင်းသည် လာကစားသူအနေနဲ့ လဲ ရှက်စရာဖြစ်ပါသည် ၄င်းဌာနလဲ သိက္ခာကျပါတယ်။
လက်အောက်ဝန်ထမ်းများမှ တင်ပြချက်များအပေါ် ဆုံးဖြတ်ချက်ချမှတ်ရေး နှောင့်နှေးခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ရသောလုပ်ငန်း
များ ကြန့်ကြာနိုင်သလို မှားယွင်းနိုင်ပါတယ်၊
သူတို့  ကစားပြီးချိန်အထိ စောင့်နေရတော့ အောက်ဝန်ထမ်းတွေ နစ်နာပါသည်၊
ဝန်ကြီး၊ MD,DG၊ ညွှန်မှူးများမှာ စစ်တပ်မှ ပြောင်းရွှေ့လာသူပိုများရာ အရပ်သားဝန်ထမ်းများ(အရာရှိ/အခြာ
းအဆင့်)မှ ကြောက်ရွံ့မှုရှိကြပါသည်။
Prisedentများ၊ လွှတ်တော်လူကြီးများတောင် မိမိတို့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းကို ကိုယ်ပိုင်ချိန်မအားသည့် အကြားမှပဲ ဆောင်ရွက်ကြရာ ၀န်ကြီးများနှင့် MD,DG များအနေဖြင့် မလုပ်သင့်ကြပါငွေကြေးနှင့်ပတ်
သက်ဆောင်ရွက် ရသောဌာန(ုစီးပွားရေး/ ဘဏ္ဍာရေး/ ကန်ထရိုက်)များမှ အကြီးအကဲများ ကစားပါက အလုပ်များအတွက် နစ်နာဆုံးရှုံးမှူတွေပင် ဖြစ်စေနိုင်ပါသည်။
နိုင်ငံတော် Prisedentထံသို့ mediaမှတစ်ဆင့် တင်ပြစေလိုပါတယ်။
မဟုတ်ပါက ဌာန/ နာမည်ဖြင့် တင်ပြက နစ်နာစေနိုင်သဖြင့် ဖြစ်ပါတယ်။
သို့မှသာ အစိုးရဌာနများတွင် အထက်အောက်ကြည်ညိုလေးစားမှုရြှိ
ကပြီး လုပ်ငန်းတိုးတက်နိုင်မှာပါ
နိုင်ငံအကျိုးမျှော်ကိုးတင်ပြ
ခင်းဖြစ်ပါတယ်။
တိုင်းပြည်ချစ်သူတစ်ဦးအနေဖြင့် ဂျာနယ်များကို ယုံကြည်လေးစားတင်ပြစေတာပါ။
 နိုင်ငံတော်အကြီးအကဲသိစေရန်နှင်
့ ၀န်ကြီးများ၊ MD,DG ကြီးများ ပြုပြင်လျှင် ကျေနပ်ပါသည်။
လေးစားစွာဖြင့်
 
ဝန်ထမ်းတဦး၏ပေးစာကို မူရင်းအတိုင်းဖေါ်ပေးလိုက်ပါသည်။
Myanmar News Now

No comments:

Post a Comment

wwwwnyinyi@gmail.com