Tuesday, February 14, 2012

မြို့နယ်အခွန်ရုံးက တရားဝင်အခွန်အပြင် ထပ်မံငွေကောက်ခံနေ

ဖြိုးကြီး

တပိုင်တနိုင်လုပ်ငန်း လုပ်ကိုင်သူများထံမှ မြို့နယ်အခွန်ဌာနက တရားဝင်အခွန်အပြင် သိန်းချီငွေကြေးတောင်းယူနေခြင်းကြောင့် လုပ် ငန်း ရှင်းများ အခက်ခဲဖြစ်နေကြသည်။

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ပြီးခဲ့သည့်လ ၂၀ ရက်နေ့မှ စတင်ကာ ကျောက်စရစ်လုပ်ငန်း လုပ်ကိုင်သူများထံ အခွန် ဦး စီးဌာနက ကောက်ခံနေခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်တဦးက ပြောသည်။

“ကျနော်တို့က စည်ပင်သာယာကို တနှစ်စာအတွက် (၃) သောင်းပေးပြီးပြီ၊ အဲဒါကို ထပ်ပြီး အခွန်ရုံးက ဘာပြေစာမှမပါဘဲ တသိန်းခွဲ၊ နှစ်သိန်း ထပ်တောင်းနေတာ” ဟု ပြောသည်။

ယင်းကဲ့သို့ ကျောက်စရစ်စည်ပိုင်းနှင့် ကျောက်ငုတ်များ လုပ်ကိုင်နေသူများထံ သိန်းချီကာ အခွန်ကောက်ခံသည့်အတွက် လုပ်ငန်းများ ရပ်ဆိုင်းရမည့် အခြေအနေထိ ငွေကြေးအခက်အခဲဖြစ်နေကြောင်း ဆက်ပြောသည်။

“လုပ်ငန်းက စည်ပိုင်းလေး၊ ကျောက်ငုတ်တွေလောက်ဘဲလုပ်တာ အခုလို ကောက်တော့ မပေးနိုင်ဘူး၊ အဲဒီတော့ လုပ်ငန်း နားရမဲ့ အခြေ အနေဖြစ်နေတာ” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လွှတ်တော်တွင် ဝန်ထမ်းများ အကျင့်ပျက်ခြစားမှုများလျော့ချသည့်အနေဖြင့် လခတိုးပေးရန် အဆို တင်သွင်း အတည်ပြုခဲ့သော်လည်း လက်တလောတွင် ယခုကဲ့သို့ ဝန်ထမ်းများက ငွေကြေးကောက်ခံမှုများ ဆက်လက်ဖြစ်ပွားနေလျှက်ရှိသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com