Saturday, February 25, 2012

အန်အယ်ဒီ အဖွဲ့ချုပ်က အွန်လိုင်းမှ မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်

saအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အဖွဲ့ဝင် ဟောင်းများဖြစ်ခဲ့သည့် ပြည်ပရောက် နေသူ များအတွက် အန်အယ်ဒီ အဖွဲ့ချုပ်က အွန်လိုင်းမှ မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်နေ သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါသည်။ အန်အယ်ဒီ အဖွဲ့ကို အသစ် ပြန်လည် ဖွဲ့စည်း ရာတွင် ၊ အဖွဲ့ဝင် ဟောင်းရော အဖွဲ့ဝင် သစ်ပါ အသစ်ပြန်လည် လျှောက်ထား ရပါသည်။ ဤအထဲမှ ပြည်ပ ရောက်နေသူ အဖွဲ့ဝင် ဟောင်းများကို အွန်လိုင်းမှ မှတ်ပုံတင်ခွင့် ရရန် ကြိုးစား ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
"အန်တီအပါအ၀င် ပါတီဝင်ဟောင်း အကုန်လုံး မှတ်ပုံပြန်တင်ရပါတယ်" ဟု ပြောပါသည်။
ပါတီဝင်ဖြစ်လာရန် အခြေခံလို အပ်ချက်များမှာ ပါတီမှတ်ပုံတင် ဥပဒေနှင့် သက်ဆိုင်သည့် နိုင်ငံသားဖြစ်ခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ခြင်းစသည့် အချက် များနှင့် ကိုက်ညီပါက မည်သည့် နေရာ ဖြစ်စေ အဖွဲ့ချုပ်သို့ ၀င်ရောက်နိုင်ရန် အွန်လိုင်းမှတစ်ဆင့် စီစဉ်မည်ဖြစ် ကြောင်းဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်း ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်လာပြီးချိန်တွင် အန်အယ်ဒီ ပါတီသည်၊ နှစ်ခြမ်းကွဲနေပြီးဖြစ်သည်ဟု ဆို ရပေလိမ့်မည်။ အမျိုးသား ဒီမိုကရေစီ (NDF) ပါတီဝင်များသည်၊ အန်အယ်ဒီမှ ခွဲထွက်ပြီး ရွေးကောက်ပွဲဝင်ခဲ့ပါသည်။ ဤသို့သော အခြေအနေ အရပ်ရပ်ကြောင့် အန်အယ်ဒီ ပါတီကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု အဖွဲ့ချုပ် ခေါင်းဆောင်များက ပြောပါသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com