Saturday, February 25, 2012

လွှတ်တော်ကိုယ်စားလှယ်များ ခံစားခွင့်ဟာဘာလည်း?

ပြည်သူ့လွှတ်တော်လို့အမည်တတ်ထားပေမဲ့ ပြည်သူများအတွက်ဆွေးနွေးမှု့တွေ၊ဆောင်ရွက်မှု့တွေ

မလုပ်နိုင်၊မလုပ်တတ်သူများ၏ လွှတ်တော်အဆောက်အဦး ထိုင်ခုံများတွင်ဝင်ရောက်အိပ်စက်အနားယူ ၊ပြည်သူများ၏အခွန်များမှ လစာများထုတ်ယူ၊မတရားအခွင့်အရေးယူနေယုံကလွဲ၍တိုင်းပြည်အတွက်ဘာမှထူးခြား

လာမည်မထင်ပါ။

တကယ်တမ်းတိုင်းပြည်တိုးတက်ရေးကိုဆောင်ရွက်ပေးနိုင်သော ပြည်သူ့လွတ်တော်ကိုယ်စားလှယ်

များကိုသာ လွှတ်တော်အတွင်းတွင်နေရာပေးသင့်ကြောင်း၊ရွေးချယ်သင့်ကြောင်း၊

လက်ရှိတိုင်းပြည်တာဝန်ယူနေသော အာဏာပိုင်များ ထိုအခြေအနေများကို ပြောင်းလည်းဆောင်ရွက်ရန်သတိထားသင့်ကြောင်း ပြည်သူ့အော်သံမှ

ထောက်ပြ ဆန္ဒပြုလိုက်ပါတယ်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်၊တိုင်းပြည် အကျိုးစီးပွားအတွက်၊တည်ဆောက်ရေးလုပ်ငန်းများကို ဆွေးနွေးဆောင်ရွက်မှု့များကိုစိတ်ပါဝင်စားမှု့

ရှိခြင်းမရှိခြင်းကို အောက်တွင်မြင်တွေ့နေရသောဓါတ်ပုံကိုကြည့်ခြင်းနှင့်ပင်သိနိုင်ပါတယ်။

 

လွှတ်တော်ကိုယ်စားလှယ်များ ခံစားခွင့်ဟာဘာလည်း?

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ကြီးများလွှတ်တော်တက်နေစဉ်
လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်တွင်းအခမဲ့ဆေးကုသခွင့်၊ တစ်လလျှင် ကျပ်သုံးထောင်ထက်မပိုသော ရေအခမဲ့သုံးစွဲခွင့်၊ တစ်လလျှင် ကျပ်တစ်သောင်းထက်မပိုသော လျှပ်စစ်ဓာတ်အား အခမဲ့သုံးစွဲခွင့်၊ တစ်လလျှင် ကျပ်တစ်သောင်းထက်မပိုသော ပြည်တွင်းတယ်လီဖုန်း အခမဲ့ခေါ်ဆိုခွင့်၊ နိုင်ငံပိုင်လေကြာင်းလိုင်းများတွင် တစ်နှစ်လျှင် ခရီးစဉ်တစ်ခု အသွားအပြန် မိမိအပါအ၀င် သုံးဦးအတွက် အခမဲ့စီးနင်းခွင့်၊ နိုင်ငံပိုင် မီးရထား၊ သင်္ဘော၊ မော်တော်ယာဉ်များဖြင့် ခရီးသွားလာရာတွင် တစ်နှစ်လျှင် အသွားအပြန်ခရီးစဉ်တစ်ကြောင်း အထက်တန်းအဆင့်ဖြင့် မိမိအပါအ၀င် ငါးဦးအတွက် အခမဲ့စီးနင်းခွင့် ရရှိမည်ဖြစ်ကြောင်း ဖေဖေါ်ဝါရီ(၂၄)ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေကြမ်းကော်မီတီက ပြောကြားသည်။
ပေါ်ပြူလာဂျာနယ်

No comments:

Post a Comment

wwwwnyinyi@gmail.com