Tuesday, March 13, 2012

အသံပြန်ထွက်နေသောမြစ်ဆုံစီမံကိန်းနဲ့ တရုပ်ကိုကျောခင်းပေးရသောမြန်မာပြည်


China has a high level of hydropower expertise http://www.washingtonpost.com/rf/image_606w/2010-2019/WashingtonPost/2011/10/14/Foreign/Images/AP110124041820.jpgတစခန်းပြန်ထနေသော မြစ်ဆုံဆည်တည်ဆောက်ရေးပြန်လည်ဆွေးနွေးလုပ်ဆောင်နေသောသတင်းများ၊အသံများ

ထွက်ပေါ်နေပါတယ်။ တရုပ်နိုင်ငံသည်မြန်မာပြည်မှ သယံဇာတ အရင်းအမြစ်များကို ရေနစ်သူဝါးကူလို့ထိုး၊သလိုနှင့် နစ်သထက်နစ်အောင် ငယ်ထိပ်ကိုဝါးလုံးနဲ့ထိုးနှစ်နေပုံပါ။ အမှတ်တမဲ့ဆိုယင် ရေနစ်နေသူကို ဝါးလုံးလှမ်းကမ်းလို့ ကယ်တင်သယောင်ပါ။
မြန်မာပြည်စီးပွားရေးစနစ်ပြန်လည်ဦးမော့လာမလာမသိပါ။ တိုင်းပြည်သယံဇာတ များရောင်းစားပြီးပြည်သူလူထု အနေအစားချောင်လည်မချောင်လည်မပြောတတ်ပါ။မြန်မာနိုင်ငံ အနောက်ဖက်ရခိုင်ပြည်နယ် ကမ်းလွန်မှထွက်သော ရွှေဂက်(စ်)၊ တရုပ်ပြည်ကိုရောင်းချခြင်းနှင့်ပတ်သက်လျှင်လည်း မြန်မာပြည်ဘယ်လောက်အကျိုးအမြတ်ရတယ်မရတယ်ကို
လောလောအတိအကျမသိ၊နောက်လည်းသိရမည်မထင်၊
စီးပွားရေးပညာရှင်များတွက်ချက်မှု့အရ တိုင်းပြည်ကနစ်နာရတယ်လို့ဆိုပါတယ်။ ရောင်းရသောငွေ နဲ့တိုင်းပြည်ထူထောင်ရေး၊တည်ဆောက်ရေးကို လုပ်နိုင်မလုပ်နိုင်ထည့်မပြောပဲ၊လောလောဆယ် ဒေသခံများ ရခိုင်ပြည်နယ်ဒေသ ကို  မိသားစုအိမ်သုံးအဆင့်ဂက်စ် သုံးစွဲနိုင်သော အိမ်ရာစီမံကိန်းများကိုပင် စီမံ မဆောင်ရွက်ပေးနိုင်ခြင်း။ပိုက်လိုင်းဖြတ်သန်းသွားရာ ဒေသတလျှောက် စီမံကိန်းပတ်ဝန်းကျင်များဆုံးရှုံးမှု့များ၊ လယ်မြေ၊အိမ်ရာ ဆုံးရှုံးနစ်နာမှု့များကို စနစ်တကျ မလုပ်ဆောင်ပေးခြင်း၊ပြန်လည်တည်ဆောက်ပေးခြင်းနှင့် ထိုက်တန်သောအစားထိုးလျှော်ကျေးငွေများမရခြင်းစသည့် မင်းမဲ့ဥပဒေ မဲ့ မတရားအနိုင်ကျင့်လုပ်ဆောင်မှု့များကို ပြည်သူများကလက်ငင်းခံစားနေကြရပါတယ်။
တိုင်းပြည်အနေနှင့် မြန်မာတနိုင်ငံလုံးအတိုင်းအတာနှင့်ကြည့်လျှင်လည်း ပညာတတ်စစ်ဗိုလ်ကြီးများရဲ့ဆုံးဖြတ်လုပ်ဆောင်မှု့က မြန်မာပြည်ကို အနောက်ကနေအရှေ့ကိုကျော်လွန်တရုပ်ပြည်ထဲအရောက် တိုင်းပြည်ကို တံတားခင်းဆောင်ရွက်ပေးတဲ့အပြင် ရရှိလာသော အမြတ်ပမာဏ၊ ထွက်ရှိလာသောဂက်စ် ရောင်းဝယ်သုံးစွဲခွင့် ရာခိုင်နှုံးမှာ ဆယ်ပုံပုံလျှင်တပုံပင်။
အကယ်၍သာ တိုင်းပြည်က အပေါ်စီးနဲ့တရုပ်ကိုဘာကြောင့်မရောင်းဝယ်နိုင်ခဲ့ရသနည်း။
တရုပ်ဆီက စစ်ဗိုလ်ကြီးများဘာ တွေ ယူထားခဲ့သနည်း။ မိမိတိုင်းပြည်မှထွက်သော ဂက်ကိုဝယ်ယူသည်ပဲထား၊တိုင်းပြည်တပြည်လုံးအနောက်မှအရှေ့ထိဖြတ်သန်းခွင့်ပေးလိုက်ခြင်းသည်တရုပ်ပြည်
စီးပွားရေးကို ၈၀%ကျော်ထောက်ပံ့ပေးလိုက်ခြင်းပင်။တရုပ်သည် မြန်မာဂက်စ်ကို မဝယ်ယူခင်ယခင်ကာလများ အရှေ့အလယ်ပိုင်းမှ ရေနံများကို တရုပ်ကိုဝယ်ယူသယ်ဆောင်ရာတွင်ပင်လယ်ပြင်ရေလက်ကြားကိုဖြတ် တကွေ့တပတ်သယ်သူ၊သယ်ယူရာလမ်းကြောင်း၊ပင်လယ်ပြင်လုံခြုံရေးကို လည်းစိုးရိမ်ရသေး။
အခုတော့ ကျောက်ဖြူဆိပ်ကမ်းကို ကူညီတည်ဆောက်ပေးသယောင်၊ လျှပ်စစ်ရထားလမ်းကိုဂက်စ်ပိုက်လိုင်းနဲ့အပြိုင်တည်ဆောက်မည်ဆိုသည်မှာလည်းမြန်မာပြည်ကိုလျှပ်စစ်ရထား
လမ်းတည်ဆောက်ပေးလို့ကျေးဇူးပြန်တင်ရမလို၊တရုပ်ပြည်အစဉ်ပြေချောမွေ့စေရေး ကို ကျိုးပမ်းဆောင်ရွက်နေခြင်းသာဖြစ်ပါတယ်။ ကိုယ့်တိုင်းပြည်ထွက်ရှိသော သယံဇာတစွမ်းအင်လောင်စာများကို ကိုယ်တိုင်အသုံးမချတတ်တော့ လက်ညှိးထိုးရောင်းစားရုံကလွှဲ လို့ ပိုမလုပ်တတ်။ နောင်တနေ့ တိုင်းပြည်မှာ လူငယ်တွေ ပညာရှင်တွေ နည်းပညာတွေ ထွန်းကားလာတဲ့တနေ့ နောင်တရမည်မဆုံးဖြစ်ရအုံးမှာပါ။
အဲလိုနောင်တတွေ မရဖို့ နောင်လာနောက်သားလူငယ်တွေကိုယ့်တိုင်းပြည်သယံဇာတကို
ိကိုယ်တိုင်အသုံးချ ခွင့်ရအောင်၊ မိမိတိုင်းပြည် ကတည်ဆောက်ထုတ်လုပ်လာနိုင်တဲ့ အဆင့်ဖြစ်လာအောင်
လူကြီးတွေကဧရာဝတီ ဆည်စီမံကိန်းနဲ့ပတ်သက်၇င်၊တိုင်းပြည်သယံဇာတတွေနဲ့ပတ်သက်လာယင်
 နောက်မဆုတ်တမ်း ရင်ဆိုင်နိုင်ဖို့လိုပါတယ်။

တိုင်းပြည် ဒီမိုကရေစီလမ်းကြောင်းကို ရောက်ဖို့၊ လူခွင့်အရေးပြန်လည်ရအောင်ကြိုးပမ်းနေကြတဲ့ အချိန် ယခုမကြာခင်ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲ နဲ့ ရလာဒ်ဟာ
အမှန်တရားဖြစ်ဖို့နဲ့ အမှန်ရလာဒ်ကို အသုံးချခွင့်ရဖို့လိုပါတယ်။ အကယ်၍များ မရိုးသားသော အဓမ္မ ဥပဒေပြုကျင့်မှု့များဖြစ်လာခဲ့ရင် အခုထဲက ဆုံးဖြတ်ချက်တွေ ရည်ရွယ်ချက်တွေရှိထားဖို့လိုမယ်ထင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်(အမေစု) အသက်အရွယ်ကျမ်းမာရေးဆိုတာဟာ (သဘာဝတရားဟာအစိုးမရပါဘူး)နောက်လူငယ်တွေကြိုတင်ပြင်ဆင်နိုင်မှတော်ကာကြမယ်။အများကြီးပြင်စဉ်ထားမှ
အနေတော်လောက်ရောက်အောင်မနဲလုပ်ရမှာပါ။ ပြည်သူအင်အားဟာစိတ်ဓါတ်အင်အားပါ။
အားလုံးညီညွတ်ကြပါ။စီးကမ်းရှိကြပါ။လို့တိုက်တွန်းလိုပါတယ်။(ပြည်သူ့အော်သံ)






No comments:

Post a Comment

wwwwnyinyi@gmail.com