
မင်းသမီးဒေသရောက် ကျောင်းသားတွေရဲ့ ပထမဆုံး တပ်တည်နေ ရာ မောင်တော်စခန်းအား ၁၉၈၉ ခုနှစ် အစောပိုင်းက တွေ့ရပုံ
ကျောင်းသားများဘဝကို ခံစားမိတာလေးအကျဉ်းပြောပရစေ။
ကျွန်တော်တို့နေထိုင်ရာ အမိမြန်မာပြည်ကို တိုင်းရင်းသားများနဲ့ဖွဲ့စည်းတည်ထောင်ထားပါတယ်။အိမ်ကြီးတအိမ်မှာ ညီအကိုမောင်နှမအမျိုးတွေစုနေထိုင်သလိုပါပဲ။စည်းလုံးညီညွတ်ကျမယ်ဆို ပျော်စရာနဲ့ခိုင်မာတောင့်တင်းတဲ့
မိသားစုဘဝကိုခံစားရမှာပါ။ အခုအဲလိုမဖြစ်ခဲ့ရပါ။
ကျွန်တော်ငယ်ငယ်မူလတန်းအရွယ်စာကို မပီတပီဖတ်တတ်ခါစ၊ နောက်တော့မိဘများက သတင်းစာဖတ်တတ်အောင်လေ့ကျင့်ပေးခါစတွေမှာ နိုင်ငံပိုင်သတင်းစာများဖြစ်ကြတဲ့ လုပ်သား၊ဗိုလ်တထောင်၊ကြေမုံ၊မြန်မာ့အလင်း၊စတာတွေမှာ၊ ရေဒီယိုသတင်းတတွေများမှာ ပြည်ပြေး၊သူပုန်စတာ
တွေကိုကြားသိနေခဲ့ရတယ်။ ဘာမှန်းဂဃနဏ မသိနားမလည်ပေမဲ့ ၊မြန်မာရုပ်ရှင်ကားတွေမှာ စစ်ကားတွေမှာ၊လူဆိုးခန်းတွေမှာ မြင်တွေ့ကြည့်မြင်ဖူးတာတွေနဲ့ခိုင်းနှိုင်းတွေးမိခဲ့ပါတယ်။ ခလေးဘဝမှာအတွေးတွေမှာအမြင်မှားများမြင်အောင် လှည့်စားခြင်းကိုခံခဲ့ရပါတယ်။
သူပုန်ဆိုတာ မကောင်းတာလုပ်တဲ့သူတွေ၊လူတဖက်သားကို အနိုင်ကျင့်နှိပ်စက်သတ်ဖြတ်သူတွေလို့နားလည်ထားခဲ့တယ်။ ထိုအတွေးများကြောင့်တောခို သွားသော ယခင်ကျောင်းသားများ၊နိုင်ငံရေးသမားများကိုသူပုန်ဆိုတဲ့စကားလုံးအဓိပ္ပါယ်နဲ့သတ်မှတ်ခွဲခြားခဲ့ပါတယ်။
ဒ်ီလိုအတွေးတွေခေတ်လူငယ်တွေ ရအောင် အစိုးရဟာ နေ့စဉ်မပြတ် သတင်းမီဒီယာများကို အတင်းအဓမ္မဖေါ်ပြခြင်းများစေခိုင်းခဲ့ပါတယ်။
သတင်းစာတွေမှာနေ့စဉ်နီးပါးဖေါ်ပြပါရှိနေတာ ကတော့ ရထားလမ်းမိုင်းထောင်မိုင်းခွဲသတင်းတွေပါပဲ။
မော်လမြိုင်ဖက်မုဒုံ၊ ရေး၊မြိတ်၊ထားဝယ်ဆိုရင် သောင်းကျန်းသူတွေနေထိုင်ရာလို့ပဲ သတ်မှတ်ထားမိခဲ့ပါတယ်။
သူပုန်ဆိုရင်မကောင်းဖူးဆိုတဲ့ အကြောင်းရင်းအဖြစ်စနစ်အမှန်များကိုနားမလည်ခဲ့ရပါ။
ဗိုလ်လောင်းသင်တန်းဆင်းလူငယ်တွေဆို လူတော်တွေလို့မြင်ခဲ့ကြရပါတယ်။မြင်အောင်လည်းအစိုးရကလုပ်ခဲ့ပါတယ်။
မိမိအသက်အရွယ်ငယ်စဉ်ကြုံတွေ့ဖူးခဲ့ရတဲ့ တိုင်းပြည်အရေးအခင်း၊ကျောင်းသားအရေးအခင်းလို့ခေါ်တဲ့
ဦးသန့် အရေးအခင်း၊ ၁၉၈၈အရေးအခင်းနောက်ပိုင်း ၂၀၀၇ စတာတွေ မှာတွေးတောဆင်ခြင်နိုင်လာပြီဖြစ်လာတော့ ကျောင်းသားများဟာ မိမိတိုင်းပြည် အကြောင်းတစုံတရာ၊ပြဿနာများကို စတင်အကောင်အထည်ဖေါ်ဖြေရှင်းခဲ့ကြပါတယ်။တောင်းဆိုမှု့တွေလုပ်ကြပါတယ်။ကျောင်းသားတွေဟာအမှန်တရားကို
အစိုးရကို မြင်သာအောင်ဖေါ်ထုတ်ပြောဆိုခဲ့ကြပါတယ်။ သို့သော်ငြိမ်းချမ်းရေးကို ဦးတည်သောဖြေရှင်းချက်များ။ မှန်ကန်သောဖြေရှင်းချက်များ၊တရားမျှတသောဖြေရှင်းချက်များကို မရပဲ အားဓမ္မအုပ်ချုပ်မှု့အာဏာစက်များနဲ့ကျောင်းသားများဟာ ဖြေရှင်းခြင်းကိုခံခဲ့ကြရပါတယ်။
စာသင်ကျောင်းတွေ၊တက္ကသိုလ်တွေမှာ ဆရာ၊ဆရာမများကတဆင့် ငါးကြင်းဆီနဲ့ငါးကြင်းကို ပြန်ကျော်ခိုင်းခဲ့ပါတယ်။
ရပ်ကွက်တွေမှာ ထောက်လှမ်းရေးက၊ရပ်ကွက်ကောင်စီ(ယခင်) လိုက်လံဖမ်းဆီးထောင်ချခြင်းများကျောင်းထုတ်ပယ်ခြင်းခံရမှု့များ။ နိုင်ငံရေးကျော်ဇော်မှု့နှင့် တသက်လုံးအကြိမ်ကြိမ်ဖမ်းဆီးမှု့များ တွေကို အစိုးရက အနိုင်ကျင့်အုပ်ချုပ်ခဲ့ပါတယ်။
ဒါတွေကို ရည်ရှည်ခံနေရတဲ့ကျောင်းသားတွေဟာ မခံနိုင်ဖြစ်လာရတဲ့အဆုံးနောက်မှာ တိုင်းပြည်ကနေထွက်ပြေးတိမ်းရှောင်ယင်း ပြည်ပြေး(သူပုန်)ဘဝကိုရောက်ရပါတယ်။
မှန်ကန်တဲ့ ဥပဒေဘောင်ထဲကနေ တိုင်းပြည်ထဲမှာ ပြန်လည်ဖြေရှင်းခွင့်မရတဲ့လူငယ်တွေဟာ
ဒီစနစ်(အာဏာရှင်စနစ်)ကို တိုက်ခိုက်တော်လှန်ဖို့တွေးမြင်လာခဲ့ရပါတယ်။
(ပြည်သူ့အော်သံ )
၁၉၈၈ ရဲ့မေ့မရတဲ့အတိတ်သမိုင်းပုံရိပ်များ(၁)
(ပြည်သူ့အော်သံ )
၁၉၈၈ ရဲ့မေ့မရတဲ့အတိတ်သမိုင်းပုံရိပ်များ(၁)
No comments:
Post a Comment
wwwwnyinyi@gmail.com