Friday, March 23, 2012

လက်နက်တွေ လက်ပ်တော့နဲ့ လဲဖို့ လိုအပ်သလို ကျောင်းသားတွေကိုလဲ ကျောင်းပြန်တက်ခွင့် ပေးပါ

နိုင်ငံရေး အကျဉ်းသားဟောင်း ကိုရဲမြတ်ဟိန်း
သမ္မတကြီးရဲ့မိန့်ခွန်းထဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းထဲက လူငယ်တွေကို လက်ပ်တော့ ဘယ်အချိန် ကိုင်နိုင်မလဲ ဆိုတာကို သူ့အနေနဲ့
စဉ်းစား ပေးနေတယ်ဆိုရင် ကျနော်တို့ ကျောင်းသားတွေကိုလဲ ကျောင်းပြန်တက်နိုင်ဖို့ အတွက် ခွင့်ပေးလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့် နေပါတယ်လို့
ဇန်နဝါရီလ ၁၃ ရက်နေ့ သမ္မတရဲ့လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တက္ကသိုလ် ကျောင်းသား
ကိုရဲမြတ်ဟိန်းက တောင်းဆို လိုက်ပါတယ်။
တက္ကသိုလ် ကျောင်းသားတွေ ကျောင်းပြန်လည် တက်ခွင့် ရရှိဖို့အတွက် နိုင်ငံရေး အကျဉ်းသား ကျောင်းသား
ဟောင်းတွေ စုပေါင်းပြီး နိုင်ငံတော် သမ္မတကြီးထံ မေတ္တာရပ်ခံစာ ပေးပို့ထားတာ ဖြစ်ပါတယ်။ ကိုဇင်လင်းအောင် ဒုတိယနှစ် ဝါဏ္ဏိဇ္ဇဗေဒ ရန်ကုန် စီးပွားရေး
တက္ကသိုလ်၊ ကိုရဲမြတ်ဟိန်း ပထမနှစ် သင်္ချာ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ ကိုဒီငြိမ်းလင်း တတိယနှစ် ဘူမိဗေဒ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊
ကိုစည်သူမောင် တတိယနှစ် စီးပွားရေး (စာရင်းအင်းပညာ) ရန်ကုန် စီးပွားရေး တက္ကသိုလ်၊ မနွဲ့နှင်းရည် (ခ) နိုးနိုး ဒဿနိကဗေဒ ရန်ကုန် အရှေ့ပိုင်း
တက္ကသိုလ်၊ ကိုရဲမင်းဦး မဟာပထမနှစ် စီးပွားရေး (စာရင်းအင်းပညာ) ရန်ကုန် စီးပွားရေး တက္ကသိုလ် အစရှိတဲ့ တက္ကသိုလ် ကျောင်းသားတွေက ကျောင်း
ပြန်တက်ခွင့်ရရှိဖို့ သမ္မတကြီးထံ တောင်းဆိုနေတာ ဖြစ်ပါတယ်။(သတင်း-ဘားမားဗီဂျေ)

No comments:

Post a Comment

wwwwnyinyi@gmail.com