စစ်တွေမြို့တွင် တည်ဆောက်နေသော စစ်တွေဆိပ်ကမ်း
တည်ဆောက်ရေး လုပ်ငန်းတွင်
တန်ချိန် ၂၀၀၀၀ ရှိသော
ရေယာဉ်များ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား
တည်ဆောက်ရေး
လုပ်ငန်းများအပြင် ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူ
ပို့ဆောင်ရေးစီမံကိန်း၌ တန်ချိန် ၃၀၀ရှိ ရေယာဉ်ခြောက်စင်း
ကိုလည်း
တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကုလားတန် မြစ်ကြောင်းသည် မိုးရာသီအတွင်း ရေစီးရေလာပြင်းသော
မြစ်တစ်ခုဖြစ်သော်လည်း မြစ်အထက်ပိုင်းတွင်
ကျောက်ဆောင်များ၊
သောင်များရှိသဖြင့် သောင်တူးခြင်းများကိုလည်း ပြုလုပ်သွားရမည်ဖြစ်သည်။
ယင်းအပြင် မြစ်ကြောင်းအတွင်း တန် ၃၀၀ ရှိသော ရေယာဉ်များကိုသာ
အသုံးပြုသွားမည်ဖြစ်ကြောင်း၊ စစ်တွေမှ ပလက်ဝအထိ ရေယာဉ်များကို အသုံးပြုကာ
သယ်ယူပို့ဆောင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စစ်တွေဆိပ်ကမ်းတွင် တန်ချိန် ၂၀၀၀၀ ရှိသောရေယာဉ်များ ဆိုက်ကပ်နိုင်သည့်
အလျား ၂၁၉ မီတာ၊ အကျယ် ၁၅ ဒသမ ၂ မီတာရှိသော ဆိပ်ခံတံတားနှင့် အလျား၁၃၆မီတာ၊
အကျယ် ၉ ဒသမ ၅ မီတာရှိသော ချဉ်းကပ်တံတားများ အပြင် တန်ချိန် ၃၀၀ ရှိ
ရေယာဉ်များ ဆိုက်ကပ်ရန်အတွက် အလျား ၅၄ မီတာ၊ အကျယ် ၁၅ဒသမ၂မီတာရှိသော
ဆိပ်ခံတံတား တစ်ခုကိုလည်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကုလားတန်မြစ်ကြောင်း ကုန်သွယ်ရေးနှင့် စစ်တွေဆိပ်ကမ်း တို့ကို
အသုံးပြုပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် စစ်တွေ-
ကျောက်တော် ၉၅ ကီလိုမီတာနှင့် ကျောက်တော်- ပလက်ဝ ၆၃ ကီလိုမီတာတို့ကို
ရေကြောင်းလမ်းဖြင့် အသုံးပြုမည်ဖြစ်ပြီး ပလက်ဝ-စက်ပစ်ပြင် ၆၀ကီလိုမီတာနှင့်
စက်ပစ်ပြင်မ အိန္ဒိယ နယ်စပ်အထိ ၆၂ ကီလိုမီတာ ကွာဝေးကာ နေရှင်နယ်
ဟိုက်ဝေးလမ်းမကြီး အထိ ၁၁၈ ကီလိုမီတာကွာဝေးမည် ဖြစ်ကြောင်းသိရသည်။
ယင်းအတွက် ပလက်ဝမှ အိန္ဒိယအထိ အပိုင်းကို အဝေးပြေးကားလမ်း ဖောက်လုပ်မည်ဖြစ်
ကြောင်း၊ ထိုအဝေးပြေးလမ်း ဖောက်လုပ်ခြင်းအတွက် ကန်ဒေါ်လာသန်း ၁၄၀ ခန့်
ကုန်ကျမည် ဖြစ်သော်လည်း စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး နှင့်
ကုလားတန်မြစ်ကြောင်းဘက်စုံ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ကန်ဒေါ်လာ ၇၄ သန်းသာ
ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော
လမ်းကြောင်းလေးခုရှိပြီး ယင်းတို့မှာ တမူး -ကလေး-ကလေးဝလမ်း၊
အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံဆက်သွယ်ရေး လမ်း၊ တီးတိန်-ရိဒ်-ဖလမ်း
လမ်းတို့ အပြင် ကုလားတန်မြစ်ကြောင်း ဘက်စုံ
သယ်ယူပို့ဆောင်ရေးလမ်းတို့ဖြစ်ကြောင်း သိရသည်။ သုံးနိုင်ငံ
ပူးပေါင်းဆောင်ရွက်မည့် လမ်းမကြီးသည် အိန္ဒိယ နယ်စပ်တမူးမြို့မှ စတင်ပြီး
ကလေးဝ -မြို့မ- ချောင်းမ-ယင်းမာပင်- လင်း ကတော- လက်ဆည်ကန်-
ပခုက္ကူ-လက်ပံချေပေါ် -ပုဂံ- ကျောက်ပန်း တောင်း- ပျော်ဘွယ်-အုတ်တွင်း-
ထန်းတပင်-ကျောက်ကြီး- ရွှေကျင်- ဒုဇရစ်- သိမ်ဇရပ်- သထုံ-ဘားအံ-
ကော့ကရိတ်တို့မှ ထိုင်းနိုင်ငံ နယ်စပ်မြ၀တီ အထိ ဖောက်လုပ်ရန် လျာထားပြီး
ကီလိုမီတာ ၁၃၆၀ ရှည် နိုင်ကြောင်း သိရသည်။ |
No comments:
Post a Comment
wwwwnyinyi@gmail.com