လက်ရှိအချိန်သည် တိုင်းပြည်တွင်စနစ်တခုပြောင်းလည်းရေးနှင့်စီးပွားရေးလုပ်ငန်းများ၊တည်ဆောက်ရေးလုပ်ငန်းများ
နှစ်ရှည်၊နှစ်တို စီမံကိန်းလုပ်ငန်းများစွာ ကို အကောင်အထည်ဖေါ်ရွက်ကြမည့်အချိန်ကာလဖြစ်သည်။
ထိုကာလတွင် တိုင်းပြည်ပိုင်ဘဏ္ဍာငွေကျေးမြောက်များစွာသုံးစွဲမှု့၊ ချေးငှားလုပ်ကိုင်ဆောင်ရွက်မှု့များ၊
တိုင်းပြည်ပိုင်သယံဇာတအရင်းအမြစ်များ ရောင်းချ လုပ်ကိုင်မှု့လုပ်ငန်းများစွာပါဝင်သလို တနိုင်ငံနှင့်တနိုင်ငံ စာချုပ်ချုပ်ဆိုလုပ်ကိုင်ရသော စီမံကိန်းများစွာလည်းပါဝင်ပေသည်။
ထိုသို့တိုင်းပြည်အတွက်အရေးပါသော လုပ်ငန်းကြီးများလုပ်ကိုင်ဆောင်ရွက်ရာတွင် စီမံဆောင်ရွက်သော

ရှိပေသည်။မဆလ ဦးနေဝင်းလက်ထက်မှ တိုင်းပြည်တွင် စစ်အာဏာရှင်များပြောင်းလည်းအုပ်ချုပ်ခဲ့သည့်မင်းအဆက်ဆက်လက်ထက်၊ယနေ့တိုင်
တိုင်းပြည်အတွက်ဟုနံမည်ကင်ပွန်းတပ်လုပ်ဆောင်ခဲ့သည် စီမံကိန်းများမှာ အောင်မြင်သော စီးပွားရေးဦးဆောင်မှု့များ ပြည်သူလူထုအတွက်ဘာမှ အရာမထင်ခဲ့သော်လည်း ယင်းစီမံကိန်းအများစုကိုလုပ်ကိုင်ဆောင်ရွက်သောဝန်ကြီးဌာန အကြီးအကဲမိသားစုအသိုင်းအဝန်းမှာ ကြီးကျယ်စွာ ငွေကြေးချမ်းသာကုန်ကြ၏(ပြည်သူ့အော်သံ)မေငယ်(ပြည်မြန်မာသတင်းဂျာနယ်)
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် အတွင်း ထားဝယ် ရေနက် ဆိပ်ကမ်း ကို
အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ တန်ချိန် ၃၀၀၀၀၀ တင်ဆောင်နိုင် သည့် သင်္ဘောများ ဆိုက်ကပ်နိုင် မည် ဖြစ်ကြောင်း ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး တာဝန်ရှိသူ တစ်ဦးက ပြည်မြန်မာ သတင်း ဂျာနယ် ကို ပြောကြား သည်။
သင်္ဘောဆိုက်ကပ်မည့် ဆိပ်ခံဘော တံတားများအလိုက် ရေစူးကိုးမီတာ (၂၇ ပေ) ထိ ရှိမည်ဖြစ်ကြောင်း ပထမအဆင့်တွင် တန်ချိန် နှစ်သိန်းခန့်ရှိ သင်္ဘောများ ဝင်ထွက် သွားလာနိုင်မည် ဖြစ်ရာ တန်ချိန် သုံးသိန်းထိ သယ်ဆောင်လာသော သင်္ဘောများ ဆိုက် ကပ်နိုင်အောင် ထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ ယခုအခါ စူးစမ်းလေ့လာ တိုင်းတာမှုများကို ပြုလုပ်နေပြီဖြစ်ပြီး၊ လာမည့် ဧပြီလတွင် ဆိပ်ကမ်းတည်ဆောက်မှု ပထမ အဆင့်အလိုက် အသေးစိတ် တွက်ချက်မှုများ ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။
“ဒီဆိပ်ကမ်းကို တိုင်းတာမှုတွေ လုပ်နေပြီ၊ မြေအောက်မှာ ဘာတွေရှိနေတယ်ဆိုတာ တိုင်းတာနေတုန်းပဲ” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယခုအခါ ထားဝယ် ရေနက်ဆိပ်ကမ်းတွင် ပြည်တွင်းမှ လုပ်သား ၇၆၀ ကျော်၊ ပြည်ပမှ ၅၂၀ ကျော် လုပ်ကိုင်လျက်ရှိကြောင်း ပြည်ပ ကုမ္ပဏီအပြင် ပြည်တွင်းမှ ကုမ္ပဏီများ ဖြစ်သော LED၊ Original Group ၊ ရွှေဆုပန်၊ ကနောင်အေးရှား၊ Max Myanmar ၊ Sun-touch ၊ ထားဝယ် Princess တို့က ဆောင်ရွက်နေကြောင်း သိရသည်။ ထားဝယ် ရေနက်ဆိပ်ကမ်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်လာခြင်း ဖြစ်ပြီး၊ ယင်းအနက် အခြေခံ အဆောက်အအုံနှင့် အထောက်အကူပြု လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလျံ၊ စက်မှုဇုန် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅၀ ဘီလျံဖြစ်ကြောင်း၊ ဆိပ်ကမ်းမှ တစ်နှစ်လျှင် ကုန်တန်ချိန် သန်း ၂၀၀၊ ဆိပ်ကမ်း အခွန်ရရှိမှု တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၅၀၀ စသည်တို့ ဖြစ်ကြောင်း ရေနက်ဆိပ်ကမ်း တည်ဆောက်မှု မှတ်တမ်းများအရ သိရသည်။
ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်များအနက် အရှေ့တောင် အာရှဒေသ၏ ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် အချက်အချာကျသော နေရာဒေသ ဖြစ်ပေါ်လာစေရန် ဟူသော ရည်ရွယ်ချက်လည်း ပါဝင်ကြောင်း သိရသည်။ အဆိုပါ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း ဧရိယာသည် ၂၀၄ ဒသမ ၅၀၈ စတုရန်း ကီလိုမီတာ (၇၉ စတုရန်းမိုင်ခန့်) ရှိပြီး ရေနက်ဆိပ်ကမ်း လျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ စက်မှုဇုန် နယ်မြေများအပြင် ထိုင်းနိုင်ငံနှင့် ဆက်သွယ်မည့် ကားလမ်းမကြီး တစ်ခုတို့ကို ရင်းနှီးတည်ထောင်သည့် Developer မှာ ထိုင်းနိုင်ငံမှ ITD ကုမ္ပဏီဖြစ်ကြောင်း သိရသည်။ ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း နယ်နိမိတ်ကို ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၅ ရက်တွင် တိုင်းတာမှုများ ပြုလုပ်ကာ မြန်မာနိုင်ငံ အစိုးရအဖွဲ့၏ မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေအရ တည်ထောင်ခွင့်ပြုထားသော ဇုန်ဖြစ်သည်။
မဂ်လာပါ ။
ReplyDeleteဒုတိယ ကမ္ဘာစစ်ပြီးလက်ကျန် ထိုင်းနှိင် ကွန်မျုနစ်အာဏာသိမ်းစဉ်ကဗိုလ်
မူးချုပ်ပါရှိတဲ့ ဗိုလ်ချုပ်ကြီး ဖီဘွန်ဆွန်ဂရန်ရဲ့လက်ကျန် ထိုင်းနှိင်ငံ စမုတ်
စန်ခွန် မဟာချိုန် နယ်မြေကိုဖြတ်ပြီး ထားဝယ်ရေနက်ဆိုက်ကန်းတည်ဆောက်
ရန်ကြိုးစားခဲ့သော အကောင်အထည်ဖော်ရာ ။
ပြည့်စုံစွာမပြီးမြောက်ခဲ့သောလုပ်ငန်းတွေဟာ အများကြီးကျန်ရှိနေပါသေးတယ်
တပ်မတော်ကို ခေတ်မှီအောင်တည်ဆောက်ရာမှ ။