 |
နာယကကြီး ဦးတင်ဦး ဟောပြောပွဲကိုလာရောက်တဲ့ ဒေသခံတဦး |
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦး ၊ သဘာပတိအဖွဲ့ဝင် ဦးလှဖေ ၊ ဝါးခယ်မမြို့နယ်ဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ဒေါ်မြင့်မြင့်စန်း နဲ့ အဖွဲ့ဟာ ၊ ဒေါ်အောင်ဆန်းစုကြည် မသွားရောက်နိုင်သော
ဧရာဝတီတိုင်း မြို့နယ်များသို့ စည်းရုံးရေး ခရီးစဉ် ထွက်ခဲ့ပါတယ် ။
၂၃-၂-၁၂ နေ့ နံနက် ၆ နာရီမှာ ရန်ကုန်မှ စတင်ထွက်ခွာပြီး ဧရာဝတီတိုင်း
ရွှေလောင်းမြို့သို့ နံနက် ၁၀း၀၀နာရီမှာ ရောက်ရှိပါတယ် ၊ ရွှေလောင်းမြို့
ရွှေလောင်းမြစ်ဘေး သဲသောင်ပြင်မှာ ၁ နာရီခန့် ဟောပြောခဲ့ပါတယ် ၊
ပရိတ်သတ် ၆၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။
ရွှေလောင်းမှ နံနက် ၁၁း၃၀
နာရီမှာ ဆက်လက်ထွက်ခွာခဲ့ပြီး ဝါးခယ်မြို့သို့ ၁၂း၃၀အချိန်မှာ
ရောက်ရှိပါတယ် ။ ဝါးခယ်မမြို့ ဝါးခယ်မ တံတား အဆင်း ဆောက်လုပ်ဆဲ GSM
တာဝါတိုင်ဘေး သဲကွင်း
နေပူကျဲကျဲ တွင် ၁း ၁၅
နာရီခန့်ဟောပြော စည်းရုံးခဲ့ပြီး ၊ ပရိတ်သတ် ၂၀၀၀ နီးပါး တက်ရောက်ခဲ့ပါတယ် ။
ညနေ ၃း၀၀ နာရီမှာ ၀ါးခယ်မမှဆက်လက်ထွက်ခွာခဲ့ရ
ာ
ကျွန်းကုန်းမြို့သို့ညနေ ၄း၀၀ နာရီမှာ ရောက်ရှိပြီး ကျွန်းကုန်းမြို့၊
မြို့လယ် ရပ်ကွက်မှာ အဖွဲ့ချုပ် ဆိုင်းဘုတ်တင် ရုံးခန်းဖွင့်လှစ် ပေးပြီး
၁ နာရီခန့် စည်းရုံး ဟောပြောကာ ညနေ ၅း၀၀ နာရီမှာ ထွက်ခွာ ခဲ့ပါတယ် ။
ညနေ ၆း၁၅ မှာ အိမ်မဲမြို့သို့ ရောက်ရှိကာ ၊ အိမ်မဲ - ဒါးက လမ်းမပေါ်ရှိ
မဏ္ဍပ်မှာ လူထု ပရိသတ် ၂၀၀ ခန့်အား စည်းရုံးဟောပြောပြီး ဆက်လက်ထွက်ခွာ
ခဲ့ရာ ရေကြည်မြို့သို့ ည ၈း၀၀ နာရီမှာ ရောက်ရှိပြီး ညအိပ် ရပ်နားပါတယ် ။
သတင်း-ဓါတ်ပုံ ။ ။ ဘားမားဗီဂျေ
No comments:
Post a Comment
wwwwnyinyi@gmail.com