Mar 24, 2012 10:41pm
၂၄ မတ်လ ၂၀၁၂။ ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့ စည်းရုံးရေး ခရီးစဉ် သတင်းမြင်းကွင်း။ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် စက်လှေဘေးကနေ လှေတစ်စီးနဲ့ တောက်လျှောက် လိုက်ပါသတင်းယူခဲ့ပြီး ကွန်နက်ရှင် အခက်အခဲကြားက တညလုံး သတင်းအရုပ်တွေ ရောက်အောင် ပေးပို့ခဲ့တဲ့ ဒီဗွီဘီ သတင်းထောက် ခွန်ခေါင်ရဲ့ ခရီးစဉ်သတင်းပေးပို့ချက်ကို မူရင်းစာသားအတိုင်း ပူးတွဲတင်ပြလိုက်ပါတယ်။
၂၄ရက် မနက်က အန်တီစုက ၉း၃၀ နာရီမှာ မြိတ်မြို့
လေဆိပ်ကိုရောက်ပါတယ်...ရောက်ရောက်ချင်း ဆိပ်ကမ်းဆင်းပြီး မြိတ်မြို့ကနေ
စက်လှေနဲ့ ၂နာရီခွဲ သွားရတဲ့ ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာကို
သွားပြီး စည်းရုံးရေးမိန့်ခွန်းပြောပါတယ်...အဲ့ဒီကနေ
သုံးနာရီကျော်ထပ်မောင်းရမယ့် ကံမှော်ကျေးရွာကို အန်တီစု ကသွားချင်ပေမယ့်လုံခြုံရေးအရရော၊ ရေတက်ရေကျ အရပါ အခြေအနေမပေးတာကြောင့် စခန်းသစ်ကနေ
မြိတ်မြို့ကို ပြန်လှည့်လာပါတယ်...အန်တီအတွက် ခရီးစဉ်ဟာ ခက်ခဲတယ်ဆိုတာအရုပ်ကို မြင်ရုံနဲ့ သိမှာပါ... ညနေ ၅နာရီခွဲမှာ ပန်းစင် ဆိုတဲ့ပင်လယ်တွင်းရွာ အနီးမှာ စက်လှေက သောင်တင်ပါတယ်... စုစုပေါင်း
သောင်တင်ချိန် ၃နာရီကြာမြင့်ခဲ့ပြီး ည၈နာရီခွဲ ခန့်ကျမှ
သောင်ကနေရုန်းလို့ရပြီး မြိတ်မြို့ကို ၉နာရီ ၂၀ မိနစ်ခန့် မှာ
ပြန်လည်ရောက်ရှိပါတယ်... ဒီနေ့မနက် ရှစ်နာရီမှာ ကျွန်းစုမြို့ကို
စက်လှေနဲ့ထွက်ခွာမှာ ဖြစ်ပြီး ညနေ သုံးနာရီ အဲမန်းဒလေး လေယာဉ်နဲ့
ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာမှာပါ ခင်ဗျာ
ဒီဗွီဘီ
No comments:
Post a Comment
wwwwnyinyi@gmail.com