

မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၂ နှစ်က ၂၀၁၀ ရွေးကောက်ပွဲဟုကျင်းပခဲ့ပါတယ်။
၎င်းရွေးကောက်ပွဲကျင်းပစဉ်က မြန်မာနိုင်ငံလူမှု့အင်းအား၏စာရင်းဇယားများ တိကျစွာကောက်ခံဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းနှင့် ၂၀၁၀ရွေးကောက်ပွဲအား
တိကျသော လူနေမှု့စာရင်းဇယားများနှင့်မှန်ကန်စွာကျင်းပခဲ့ခြင်းမဟုတ်။အစဉ်ပြေလက်သင့်သလို မိမိတို့လိုရာလုပ်ကိုင်ခဲ့မှန်းသိသာလှသည်။ တိုင်းပြည်တခု၏အခြေခံလူအင်အားစာရင်းဇယားများ ကို ၂၀၁၀ကေ၇ွးကောက်ပွဲအတွက်တကြိမ်၊ ယခုအတွက်တကြိမ် ထိုနှစ်ကြိမ် သည် ၂ နှစ်အတွင်း လူများ၏
သေစာရင်းမွေးစားရင်း တိကျစွာ လုပ်ဆောင်နိုင်ခြင်းမရှိခြင်းလော၊
သက်ဆိုင်ရာ တိုင်း၊ပြည်နယ်၊ ရပ်ကွပ်များအလိုက်တိကျသော စာရင်းဇယားပြုစုလုပ်ဆောင်ခြင်းများမရှိသည်လော၊ ဤမျှလောက်တင်းကျပ်သောဥပဒေများကြားတွင်သန်းကောင်စာရင်းမတိုင်လျှင်ဒေသတွင်း၊မြို့နယ်တွင်းပင် သွားရောက်တည်းခိုခွင့်မရှိအောင်တားမြစ်ခြင်းများပြုလုပ်ခဲ့သည်။
သက်ဆိုင်ရာ တိုင်း၊ပြည်နယ်၊ ရပ်ကွပ်များအလိုက်တိကျသော စာရင်းဇယားပြုစုလုပ်ဆောင်ခြင်းများမရှိသည်လော၊ ဤမျှလောက်တင်းကျပ်သောဥပဒေများကြားတွင်သန်းကောင်စာရင်းမတိုင်လျှင်ဒေသတွင်း၊မြို့နယ်တွင်းပင် သွားရောက်တည်းခိုခွင့်မရှိအောင်တားမြစ်ခြင်းများပြုလုပ်ခဲ့သည်။
တင်းကျပ်စီမံချက်များနှင့် စာရင်းဇယားများကိုချုပ်ကိုင်ခဲ့သည်။
ယခု ကြားဖြတ်ရွေးကောက်ပွဲ တွင်NLD ပါဝင်လာသည်လဲ ဆိုရော တိုင်းဒေသ ၊ပြည်နယ်၊မြို့နယ်များတွင်
စာရင်းဇယားများဗရမ်းဗတာ နှင့်မမှန်မကန်မှု့များစွာတွေ့လာရသည်။ အိမ်ထောင်စုစာရင်းဇယားများလူဦးရေထပ်နေခြင်းများ၊
နာမည်တူအဖတူမှတ်ပုံတင်နံပတ်တူများ ထပ်နေရခြင်းဖြစ်သည်။ တိကျသေချာသော စာရင်းဇယားများလုပ်ကိုင်ဆောင်ရွက်ခြင်းနှင့် မရိုးသားခြင်းမှာထင်ရှားလှသည်။ထို့ကြောင့်အောက်ပါပြဿနာများနေ့စဉ်
ကြားသိနေရသည်။
မဲစာရင်းကွဲလွဲမှု ရပ်/ကျေး ကော်မရှင်များကြောင့်ဟုဆို ၊
ပခုက္ကူမြို့ပေါ်ရှိ စက်ရုံအလုပ်သမား နှစ်ထောင်ကျော် စက်ရုံအတွင်း မဲပေးနိုင်ရန် အစုလိုက်အပြုံလိုက်သန်းခေါင်စာရင်းပြောင်းရွှေ့ ၊
ရွေးကောက်ပွဲဝင် ပါတီများ မဲစာရင်းပြဿနာနှင့် ရင်ဆိုင်နေရ၊
တိုင်းပြည်တွင် တရားဥပဒေစိုးမိုးအောင်လက်ရှိအစိုးရမလုပ်ကိုင်နိုင်တာသေချာသည်။
ထိုမှမဟုတ် လျှင်လုပ်ကိုင်နိုင်ပါလျှက် တရားဥပဒေကို မိမိတို့လိုသလို ချယ်လှယ်ဆောင်ရွက်နေသည်မှာရှင်းပါသည်။ ထို့ကြောင့်လက်ရှိကြားဖြတ်ရွေးကောက်ပွဲ နှင့်ပတ်သက်သောေ၇ွးကောက်ပွဲကော်မရှင်မှ တာဝန်ယူနိုင်ခြင်းမရှိသလို ၊ လက်ရှိအစိုးရအနေဖြင့်လည်း ရွေးကောက်ပွဲကို သန်းရှင်းငြိမ်းချမ်း ကျုင်းပနိုင်ရေးအတွက် ပံ့ပိုးလုပ်ဆောင်ပေးခြင်းမရှိသည်မှာ ထင်ရှားပေသည်။
ထိုသို့ဘာကြောင့်မလုပ်ပေးရသနည်းဟု အဖြေထုတ်လျှင် လက်ရှိနေရာယူဆောင်ရွက်နေသူများ
သမ္မတမှ စလို့ ဝန်ကြီးဌာနအသီးသီးမှ စစ်မှု့ထမ်းအရာရှိများသည် မိမိတို့တိုင်းပြည်ကောင်းစားရေးထက်
မိမိတို့ ရရှိထားသောနေရာများ ပျောက်သွားမှာစိုးရိမ်နေသောကြောင့်ဆိုသော အဖြေမှာမြင်သာပေသည်။
NLD ကိုပါဝင်လာစေခြင်းများနှင့်တွေ့ဆုံရေးများမှာ လည်း ၄င်းတို့၏မျှော်လင့်ချက်များကြောင့်သာဖြစ်သည်။ တိုင်းပြည်အတွက်မျှော်လင့်ချက်ရိုးသားစွာ ဖြင့် NLD အပေါ် ဒေါ်အောင်ဆန်းစုကြည်အပေါ်ဆက်ဆံခြင်းမျိုးမဟုတ်သည်မှာထင်ရှားသည်။ထို့ကြောင့်သာ
NLD ၏စီးရုံးရေးခရီးစဉ်များတွင် နှောက်ယှက်၇န်ပြုမှု့များ လုပ်ဆောင်နေခြင်းဖြစ်သည်။
၎င်းတို့ဝန်ကြီးများသွားရောက်သည့်ခရီးစဉ်များတွင် ထိုသို့အန္တရယ်များ ရင်ဆိုင်ရမည်မဟုတ်။
တဖက်သတ်ဆန်လွန်းလှသော အစိုးရ၏ တာဝန်ယူမှု့များသည် ပြည်သူများ၏ဘဝကို အမှန်တကယ်
ငြိမ်းချမ်းစွာလုပ်ဆောင်ပေးနိုင်မည်မဟုတ်သည်ကို သတိပြုမိစေရန်ရေးသားလိုက်ပါတယ်။
- ပြည်သူ့အော်သံ -
No comments:
Post a Comment
wwwwnyinyi@gmail.com