Tuesday, May 8, 2012

ကချင်ဒေသအရေးအတွက် လက်ဘက်ရည်ဆိုင်များတွင် သီဆိုဖျော်ဖြေ (ဓာတ်ပုံသတင်း)


ကချင်ဒေသအရေးအတွက် လက်ဘက်ရည်ဆိုင်များတွင် သီဆိုဖျော်ဖြေ
ဓာတ်ပုံသတင်း
ဧပြီ ၇၊ ၂၀၁၂

ဓာတ်ပုံများ-Thiri Su ဖေ့စ်ဘုတ်
အချက်အလက် -Lay Pyay Aung ဖေ့စ်ဘုတ်
6.5.212 ( တန၈င်္နွေ ) မနက် 8 နာရီအချိန်လောက်ကနေ စပြီးတော့ ဦးရဲလွင် ဦးဆောင်တဲ့ " လွတ်ငြိမ်းချမ်းပန်းရဲ့လမ်း " အဖွဲ့သားတွေဟာ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအမြန်ဆုံး ရပ်တန့်ရေး ၊ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ရေး အတွက် ရည်ရွယ်ပြီး ရန်ကုန်မြို့တွင်းရှိ လူစည်ကားရာ လက်ဘက်ရည်ဆိုင်တွေမှာ သီဆိုဖျော်ဖြေပြီး ရံပုံငွေရှာဖွေပေးရာ စုစုပေါင်း ကျပ် 784,300 - တိတိ ရရှိခဲ့ပါတယ် ။

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်မယ့် ယခုအစီအစဉ်မှာ အဆိုတော်တွေ ထပ်မံပူးပေါင်း ပါဝင်လာဦးမှာဖြစ်ပါတယ် ။

ယနေ့ ရံပုံငွေရှာခဲတဲ့ဆိုင်တွေကတော့ တိ၇စ္ဆာန်ရုံအနီးက Morning Star ၊ အလုံက I T cafe နဲ့ ကီလီလမ်းထိပ်က စံပြဒေါ်ကြည် မုန့်ဟင်းခါးဆိုင် တို့ဖြစ်ပါတယ် ။

နောက်အပတ်တွေမှာလဲ 3 ဆိုင်နှုန်းနဲ့ ရံပုံငွေဆက်ရှာပေးသွားမှာဖြစ်ပါတယ် ။ အလှူငွေများကို ကချင်ပြည်နယ်သို့ ချက်ခြင်းပို့ဆောင်လှူဒါန်းမှာဖြစ်ပါတယ် ။

No comments:

Post a Comment

wwwwnyinyi@gmail.com