မြန်မာနိုင်ငံဘက်မှ ပြန်လည်အကြောင်းပြန်မှု မရှိခြင်းမရှိတော့သည့်အတွက်
မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ သုံးနိုင်ငံ ချိတ်ဆက် ဆောင်ရွက် လျက်ရှိသော
Trination ပိုက်လိုင်းစီမံကိန်းကို ရပ်ဆိုင်းလိုက်ရကြောင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တာဝန်ရှိသူတစ်ဦးက တရားဝင်ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံမှ အကြောင်းပြန်ခြင်း မရှိသည့် ကိစ္စရပ်များကြောင့်
မြန်မာနိုင်ငံအပါအဝင် သုံးနိုင်ငံ ချိတ်ဆက်၍ သွယ်တန်းဆောင်ရွက်မည့်
ဂက်စ်ပိုက်လိုင်းမှတစ်ဆင့် အာရှအရှေ့အလယ်ပိုင်းဒေသများအထိ
ပိုက်လိုင်းထပ်မံချဲ့ထွင်မည့် စီမံကိန်းများကိုလည်း
ရပ်ဆိုင်းပစ်ခဲ့ရကြောင်း သိရသည်။
“မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ဂက်စ်တွေတင်ပို့မယ်ဆိုတဲ့
ကိစ္စရပ်တစ်ခုလည်း အပါအဝင်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဘက်ကထွက်တဲ့ ရေနံနဲ့
သဘာဝဓာတ်ငွေ့တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းကနေတစ်ဆင့်
အိန္ဒိယနိုင်ငံက ကိုးလ်ကတ္တားကို ပို့ဆောင်ဖို့ လွန်ခဲ့တဲ့နှစ်က မြန်မာအစိုးရ
ဘက်ကို အဆိုပြုထားတာ အခုအောင်မြင်မှုမရှိတော့ပါဘူး”ပာု
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား အငြင်းပွားလျက်ရှိသည့်
ရေပိုင်နက်ပြဿနာကို ၂၀၁၂ မတ်လ ၂၄ ရက်နေ့တွင် နိုင်ငံတကာခုံရုံးမှ ဆုံးဖြတ်
ချက်ချမှတ်ခဲ့ရာတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်ရှိရာ နေရာများတွင်
မြန်မာနိုင်ငံ ရေပြင်ပိုင်နက်အတွင်း၌
သာ ရှိသည့်အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ရေနံနှင့် စွမ်းအင်ရရှိရေးမှာ
မြန်မာနိုင်ငံအပေါ်တွင်သာ ဆက်လက်မှီခိုနေရဦးမည့် အလားအလာရှိကြောင်း သိရသည်။
“ကျွန်တော်တို့ တရုတ်နဲ့သဘောတူထားတဲ့အတိုင်း ၂၀၁၃ ဆိုရင်
စပြီးရောင်းတော့မယ်။ ကျောက်ဖြူနဲ့ ရခိုင်ဒေသကထွက်တဲ့ ဓာတ်ငွေ့တွေ ကိုလည်း
တရုတ်ကိုပဲရောင်းရတော့မယ်။ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကို
မသွားနိုင်တော့ပါဘူး”ဟု စွမ်းအင်ဝန်ကြီးဌာန နေပြည်တော်ရုံးချုပ်မှ
တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်း အပတ်စဉ်ထုတ် ပြည်မြန်မာဂျာနယ်တွင်
ဖော်ပြပါရှိသည်။
သတင်း ....ပြည်မြန်မာ
No comments:
Post a Comment
wwwwnyinyi@gmail.com