Tuesday, May 8, 2012

NLD ပါတီဝင်လျှောက်ထားသူတွေနဲ့ ပါတ်သတ်၍ ရှင်းလင်းချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါတီဝင်အဖြစ် လျှောက်ထားတဲ့သူတွေဟာ တခြားပါတီဝင်တွေ ဖြစ်နေရင်လည်း ကန့်သတ်ချက်မရှိ လက်ခံမှာဖြစ်ပေမယ့် နိုင်ငံရေးပြစ်ချက် ကြီးကြီးမားမား ရှိနေသူတွေကိုတော့ လက်ခံမှာ မဟုတ်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။ နိုင်ငံရေးပြစ်ချက်ဆိုတာဟာ အရင်က အင်န်အယ်လ်ဒီပါတီဝင်ဖြစ်ခဲ့ပြီး အများသဘောဆန္ဒကို ဖေါက်ဖျက်ခဲ့တာကို ဆိုလိုတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။  လောလောဆယ် NLD ပါတီဝင်ဖို့လျောက်ထားသူတွေထဲမှာ ၂၀၁၀ ကာလ တုန်းက ပါတီရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာပဲ ပါတီသစ်ထောင်ပြီးရွေးကောက်ပွဲဝင်ခဲ့တဲ့ ဒေါက်တာသန်းဝင်း၊ ဦးကြည်မြင့်တို့နဲ့ ပါတ်သက်ပြီး မှတ်ချက်တစုံတရာ မပေးနိုင်သေးကြောင်း၊ အဲဒီကိစ္စ အစည်းအဝေးထိုင်ပြီးမှ ပြောနိုင်မှာဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ရှင်းပြခဲ့ပါတယ်။
ဒီဗွီဘီ

No comments:

Post a Comment

wwwwnyinyi@gmail.com