နှစ်ငါးဆယ်ပြည့် 7 July အခမ်းအနားကို တားဆီးပိတ်ပင် ဖမ်းဆီးမှုများကြားမှပင် ယနေ့ ( ၂၀၁၂ ခုနှစ် ဇူလိုင်လ ၇ ရက် ) နံနက် ၉း၀၀ နာရီ၌ ရန်ကုန်မြို့ သင်္ယန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများရုံးတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အခမ်းအနားမှူးများ အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေး ကော်မတီမှ အတွင်းရေးမှူးများဖြစ်ကြသော ကိုအောင်ကျော်နှင့် မဟန်နီဦး တို့က ဆောင်ရွက်ခဲ့ကြပြီး ဟံသာဝတီ ဦးဝင်းတင်၊ ဦးလှရွှေ ၊ မင်းကိုနိုင်၊ ကိုကိုကြီးနှင့် ကျော်ကိုကို တို့က အသီးသီး အမှတ်တရ စကားများ ပြောကြားခဲ့ကြသည်။
အခမ်းအနား မကျင်းပမီ အချိန်များတွင် နှစ် (၅၀)ပြည့် 7 July အခမ်းအနားသို့ တက်ရောက်လာကြသူများက မတရားဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားများဖြစ်ကြသော ဒီငြိမ်းလင်း၊ စည်သူမောင်၊ ရဲမြတ်ဟိန်း နှင့် မဖြိုးဖြိုးအောင်တို့အတွက် ချီးကျူးဂုဏ်ပြုသည့် အမှတ်တရ လက်မှတ်များကိုလည်း ရေးထိုး ဂုဏ်ပြုခဲ့ကြသည်။
No comments:
Post a Comment
wwwwnyinyi@gmail.com