

ကျောင်းသားသမဂ္ဂ ဖြိုခွဲခံခဲ့ရသော 7
July နှစ် (၅၀)ပြည့်အခမ်းအနားတွင် ဦးဆောင်ကျင်းပမည့်
ဗကသခေါင်းဆောင်အချို့ကို ပြင်ပ၌ မရှိစေချင်သောကြောင့်
ခေါ်ယူထိန်းသိမ်းထားခြင်းဖြစ်ပြီး ၎င်းတို့ကို ကောင်းမွန်စွာ ဆက်ဆံကြောင်း
နာရီ ၂၀ ခန့် ထိန်းသိမ်းခံရပြီး ပြန်လွတ်လာသူများက ပြောသည်။
ဖမ်းဆီးခံရသူ
ဗကသကျောင်းသားတစ်ဦးဖြစ်သူ ကိုဒီငြိမ်းလင်းက "7 July နဲ့ပတ်သက်ပြီး
အဓိကမေးပါတယ်။ ဒါကို စိုးရိမ်တဲ့အနေနဲ့ လမ်းပေါ်ထွက်ပြီးတော့ ကျောင်းသား
အရေးအခင်းတွေဖြစ်မှာ ဆိုးလို့ပါ။ ကျွန်တော်တို့နောက်မှာ ကျောင်းသား
အင်အားစုရှိတယ်ဆိုပြီး စိုးရိမ်တဲ့အတွက်ပါ" ဟု ရှင်းပြသည်။ သို့သော်
ယခုဖမ်းဆီးရာတွင် ယခင်ဖမ်းဆီးသည့်ပုံစံနှင့်မတူဘဲ အာမခံချက်ရှိပြီး
ဖမ်းဆီးစဉ်ကပင် ၂၄ နာရီအတွင်း ပြန်လွှတ်ပေးမည်ဟု ပြောဆိုခဲ့ပြီး
ကောင်းမွန်စွာနေရကြောင်း လွတ်မြောက်လာသူများက ပြောသည်။
ကျောင်းသားသမဂ္ဂအဖွဲ့အစည်းများ
တရားဝင်ဖွဲ့စည်းခွင့်မရသေးခင်မှာ အခမ်းအနားများအား ခွင့်ပြုချက်နှင့်သာ
ကျင်းပရမည်ဖြစ်ပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၂ အရ
ထိန်းသိမ်းခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းသတင်းတပ်ဖွဲ့ တာဝန်ခံရဲမှူးကြီး
ဦးစိုးသိမ်းက ပြောကြောင်း ပြန်လည်လွတ်မြောက်လာသူ ကိုစည်သူမောင်က
ပြောသည်။ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၂ မှာ သက်ဆိုင်ရာက ၂၄ နာရီအတွင်း
ခေါ်ယူမေးမြန်း စုံစမ်းနိုင်သည်ဟု ဆိုသည်။
7 Day News Journal
No comments:
Post a Comment
wwwwnyinyi@gmail.com