လစ်ဗျားလွတ်မြောက်ရေးနေ့ မကြာခင် ကြေညာမည်
By ဗွီအိုအေ (မြန်မာဌာန)
စနေ, 22 အောက်တိုဘာ 2011
လစ်ဗျားနိုင်ငံကို အပြည့်အဝ လွတ်လပ်တဲ့နိုင်ငံအဖြစ် မနက်ဖြန် တနင်္ဂနွေနေ့မှာ ကြေညာဖို့ လစ်ဗျား ယာယီအစိုးရခေါင်းဆောင်တွေက စီစဉ်နေကြပါတယ်။ ဒီလိုကြေညာပြီးသွားရင် အစိုးရသစ် တည်ထောင်တဲ့ လုပ်ငန်းတွေကို ပြတ်ပြတ်သားသား လုပ်နိုင်တော့မှာဖြစ်ပါတယ်။
ကြေညာချက်ကို အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေအတွက် အချက်အခြာဖြစ်ခဲ့တဲ့ ဘန်ဂါဇီ (Benghazi) မြို့ကနေ ထုတ်ပြန်မယ်လို့ အသွင်ကူးပြောင်းရေးကောင်စီ NTC တာဝန်ရှိသူတွေက ဒီကနေ့ စနေနေ့မှာ ပြောပါတယ်။ နိုင်ငံရဲ့ အခြေခံဥပဒေကြမ်း ရေးဆွဲရေး အမျိုးသားကောင်စီ ကိုယ်စားလှယ်တွေကို ရွေးချယ်မယ့် ရွေးကောက်ပွဲကို ၈ လအတွင်း ကျင်းပသင့်တယ်လို့ ယာယီဝန်ကြီးချုပ် မာမွတ်ဂျစ်ဘရီလ် (Mahmoud Jibril) ကဒီကနေ့ ပြောကြားခဲ့ပါတယ်။
တချိန်တည်းမှာပဲ ခေါင်းဆောင်ဟောင်း မိုမာဂဒါဖီ (Moammar Gadhafi) ကို ဘယ်မှာမြှပ်နှံမလဲဆိုတာကို NTC က ရွေးချယ်နေပါတယ်။ လောလောဆယ် သူ့ရဲ့အလောင်းကို မစ်ရာတာ (Misrata) မြို့က အသားအရောင်းဆိုင် ဟောင်းတစ်ခုရဲ့ အအေးခန်းထဲမှာ ပြသထားပါတယ်။
ဂဒါဖီရဲ့အလောင်းကို ဗွီဒီယိုထဲမှာမြင်ရတဲ့အတိုင်းဆိုရင် သူ့ဘယ်ဘက်နားထင်မှာ သေနတ်ရာတစ်ခုနဲ့ရင်ဘတ်အလယ်မှာ သေနတ်ဒဏ်ရာတစ်ခုကို တွေ့ရပါတယ်။
ဆက်လက်နောက်သတင်းတပုဒ်အနေဖြင့်
လစ်ဗျား မှာ ရွေးကောက်ပွဲ ၈ လအတွင်းကျင်းပမယ်လို့ ပြော ပြီ
၈ လအတွင်းကျင်းပပေးမယ်လို့  ကတိပြုလိုက်ပါတယ်။
The chairman of Libya's National Transitional Council Mahmoud Jibril says elections will be held within eight months.
No comments:
Post a Comment
wwwwnyinyi@gmail.com