Sunday, October 23, 2011

မြန်မာပြည်တွင်ခလေးများကို ကာကွယ်စောင့်ရှောက်ပါ


ရပ်ကွက်အချို့တွင်ကလေးသူငယ်များ ပျောက်ဆုံးနေသည်ဟုသတင်းများထွက်ပေါ်ပြီးနောက် အခြေခံပညာကျောင်းအချို့တွင် ကျောင်းသားကျောင်းသူများကို မိသားစုဝင်များကိုယ်တိုင် ကြိုပို့ပေးရန် ညွှန်ကြားမှုများ ပြုလုပ်လာSunday, 23 October 2011 00:32
w74_02
ထိုဖြစ်ရပ်သည်အင်မတန်ဝမ်းနည်းစရာ၊ကြောက်စရာကောင်းလှသည်ဟုထင်မြင်သောကြောင့်ပတ်ဝန်းမှ










































အချိန်မှီတားဆီးပေးဖို့လိုအပ်ပါတယ်။
တိုးတက်ဖွံဖြိုးသောနှင့် တိုးတက်နေသောခေတ်စနစ်နည်းပညာများကိုပိုင်ဆိုင်နေသောတိုင်းပြည်ကြီးများတွင်




ခလေးငယ်များကိုဂရုတစိုက်ပြုစုပျိုးထောင်ကြပါတယ်။




























အနာဂတ်၏ခလေးငယ်များကိုကာကွယ်စောင့်ရှောက်ကြတယ်။



တွေးခေါ်မျှော်မြင်နိုင်ဘို့၊ ပညာရေးမြင့်မါးလာဘို့တွေ၊ အနာဂတ်တိုင်းပြည်တည်ဆောက်ရေးတွေမှာ ထည်ဝါလာဘို့ 




ခလေးများကိုပြုစုပျိုးထောင်ရပါတယ်။ လူဘဝအချိန်ဟာ တိုတောင်းတယ်လို့ယူဆလို့ရပါတယ်။
ဒီလိုဘာကြောင့်ပြောရသနည်း
မိမိအမြင်ကိုတင်ပြရလျှင် အရွယ်ဥာဏ်ရည်မြင့်မားမှု့အကောင်းဆုံးအချိန်နှင့်လူဘဝသက်တမ်းတခုတွင်လေ့လာစရာ
၊လုပ်ကိုင်စရာများ၊ဖန်တီး
ကြံဆမှု့များသည် တကယ်တမ်းလုပ်ဆောင်နေသူတဦးအတွက်အချိန်သည် အင်မတန်မြန်ဆန်လှသည်
ဟုဆိုလိုခြင်းပင်ဖြစ်ပါတယ်။
ဥပမာ။ပူပူနွေးနွေးလေးပြောရယင် apple ရဲ့ pSteveJobsApple Co-Founder Steve Jobs
DEAD AT 56
Steve Jobs is Dead at 56
Steve Jobs -- the mega-genius who co-founded Apple Inc. -- has died ... reps for the company
have confirmed.
စတီးဂျော့ဟာ သူရဲ့အောင်မြင်မှု့လုပ်ငန်းတွေမပြီးဆုံးခင်သူ့အသက် ၅၆နှစ်မှာ လောကကိုစွန့်ခွာသွားရပါတယ်။
မူလစကားပြန်ဆက်ရလျှင် ခလေးငယ်များငယ်ရွယ်စဉ် အတွေးနုနယ်နေစဉ် ပတ်ဝန်းကျင်အဖြစ်ဆိုးများကိုရင်ဆိုင်ရ၊ကြောက်စရာလို့ကြားနေရတဲ့သတင်းဆိုးတွေကြောင့်ခလေးများရဲ့စိတ်ဟာ
ငယ်စဉ်ကပင် ပတ်ဝန်းကျင်မှ ကြောက်စရာလွှမ်းမိုးမှု့များကိုရင်ဆိုင်နေရပါတယ်။အဖေါ်မပါရင်မသွားရဲမလာရဲ၊
လုပ်ကိုင်ရမည့်ကိစ္စများကိုမလုပ်ရဲမကိုင်ရဲ
တဲ့စိတ်များလွှမ်းမိုးလာမှာဖြစ်ပါတယ်။အာရှတိုက်ထဲနေဂျပန်နိုင်ငံရှိခလေးများ ဟာ စကားပြောတတ်စကပင်ပတ်ဝန်းကျုင်ကိုထိတွေ့နေရတဲ့အလေ့အကျင့်ကိုစရယူနေရပါတယ်။မိဘများအလုပ်အကိုင်များ
မအားလပ်မှု့ကြောင့် နေ့စဉ်နေ့တိုင်းခလေးထိမ်းကျောင်းများမှ ဆရာမများ၊ဘဝတူခလေးငယ်များစတင်တွေ့ဆုံပြီး၊
ကျောင်းတက်ရန်အရွယ် ၅နှစ်သားလောက်ကနေ အိမ်မှကျောင်းကို မိမိဘာသာရထားပဲစီးစီး၊ကားပဲစီးစီး သွားလာနေပြီဖြစ်ပါတယ်။ပတ်ဝန်းကျင်မှလည်းခလေးများပြောဆိုသောစကားသံကိုဂရုတစိုက်အသိအမှတ်ပြု
နားထောင်ပေးပါတယ်။
ခလေးများကိုလူရာသွင်းဦးစားပေးပါတယ်။
သူ့ နိုင်ငံသားများကရော၊နိုင်ငံ့ဥပဒေကပါကာကွယ်စောင့်ရှောက်မှု့တွေ့လုပ်ထားပါတယ်။ဒါဟာသူတို့တိုင်းပြည်
ရဲ့နောက်နှစ်နှစ်ဆယ်ကိုကြိုတင်ပြင်ဆင်လိုက်ခြင်းလို့ပြောလို့ရပါတယ်။
ဒီလို နှစ်နှစ်ဆယ်အတွင်းမှာမြန်မာပြည်မှ ကလေးများနှင့် ယှဉ်ကြည့်လိုက်ယင် ခလေးများအရွယ်ရောက်လို့တိုင်းပြည်
တာဝန်တွေကိုယူတဲ့အချိန်မှာတော့ နှိင်းယှဉ်လိုက်ယင်အများကြီးကွာခြားသွားပြီဖြစ်ပါတယ်။
ကျွန်တော်တို့မြန်မာပြည်ဟာ အများသိတဲ့အတိုင်း ၁၉၈၈ ကနေပြည်သူလူထုကဒါကိုလက်မခံနိုင်ပါဘူးလို့။ပြောင်းလည်းဘို့
နိုင်ငံတော်အုပ်ချုပ်သူများ စဉ်းစားစီစဉ်လာတဲ့ ရုတ်မက်(ရ)ချက်ဟာ ၁၉၈၈ကနေ၂၀၁၁ရောက်လာပါတယ်။
ဒီကြားထဲအချိန်တွေမှာ တိုင်းပြည်မှာ ပညာသင်ကြရတဲ့ မျိုးဆက်သစ်များဟာ ပညာသင်နှစ်တွေကမောက်ကမဖြစ်တာ
၊ကျောင်းတွေ
ပိတ်လိုက်ပြန်ပြီ။စတာတွေကို မျိုးဆက်တဆက်ကျော် အချိန်တွေကြာပြီးခုချိန်ထိလည်းတိတိကျကျမြန်မြန်ဆန်ဆန်
ပြောင်းလည်းနေတာ
မတွေ့ရသေးပါဘူး။ဟိုစမ်းစမ်းဒီစမ်းစမ်းနဲ့မျက်ကမ်းလမ်းလျှောက်တာကမှပိုမြန်မယ်ထင်ပါတယ်။
ဒီတော့မြန်မာပြည်ကို ကမ္ဘာ့မှာရင်ဘောင်တန်းလာနိုင်ဘို့ထက် အိမ်နီးချင်းတွေနဲ့ယှဉ်ဘို
့တောင်မလွယ်ကူသေးပါဘူး။
ဒါပေမဲ့ လက်ရှိစစ်တပ်အာဏာရများနဲ့ ပတ်သက်တဲ့အသိုင်းအဝိုင်းနဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့
လူတစုကတော့ ပြည်ပတိုင်းပြည်များနဲ့
ဟိုစာချုပ်ချုပ်လိုက်၊ဟိုပစ္စည်းတွင်သွင်းလိုက်၊ ကွန်ပျုတာပြခန်းဖွင့်လိုက်၊ကားပြခန်း၊
ဆိုနီအရောင်းပြခန်းဖွင့်လိုက်နဲ့ ပြီးရင် ကိုယ်ညွှန်ကြား
ရာလိုက်ရေးတဲ့မီဒီယာတွေကနေတိုင်းပြည်ကတိုးတက်လာသယောင်ယောင်တွေလုပ်ပြပါတယ်။
   မြန်မာပြည်က အနေအစားအေးတဲ့မိဘပြည်သူများကတော့ပါးစပ်အဟောင်းသားနဲ့ သြ...လို့တယုံကလွှဲ
ဘာမှ မတတ်နိုင်ကြပါဘူး။မြန်မာပြည်ရဲ့နိုင်ငံရေးစနစ်ကိုဥပက္ခာပြုထားလိုက်ပါတယ်။လုပ်ချင်တာသာလုပ်ကြတော့
ဆိုပြီးပြောမရတဲ့အဆုံးပြစ်ထားရတဲ့သဘောပါ။အခုတော့ပြောလို့ရသယောင်ယောင်လေးတွေ့နေရသလိုပါ။
ဒီလိုနဲ့မြန်မာပြည်ကြီးခြစားနေတာကြာနေပြီဖြစ်ပါတယ်။အမှန်တကယ်
မြန်မာပြည်ကြီးတိုးတက်ကောင်းမွန်လာစေရန်မှန်ကန်သောဒီမိုကရေစီလမ်းစဉ်ကျကျဆောင်ရွက်ဘို့၊
တိုင်းပြည်တွင်းအရိုးစွဲနေသောအကျင့်ပျက်လာဒ်ပေးယူမှု့များ၊အာဏာအခွင့်အရေးများကိုယ်ကျိုးသုံးစွဲမှု့များ၊
စတဲ့စိတ်ဓါတ်ဟောင်းများကို ပြုပြင်ပြောင်းလည်းနိုင်ရန်လိုအပ်သည်။အကျင့်စရိုက်ဟောင်းများမပြောင်းလည်း
သရွေ့တော့အန္ဒိယနိုင်ငံ၏ဒီမိုကရေစီကဲ့သို့ နောက်ကွယ်လာဒ်စားဆောင်ရွက်သောဒီမိုကရေစီ တိုင်းပြည်ကြီးဖြစ်လာ
မှာပါ။တည်ငြိမ်သောလူနေမှု့အဆင့်အတန်းနဲ့ နိုင်ငံကြီးသားတိုင်းပြည်အဆင့်ကိုလက်လှမ်းနိုင်မည်မဟုတ်ပါ။
စနစ်တခုပြောင်းလည်းခြင်းနှင့်အတူ လက်ရှိမကောင်းသောအကျင့် စိတ်ဓါတ်ပိုင်းဆိုင်ရာပါပြောင်းလည်းပြီး
တိုင်းပြည်အနာဂတ်ခလေးများရဲ့စိတ်ကို မနာကျင်စေရန်၊ကာကွယ်စောင့်ရှောက်ရန်၊ ခလေးများကို
မြှင့်တင်ပေးရန်နေရာပေးရန် တိုက်တွန်းလိုက်ရပါတယ်။post by(ပြည်သူ့အော်သံ)


 ခလေးများကြုံတွေ့နေရသော သတင်း(အလဲဗင်းမှ)
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းအချို့တွင် ပညာသင်ကြားလျက်ရှိသော
ကျောင်းသားကျောင်းသူများကို ဆရာ၊ ဆရာမအချို့မှ ကျောင်းဆင်းကျောင်းတက်ချိန်များတွင်
မိသားစုဝင်များကိုယ်တိုင် ကြိုပို့သည့်ကိစ္စများကို ဆောင်ရွက်ကြရန် ယခုလမှစတင်၍ ညွှန်ကြားမှုများ ပြုလုပ်လာကြောင်း ကျောင်းသားမိဘများနှင့် ကျောင်းအုပ်ကြီးများထံမှ သိရှိရသည်။
၂၀၁၁ ခုနှစ်အတွင်း၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အသက် ၁၀ နှစ်ဝန်းကျင်
ရှိကလေးသူငယ်များ အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးနေသည်ဟု သတင်းများ မကြာခဏ ထွက်ပေါ်နေလျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များထံမှ သိရှိရ သည်။
ကြည်မြင့်တိုင်မြို့နယ်ရှိ အခြေခံပညာကျောင်းတစ်ခုတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသားတစ်ခု၏ မိဘက
"ပြီးခဲ့တဲ့အပတ်တုန်းက ကလေးကိုကျောင်းသွားကြို့တဲ့အခါမှာ ဆရာမတစ်ယောက်က ကလေးတွေကို
မိသားစုဝင်တွေ ကိုယ်တိုင်လာကြို့ပေးပါ။ မျက်နှာစိမ်းတွေလာကြိုရင်တော့ မေးမြန်းမှုတွေပြုလုပ်သွားမယ်လို့
ပြောနေတဲ့အသံတော့ ကြားခဲ့ပါတယ်" ဟု ပြန်လည်ပြောကြားခဲ့သည်။
အ.ထ.က(၁) ဒဂုံ ကျောင်းအုပ်ကြီးဖြစ်သူ ဒေါက်တာအောင်ကိုကို က "ကျွန်တော်တို ကျောင်းမှာတော့
ကျောင်းသားကျောင်းသူတွေ လာကြို့တဲ့လူတိုင်းနဲ့ ကျောင်းဝန်းထဲဝင်ထွက်သွားလာတဲ့လူတိုင်းကို အမည်၊ မှတ်ပုံတင်၊
နေရပ်လိပ်စာ အပြည့်အစုံတောင်းပါတယ်။ အခုကာ လအတွင်းမှာ ကလေးတွေပျောက်နေတယ်ဆိုတဲ့
သတင်းကိုကြားမိတယ်။ ဒါပေမဲ့ ဒါတကယ်ဟုတ်၊ မဟုတ်ဆိုတာကိုတော့ မသိပါဘူး" ဟု ပြောကြားခဲ့သည်။            
ထို့အတူ အကြောင်းအမျိုးမျိုးကြောင့် ခွင့်တိုင်ကြားခြင်းမရှိဘဲ ကျောင်းတက်ရန်ပျက်ကွက်ခဲ့သည့် ကျောင်းသား၊
ကျောင်းသူများကိုလည်း မိဘများခေါ်၍ မေးမြန်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ သင်္ဃန်ကျွန်းမြို့နယ်အတွင်းရှိ ကျောင်းသူမိဘတစ်ဦးကလည်း "ကျွန်မသမီးက တတိယတန်း တက်နေပါတယ်။
ပြီးခဲ့တဲ့ အပတ်တုန်းက မိသားစုလိုက် ခရီးသွားဖို့အတွက် ကျောင်းမှာခွင့်သုံးရက် တိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ခရီးလွန်သွားတဲ့အတွက် ရက်ကပိုရှည်သွားတယ်။ ရန် ကုန်လည်းပြန်ရောက်တော့ သမီးရဲ့အခန်းထဲက
အခန်းဖေါ်က ဆရာမက စာပေးခိုင်းတယ်ဆိုပြီးတော့ စာလာပေးပါတယ်။ ကျွန်မက ဆရာမနဲ့ နောက်နေ့သွားတွေ့တော့
ဆရာမက ကလေးက တစ်ကယ်ခရီးလွန်နေတယ်ဆိုတော့ အကြောင်းမရှိပါဘူး။ အခုတလောမှာ ကလေးတွေ
ခဏခဏပျောက်နေတဲ့ သတင်းတွေကြောင့် ခေါ်ပြီးတော့
တွေ့ရတာပါလို့ ပြောပါတယ်" ဟု ဆရာမက ပြောကြားချက်ကို ပြန်လည်ရှင်းပြခဲ့သည်။
ယင်းကဲ့သို့ မြို့နယ်များတွင် ကလေးငယ်များ အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးနေသည်ဟု သတင်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ အဆိုပါအကြောင်းအရာများမှာ ကောလဟာလ များသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှုးဖြစ်သူ ဒုတိယရဲမှုး ကြီး ဦးထွန်းမင်းက "အခု ရပ်ကွက်တော်တော်များများမှာ အသက် ၁၀ နှစ်ကနေ ၁၃ နှစ်ဝန်းကျင်ရှိတဲ့ ကလေးသူငယ်တွေ ပျောက်ဆုံးနေတယ်လို့ သတင်းတွေထွက်ပေါ်နေ တယ်။ တချို့ရပ်ကွက်တွေမှာဆိုရင် ကလေးသူငယ်တွေကို လိုက်ဖမ်းနေတဲ့ သူတွေရှိနေတယ်။ တစ်ဘက်နိုင်ငံကို ရောင်းစားနေတယ်။ ကလေးငယ်တွေ အသတ်ခံရတယ်။
စတဲ့ သတင်းထွက်ရှိနေတော့ အဲဒီနယ်မြေတွေကို အဖွဲ့တွေခွဲပြီး စုံစမ်းစစ်ဆေးခဲ့ပါတယ်။
တကယ်တမ်းမှာ တော့ ကလေးအချို့က မိသားစုဝင်တစ်ဦးနဲ့
စိတ်ဆိုးပြီးတော့ သူငယ်ချင်းအိမ်တွေမှာ သွားနေတဲ့သူတွေ၊ ယောကျာ်းနောက် လိုက်သွားတဲ့သူတွေ၊
အပျော်လွန်ပြီးတော့ ခရီးလွန်တဲ့သူတွေ၊ အပျော်လွန်းပြီးတော့ သူငယ်ချင်းတွေနဲ့ ရေကူးရင်းနဲ့
သေဆုံးခဲ့ရသူတွေ အများစုဖြစ်ပါတယ်။ အပြင်မှာထွက်ပေါ်နေတဲ့ ဖြစ်စဉ်တွေက ကောလဟာလသတင်းတွေ
လိုက်လွှင့်နေတဲ့ သူတွေကြောင့်အများက စိုးရိမ်နေကြတာပါ။ ဒါကယ်တမ်းတော့ အဲဒီသတင်းတွေက လုံးဝမှားပါတယ်" ဟု ကလေးသူငယ်များ ပျောက်ဆုံးနေသည့်သတင်းများ နှင့်ပတ်သက်၍ စုံစမ်းခဲ့သည့်အပေါ် ရှင်းလင်းပြောကြားခဲ့သည်။

No comments:

Post a Comment

wwwwnyinyi@gmail.com