Sunday, October 23, 2011

တာဝန်ရှိသူကြီးရယ်အပြောလေးနဲနဲလျှော့လက်တွေ့ကျကျလုပ်ပြပါ။

ရန်ကုန်မြစ်ကို ဖြတ်၍ ရန်ကုန်- ဒလဆက်သွယ်သည့် ကောင်းကင်တံတား တစ်ခု(သို့မဟုတ်) ရေအောက်ဥမင် လိုဏ်ခေါင်းတစ်ခု တည်ဆောက်ရန် ကိုရီးယားကုမ္ပဏီတစ်ခု လာရောက်ဆွေးနွေး

Sunday, 23 October 2011 11:16(အလဲဗင်းသတင်း)
743 ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန် -ဒလဆက်သွယ်သည့်  ကောင်းကင်တံတား (Sky Bridge)  (သို့မဟုတ်) ရေအောက်ဥမင် လိုဏ်ခေါင်းတစ်ခု တည်ဆောက်ရန် စိတ်ဝင်စားသည်ဟု ကိုရီးယားကုမ္ပဏီ တစ်ခုက ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ နှင့် လာရောက် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ကိုရီးယား ကုမ္ပဏီတစ်ခုက အထက်ပါ ပုံစံနှစ်ခုထဲမှ တစ်ခုကို တည်ဆောက်ချင်သည်ဟု အောက်တိုဘာလ ဒုတိယပတ်အတွင်းက လာရောက် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီ အနေဖြင့် ပြုလုပ်မည့် မြေနေရာများကို ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
“ကိုရီးယားကုမ္ပဏီကတော့ သူတို့က ဒီကအခြေအနေကို လေ့လာပြီး ကားသွားလို့ရတဲ့ ကောင်းကင် တံတား ဒါမှမဟုတ် ရေအောက်ဥမင် လှိုဏ်ခေါင်းလုပ်ပြီး သမ္ဗာန်တွေ သွားလို့ရအောင် လုပ်ချင်တယ်လို့ ပြောသွားပါတယ်။ သူတို့ကလုပ်ချင်တယ်လို့ပဲ ပြောသေးတာပါ။ အတိအကျ လုပ်မယ်လို့တော့ မပြောသေး ပါဘူး။ မြေနေရာကိုတော့ သူတို့ ကွင်းဆင်းကြည့်ပြီးပါပြီ။ ဒါကသူတို့ ဘက်က လုပ်ခဲ့တဲ့ အပိုင်းပေါ့။ စည်ပင်ဘက်ကတော့ ဒီလိုလုပ်မယ့် အစီအစဉ်ကို သူတို့နဲ့အတိအကျ ပြန်ဆွေးနွေး သွားရဦးမှာပါ။ လုပ်တာတော့ လုပ်လို့ ရပါတယ်။ ဒါပေမယ့် ဟိုဘက်က ခိုင်မာလားဆိုတာကိုတော့ ပြန်စိစစ်ရဦးမှာပါ”ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် ကောင်းကင်တံတား (Sky Bridge) တည်ဆောက်ရန်အတွက် တံတား၏ချဉ်းကပ်လမ်းများ ပြုလုပ်ရန်နေရာ အကျယ်အ၀န်း များများ ယူရမည်ဖြစ်ကြောင်း၊ အမှန်တကယ် တည်ဆောက်ဖြစ်လျှင်လည်း မြို့တွင်းဧရိယာများ အတွင်းရှိ အထပ်မြင့် အဆောက်အအုံများအား လွတ်ကင်းအောင် တည်ဆောက်ရမည့် အခြေအနေရှိနေကြောင်း သိရသည်။ ရေအောက်ဥမင်လိုဏ်ခေါင်း တည်ဆောက်ရန် အတွက်မူ လေ၀င်လေထွက်နှင့် လျှပ်စစ်မီး ၂၄ နာရီရရှိရန် လိုအပ်ကြောင်း၊ လိုဏ်ခေါင်းအတွင်း သွားလာသည့်အချိန်တွင် အရေးပေါ် အခြေအနေများ ရှိလာသည့်အခါ မည်သို့လုပ်မည်နည်း စသော အချက်အလက်များကို ထည့်သွင်း ဆုံးဖြတ်ရမည်ဖြစ်ပြီး လုံခြုံရေးပိုင်းဆိုင်ရာ များကိုလည်း ထည့်သွင်းရမည် ဖြစ်ကြောင်း သိရှိရသည်။
“ဒလဘက်ကမ်းကို အခုထက် ပိုပြီး ဖွံ့ဖြိုးစေချင်တဲ့အတွက် ဒီလိုလုပ်ဖို့ ဆွေးနွေးသွားတာပါ။ အဲဒီ အတွက်လည်း MoU ထိုးရဦးမှာပါ။ နည်းနည်းတော့ ကြာဦးမှာပါ။ တကယ် လုပ်ဖြစ်မယ်ဆိုရင်လည်း ကောင်းကင်တံတား ဆောက်ဖို့ကတော့ နည်းပညာ နည်းနည်းပိုမြင့်တယ်။ ဥမင်လိုဏ်ခေါင်းကတော့ အရင်ကတည်းက မြန်မာနိုင်ငံမှာ တည်ဆောက်ဖူးခဲ့ပြီဆိုတော့ အခက်အခဲတော့ အများကြီး မရှိပါဘူး”ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောပြခဲ့သည်။
ယခင်ကလည်း ရန်ကုန်မြို့ရှိ လမ်းမတော်၊ ကိုင်းတန်း၊ ဗားကရာ စသည့် ကမ်းနားများနှင့် ဒလဘက်ခြမ်း ကိုဆက်သွယ်ရန် ကောင်းကင်တံတားများ ထိုးမည့်အစီအစဉ်ကို ဆွေးနွေးခဲ့ ဖူးသော်လည်း အဆင်မပြေခဲ့ကြောင်း သိရှိရသည်။

တာဝန်ရှိသူများလုပ်ကိုင်ချင်တဲ့ရည်ရွယ်ချက်ကကောင်းပါတယ်။လမ်းပန်းဆက်သွယ်ရေးတိုးတက်ကောင်းမွန်လာ
ခြင်းအားဖြင့် တိုင်းပြည်လည်းဖွံဖြိုးမှု့တွေပိုမိုမြန်ဆန်လာတာပေါ့။ဒါပေမဲ့ ရမ်းတော့မဖြီးဖြန်းပါနဲ့ ။ယခင်ထဲကမြန်မာနိုင်ငံမှာတည်ဆောက်ခဲ့ဖူးတဲ့ဥမင်လှိုဏ်ခေါင်းအမျိုးအစားနဲ့ အရှည်နဲ့ မြေအနက်ဘယ်လောက်ကိုဖောက်ပြီး၊မြေအမျိုးအစားသိပ်သည်းဆတွေ၊မြေမာကျောမှု့တွေ ၊လုံခြုံမှု့တွေဘယ်လောက်လုပ်ပြီးဆောင်ရွက်ထားတာပါလည်း။ရေအောက်ကိုဖြတ်ဆောက်ထားတာ၊တောင်တွေကို
ထွင်းပြီးဥမင်လိုဏ်ခေါင်းတွေ မြန်မာပြည်မှနည်းပညာများနဲ့ယခင်ဘယ်ဒေသတွေမှာ တည်ဆောက်ခဲ့ပါသလည်း။
ကောင်းကင်တံတားဆိုတာမြေအောက်ထက်စာယင်ပိုမြင့်လို့ နည်းပညာပါနဲနဲပိုမြင့်တယ်လို့ပြောတာပါလားတာဝန်
ရှိသူကြီးရယ်။သိပ်မအာပါနဲ့ မတတ်ရင်မတတ်ဘူးပြောတာရှက်စရာမဟုတ်ပါဘူး။ပြည်သူတွေကိုမလိမ်ပါနဲ့။
တည်ဆောက်ချင်တာလုပ်ချင်တာကောင်းပါတယ်။ပြည်သူတွေအပေါ်ပွင့်လင်းပါ။ရေအောက်ဥမင်လှိုင်ခေါင်းလုပ်ပြီး
သမ္ဗာန် တွေသွားအောင်လုပ်မှာလို့လည်းဆိုထားပါတယ်။ဘယ်လိုလုပ်မှာ
တုန်းကမ္ဘာကျော်အောင်လုပ်တော့မလို့လားလို့မေးချင်ပါတယ်။မလုပ်ခင်ဒီဆိုင်းနဲ့ပုံကြမ်းလေးပြည်သူတွေကို
ချပြပါအုံးမြင်ဘူးချင်လို့ပါ။
ဥမင်လှိုင်ခေါင်းကားလမ်းကို၊ပင်လယ်ရေအောက်ကိုဖြတ်ပြီးဖေါက်ထားသောကားလမ်းများကို ဂျပန်နိုင်ငံတွင်မိမိသွားဖူးမှတ်တမ်းတင်ထားသောဗီဒီယိုဖိုင်အတိုများမှ ဖြတ်တောက်ဖေါ်ပြလိုက်ပါတယ်။
တာဝန်ရှိသူကြီးယခင်မြန်မာပြည်မှာတည်ဆောက်ဖူးတယ်။အခက်အခဲသိပ်မရှိလှပါဘူးပြောဆိုနေလို့ပါ။(ပြည်သူ့အော်သံ)

No comments:

Post a Comment

wwwwnyinyi@gmail.com