အချိန်တိုတို သွားလာနိုင်မည့် နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး ဖွင့်လှစ်တော့မည်
ရန်ကုန်-နေပြည်တော်-မန္တလေးခရီးစဉ်ကို
အချိန်တိုတိုနှင့် ခရီးစဉ်ချောမွေ့ မြန်ဆန်စွာ သွား လာနိုင်မည့်
ခရီးမိုင်အရှည် ၃၅၂ မိုင်ရှိ ရန်ကုန်-နေပြည်တော်-မန္တ လေး အမြန်လမ်းမကြီးကို
အောက် တိုဘာ ၁၆ ရက်တွင် ဖွင့်လှစ်တော့ မည်ဖြစ်ကြောင်း နေပြည်တော်-မန္တလေး
အမြန်လမ်းမကြီး ဖောက် လုပ်ရေးလုပ်ငန်းမှ သိရသည်။
ယခင် ရန်ကုန်-မန္တလေး
ကားလမ်းမကြီးမှ နေပြည်တော်-မန္တလေးခရီးစဉ်ကို ၆ နာရီကြာ သွားလာနိုင်ရာမှ ယခု
နေပြည် တော်-မန္တလေး အမြန်လမ်းမကြီးမှ ၃ နာရီနှင့် အချိန်တိုအတွင်း ခရီး
ပေါက်သွားလာနိုင်တော့မည်ဖြစ် ကြောင်းသိရသည်။ နေပြည်တော်နှင့် နေပြည်
တော်ပျဉ်းမနားမြို့နယ်မှ မန္တလေး ဘက်သို့သွားမည့် ခရီးစဉ် အတွက်
နေပြည်တော်-မန္တလေး အမြန် လမ်းမကြီးပေါ် တက်မည်ဆိုလျှင် နေပြည်တော်-တောင်ညို-
တောင် တွင်းကြီး ကားလမ်းမကြီးပေါ်ရှိ ကျွဲရှင်းတံတား၊ ငါးလိုက်ဆည်၊
ငါးလိုက်ကန်သာ ဟိုတယ်ထိပ်မှ သွားမည့်လမ်းသည် အနီးဆုံး ချဉ်းကပ်လမ်းဖြစ်ပြီး
နေပြည်တော် -ရန်ကုန်ခရီးစဉ်အတွက် နေပြည် တော်-ရန်ကုန် အမြန်လမ်းမကြီး ပေါ်
တက်မည်ဆိုလျှင် စီလမ်းဆုံ သည်အနီးဆုံး ချဉ်းကပ်လမ်းဖြစ် ကြောင်း နေပြည်တော်
အဝေးပြေး ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။
(သတင်း)မျိုးသီဟကို
No comments:
Post a Comment
wwwwnyinyi@gmail.com