Saturday, October 8, 2011

လိုအပ်သည်များကိုလုပ်ပါ။လိုအပ်ချက်များကိုဦးစားပေးပါ။


နေပြည်တော်သည် ဟိုတယ်အများဆုံးရှိရာဒေသ ဖြစ်လာမည်


၂ဝ၁၃ ခုနှစ်တွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ နေပြည်တော် သည် မြန်မာနိုင်ငံ၌ ဟိုတယ်အများ ဆုံးရှိသော မြို့ဖြစ်လာမည်ဟု ဟိုတယ်နှင့် ခရီးသွား လာရေး လုပ် ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန် သော စာရင်းများအရ မြန်မာနိုင်ငံ ၌ တည်ဆောက်ဖွင့်လှစ်ပြီးသော နိုင်ငံသားပိုင်ဟိုတယ်အရေအတွက် ၆၃၂ လုံးရှိသည့်အနက် ရန်ကုန်မြို့ ၌ ၁၆၂ လုံး၊ မန္တလေးမြို့၌ ၆၈ လုံး၊ ပုဂံ၌ ၇၆ လုံး၊ ညောင်ရွှေÝ၌ ၄ လုံးနှင့် နေပြည်တော်တွင် ၁၂ လုံးရှိကြောင်း၊ ထို့အတူ ပြည်ပမှ

လာရောက်ရင်းနှီးမြှုပ်နှံဖွင့်လှစ်သော နိုင်ငံတကာဟိုတယ်၊ မိုတယ်များ မှာ ၃၅ ခုရှိသည့်အနက် အများစု မှာ ရန်ကုန်မြို့တွင်သာရှိကြောင်း သိရသည်။သို့ရာတွင် ယခုအခါ နေပြည် တော်၌ ဟိုတယ်လုပ်ငန်းရှင်များမှ ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ ဟိုတယ်များ လာရောက်တည်ဆောက်လျက်ရှိ ပြီး အများစုမှာ ဥတ္တရသီရိမြို့တွင်ရှိ ကြောင်း၊ ဥတ္တရသီရိမြို့၌ ဟိုတယ် ဇုန် ၂ ခုသတ်မှတ်ကာ ဟိုတယ် များတည် ဆောက်နေကြောင်း သိရ သည်။”ဟိုတယ် အမျိုးအစားအနေနဲ့ ပြောရရင်တော့ နိုင်ငံတကာအဆင့် ဟိုတယ်အများဆုံးရှိတဲ့မြို့ဆိုရင် ရန်ကုန်လို့ ပြောလို့ရတယ်။ ဒုတိယ ကတော့ မန္တလေးပေါ့။ နေပြည် တော်မှာကျတော့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကို ခွင့်မပြုတဲ့အတွက် နိုင်ငံ တကာအဆင့်ဟိုတယ်က နည်းနေ တယ်။ ဒါပေမဲ့ အခုလက်ရှိမှာ လည်း ဟိုတယ်အသစ်တွေထပ်ပြီး တည်ဆောက်နေတဲ့အတွက် ဆီး ဂိမ်းပြိုင်ပွဲမတိုင်ခင်မှာ နေပြည်တော် မှာရှိတဲ့ ဟိုတယ်အရေအတွက်က ရန်ကုန်ထက်ပိုများလာဖို့ရှိပါတယ်။ ဒါ့အပြင် နေပြည်တော်မှာ ပြည်ပ ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့ လာရောက်ရင်းနှီးမြှုပ်နှံချင်တယ်ဆို ရင်တော့ လာ ရောက်ဆွေးနွေးလို့ ရပါတယ်” ဟု ၄င်းက ထပ်လောင်း ပြောသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com