ကားပိုင်ရှိသူတွေက မတည်ငွေ ထည့်ဝင်ပြီး အလှုငွေကောက်ခံတယ်။ကိုယ့်ရှိတဲ့ကားတွေသွားလာလို့မရတော့ လမ်းသွားလမ်းလာတွေကို ပိုက်ဆံ
အလှုကောက်ခံတယ်။ နှစ်နဲ့ချီပြီး ကိုယ်ထူကိုယ်ထလုပ်ဆောင်ကြတယ်။ ဟိုးရှေးရှေးတုန်းက မြူနီစပယ်
လို့ခေါ်တဲ့ စည်ပင်သာယာကဆောင်ရွက်တယ်။ပြင်စဉ်ပေးဘို့စာတင်လိုက်ရင် ဆယ်စုနှစ်မကကြာတယ်။
နောက်ပြည်သူတွေ ကိုယ့်ဟာကိုဖန်တီးပြီး မနေနိုင်မတတ်နိုင်တော့ အစိုးရဆောင်ရွက်တာကိုစောင့်မနေတော့ပဲ ကိုယ့်ဟာကိုလုပ်ကြတယ်။ အစိုးရက ကျေနပ်တယ်။သတင်းစာတွေထဲမှာ မြင်ဘူးကြမှာပါဖဲကြိုးဖြတ်ဖွင့်လှစ်လိုက်ပြီ။ဗိုလ်ချုပ်ဘယ်သူ၊
ဘယ်ဝါ။ခဏခဏ ပဲ ခုထက်ထိလည်းမရိုးနိုင်ပဲလုပ်နေတုန်းပါပဲ။သတင်းခေါင်းကြီးပိုင်းတွေမှာဖေါ်ပြလေ့ရှိတယ်။
တကယ်တမ်းပြည်သူတွေ ကိုယ့်ဟာကို ကုန်ရတယ်။ လုပ်ပိုင်ခွင့်လေးခွင့်ပြုအောင်ဖားရတယ်။
မညာပါဘူးအမှန်ပြောတာပါ။ကိုယ့်တသက်ရှိပါပြီမြင်ဘူးတာနှစ်ပေါင်းလေးဆယ်ကျော်လာပါပြီ။
ကိုယ်ဟာကိုထူပြီးကိုယ့်ဟာကိုထလာ ရတဲ့ပြည်သူတွေ။
![]() |
အခုလိုအခန်းအနားလေးမှာ ဖဲကြိုးလေးလာဖြတ်တာလူကြီးများအလုပ်ပါ |
ကွန်ကရစ်လမ်းခင်းလိုပါက ရပ်ကွက်အလိုက် လျှောက်ထားနိုင်
မင်္ဂလာတောင်ညွန့်မြို့နယ်ကန်တော်လေးအရှေ့ပိုင်းနှင့် တောင်ပိုင်းရပ်ကွက်ရှိ မန္တလေး လမ်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂ ရက် နံနက် ၇ နာရီ ၂ဝ မိနစ်တွင် ကျင်းပခဲ့သည်။ အဆိုပါလမ်းဖွင့်ပွဲသို့ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော် မတီဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းမှ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
လက်ရှိ ဖွင့်လှစ်ခဲ့သော ကန် တော်လေးတောင်ပိုင်းရှိ မန္တလေး လမ်းသည် အရှည် ၁ဝ၆ဝ ပေ၊ အနံ ၁၈ ပေနှင့် ထုထည် ၆ လက်မရှိပြီး အရှေ့ပိုင်း ရပ်ကွက်ရှိ မန္တလေးလမ်းသည် အရှည် ၈၅ဝ ပေ၊ အနံ ၁၉ ပေနှင့် ထုထည် ၆ လက်မရှိသည့် ကွန်ကရစ်လမ်းဖြစ် ကြောင်း သိရသည်။ ယခုလပိုင်း အတွင်း ဆောင်ရွက် ပြီး ကွန်ကရစ် လမ်းမှာ ပေပေါင်း ၄ သိန်း နီးပါး ခန့်ရှိပြီး ဆောင်ရွက်ဆဲကွန်ကရစ် လမ်းများလည်း မကြာခင်ပြီးစီးမည် ဟု သိရသည်။ မိမိတို့ရပ်ကွက်တွင်းရှိ လမ်း များကို ကွန်ကရစ်ခင်းလိုသူများက လည်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီသို့ လမ်းကော် မတီအလိုက် လာရောက်လျှောက် ထား တောင်းဆိုလျက်ရှိရာ စက် တင်ဘာ ၁ ရက်နေ့က ဒဂုံဆိပ် ကမ်းမြို့နယ်မှ ၆ဝ ဦးခန့်၊ သင်္ဃန်း ကျွန်းမြို့နယ်မှ ၂ဝဝ ဦးခန့် စုပေါင်း ၍ လာရောက် လျှောက်ထားကြ ကြောင်း သိရသည်။
ကွန်ကရစ်လမ်းများအတွက် စည်ပင်မှ ဘိလပ်မြေများကို ထောက်ပံ့ပေးပြီး လိုအပ်သော လုပ်အားကို ပြည်ခိုင်ဖြိုးပါတီဝင် များအား အကူအညီတောင်းထား သည်ဟု သိရသည်။
No comments:
Post a Comment
wwwwnyinyi@gmail.com