
(Associated
Press မှ 22 Nov 2011 ရက်စွဲပါ “ Pro- democracy leader Suu Kyi confirms
she will stand in Burmese by- election” သတင်းကို yangonchronicle မှ
ဘာသာပြန်သည်)
မြန်မာဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်သည် လစ်လပ် လွှတ်တော်ကိုယ်စားလှယ်များ အတွက် ကျင်းပသော
လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားပြီဟု
သိရှိရသည်။
ကာလကြာ အထီးကျန် အပယ်ခံနိုင်ငံ၏
နိုင်ငံရေးပင်မရေစီးကြောင်းတွင် တရားဝင် ပြန်လည်လှုပ်ရှားရန် သူမ၏ NLD ပါတီက
ပြီးခဲ့သော သီတင်းပတ်တွင် ဆုံးဖြတ်ခဲ့ပြီးနောက် သူမ ယခုကဲ့သို့
ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု မျှော်လင့်ရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ
ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “သူမသည် မည်သည့်မဲဆန္ဒနယ်ကို ကိုယ်စားပြု
ယှဉ်ပြိုင်ရမည်ကို မဆုံးဖြတ်ရသေးသော်လည်း ပါဝင်ယှဉ်ပြိုင်ရန်
ဆုံးဖြတ်ထားပြီ” ဟု ပြောကြားသည်။
မြန်မာ့နိုင်ငံရေးနယ်ပယ်သို့ ပြန်လည်ဝင်ရောက်ရန်နှင့် နောင်ကာလ
ရွေးကောက်ပွဲများအတွက် ပြန်လည်မှတ်ပုံ တင်ရန် NLD ပါတီက သောကြာနေ့က
ဆုံးဖြတ်လိုက်ခြင်းသည် မနှစ်က အာဏာရလာသော အရပ်ဖက် အစိုးရသစ်၏
ပြုပြင်ပြောင်းလဲမှုများကို လက်ခံယုံကြည်ကြောင်း အချက်ပြ ခြင်းပင်ဖြစ်သည်။
မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေး
ယိုယွင်းပျက်စီးလာချိန်၌ စစ်ဖက်အုပ်ချုပ်သူများက ဒီမိုကရေစီ စနစ်ကို
အကောင်အထည်ဖော်၍ အာဏာလွှဲပြောင်းပေးမည်ဟု ကတိပေးထားသည့်အတိုင်း
ကျင်းပပေးခဲ့သော ရွေးကောက်ပွဲများတွင် ယခုအာဏာရ တပ်မတော်ကိုယ်စားပြုပါတီက
အနိုင် ရရှိခဲ့သည်။
အဆိုပါ
ရွေးကောက်ပွဲအကြိုကာလအတွင်း တမင်ထိန်းသိမ်းထားခြင်းခံနေရ သူ နိုဘယ်လ်
ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တားဆီး သည့်
ရွေးကောက်ပွဲဆိုင်ရာဥပဒေကို ယခင်အစိုးရက ထုတ်ပြန်ခဲ့ခြင်းကြောင့်
ယင်းရွေးကောက်ပွဲများကို NLD ပါတီက သပိတ်မှောက်ခဲ့သည်။
သို့သော် ယခုနောက်ဆုံး ထိုဥပဒေကို လက်ရှိအစိုးရသစ်က
ပြင်ဆင်ပေးလိုက်ပြီဖြစ်၍ မြန်မာ့နိုင်ငံရေး ဇာတ်ဝင်ခန်းအသစ်များ ထွက်ပေါ်
လာပြီဖြစ်သည်။
No comments:
Post a Comment
wwwwnyinyi@gmail.com