Wednesday, November 23, 2011

ဒယ်အိုးဆရာတော်ကို သတိပေးရန်ရှိ


uthumingala1
ဦးကျော်သူနှင့် ဇနီး “ပရဟိတ နှီးနှောဖလှယ်ပွဲ” သို့ ကြွရောက်လာသည့် ဆရာတော်များကိုဖူးမြော်နေစဉ်

ချင်းမိုင် (မဇ္ဈိမ)။        ။ မြန်မာတနိုင်ငံလုံးရှိ ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေသည့် အသင်း၊ အဖွဲ့များမှ ကိုယ်စားလှယ်များကို ခေါ်ယူကာ “ပရဟိတ နှီးနှောဖလှယ်ပွဲ” ကျင်းပခဲ့သည့် ရန်ကုန်တိုင်း မှော်ဘီမင်္ဂလာတိုက်မှ
ကျောင်းထိုင်ဆရာတော် ဦးသုမင်္ဂလကို သတိပေးရန် ဗုဒ္ဓဟူးနေ့တွင် ပင့်ဆောင်ထားသည်ဟု ရန်ကုန်တိုင်း သံဃာ့ နာယကရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

“အာဏာပိုင် အဖွဲ့အစည်းတခုခုကနေပြီးတော့ မဟန (သံဃာ့ မဟာနာယက) ဆရာတော်တွေကို တိုင်ပုံရပါတယ်။ မဟန ဆရာတော်တွေကိုတိုင်တော့ တိုင်းသံဃာ့နာယက ဆရာတော်တွေက ခေါ်ပြီးတော့ သတိပေးမယ့် သဘောပါ။ ဆရာတော်ကို ခေါ်ယူပြီးတော့ သြဝါဒပေးမယ့် သဘော။” ဟု အမည်မဖော်လိုသူက ပြောသည်။

စက်တင်ဘာလအတွင်း မှော်ဘီမင်္ဂလာတိုက်တွင် “ပရဟိတ နှီးနှောဖလှယ်ပွဲ” ကျင်းပသည်ကို အာဏာပိုင်များနှင့် မြို့နယ်သံဃာ့ နာယကသို့ ကြိုတင်အကြောင်းကြား ခွင့်ပြုချက်မယူခြင်းကြောင့် ပင့်ဆောင်သတိပေးရခြင်း ဖြစ်သည်ဟုဆိုသည်။
ယင်းအပြင် တရားဟော ဓမ္မကထိကများ အနေဖြင့် တရားပွဲများကို အကြောင်းပြကာ နိုင်ငံရေး တရားပွဲများ ပြုလုပ်လာနိုင်သည်ဟု ဆိုလိုက်ပြီး သံဃာတော်များနှင့် မသင့်တော်သည့် ကိစ္စများဟုလည်း မဇ္ဈိမကို ပြောသည်။

“တချို့ကျတော့ စုန်းပြူးတွေရှိတယ်။ ပဲလှော်ကြား ဆားညှပ်တာတွေရှိတယ်။ အဲဒါမျိုးတွေ ကြိုကြား ကြိုကြားပေါ်လာတဲ့ အခါကျတော့ ဌာနဆိုင်ရာတွေ၊ သူ့ဒေသအလိုက်ရှိတဲ့ ရပ်ကျေးတွေကို အသိပေး အကြောင်းကြားပြီး ထောက်ခံချက်ယူရတယ်။” ဟု ထိုပုဂ္ဂိုလ်က ပြောသည်။

ဒယ်အိုးဆရာတော်ဟု လူသိများသည့် ဆရာတော်ဦးသုမင်္ဂလ
uthumingala
ဒယ်အိုးဆရာတော်ဟု လူသိများသည့် ဆရာတော်ဦးသုမင်္ဂလ
ဦးစီး ကျင်းပသည့် “ စုံနံ့သာမြိုင် ပရဟိတ အသင်းအဖွဲ့များ နှီးနှော
ဖလှယ်ပွဲ” ကို စက်တင်ဘာလ နှစ်ရက်နေ့နှင့် သုံးရက်နေ့များတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နှီးနှောဖလှယ်ပွဲသို့ ပြည်နယ်နှင့်တိုင်း ၁ဝ ခုမှ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ပရဟိတလုပ်ငန်း လုပ်ဆောင်နေသူ လူပုဂ္ဂိုလ်နှင့် သံဃာတော်များ
လေ့လာသူများ စုစုပေါင်း ၂,၅ဝဝ ကျော် တက်ရောက်ခဲ့သည်ဟု ဆရာတော် ဦးသုမင်္ဂလ၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြ ထားသည်။

သက်တော် ၄၄ နှစ်ရှိ ဆရာတော် ဦးသုမင်္ဂလ သည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် ပြုပြင်ပြောင်းလဲရေး တရားများကို ဘာသာရေးနှင့် ဆက်နွယ်ကာ ဟောကြားလေ့ရှိသည်။ ဆရာတော်၏ တရားပွဲများ ၂ဝဝ၈ ခုနှစ်နှင့် ၂ဝဝ၉ ခုနှစ်များအတွင်း ပိတ်ပင်ခံခဲ့ရဖူးသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com