၁၅ရက်နေ့က
ရွှေညဝါဆရာတော်ကြီး သီတင်းသုံးရာ ခရေပင်ကျောင်းသို့ လာရောက်ဆွေးနွေး
တိုင်ပင် အဖြေရှာကြတဲ့ ဘဘဦးဝင်းတင်၊ မဖြူဖြူသင်းနဲ့ အဖွဲ့ချုပ်
အဖွဲ့ဝင်များ...။
အကြောင်းကြောင်းကြောင့်
တနေ့ဒီသတင်း၊ ဒီဓာတ်ပုံ မှတ်တမ်းလေးအတွက် ရေးသားခွင့်ရခဲ့မယ် သို့မဟုတ်
ဖော်ပြခွင့်ပေးမယ့် တချိန်မှာတော့ ရေးသားဖော်ပြပါဦးမယ်...။ တနေ့မှာတော့
အဓမ္မကို ဓမ္မကအောင်ပွဲခံမှာပါ..။ ယနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေ အဖြစ်အပျက်တွေနဲ့
ပတ်သက်ပြီး ရွှေညဝါဆရာတော်ကြီးရဲ့ အနေအထား၊ အခက်အခဲ အခြေအနေတွေကို
အားလုံးသဘောပေါက်၊ နားလည်မယ်လို့ ယုံကြည်မိပါတယ်..။ ဘာသာ၊ သာသနာနဲ့
အများအကျိုးတွေ စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ အခက်အခဲကြားက
ရွှေညဝါဆရာတော်ကြီးအား ရိုသေစွာ ရှိခိုးကန်တော့ လိုက်ပါတယ်..။
ဒီမိုဝေယံ
ရွှေညဝါဆရာတော်ကြီးအား
လေးစား၊ရိုသေ မေတ္တာထားကြတဲ့ အလွှာပေါင်းစုံက ဒကာ၊ ဒကာမများမှစုပေါင်း
လက်မှတ်ထိုးပေးကြတာ ယနေ့ဆိုရင် လက်မှတ်ပေါင်း ၂သောင်းနီးပါး ရရှိနေပါပြီ..။
ဓာတ်ပုံ ဒီမိုဝေယံ
ဓာတ်ပုံ ဒီမိုဝေယံ
No comments:
Post a Comment
wwwwnyinyi@gmail.com