Saturday, December 17, 2011

သံဃာ့မဟာနာယကဖျက်သိမ်းရေး စတင်တော့ မည် ... အဲဒီသံဃာ့မဟာနာယက ဆိုတာဘာလဲ ..


ယနေ့ ဖေ့ဘုခ်ပေါ်မှ သတင်းများ အရ
နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ဖျက်သိမ်းရေး လှုပ်ရှားမှု များ ကို ရန်ကုန် ၊မန္တလေး နှင့်
တစ်နိုင်ငံလုံး က သံဃာများ မကြာခင် စတင်တော့ မည် ဟု FNG မှ သတင်း ရရှိ သည်။သံဃာ
မဟာနာယကအဖွဲ့ ဖျက်သိမ်းရေး လှုပ်ရှားမှု များ ကို ရန်ကုန် ၊ မန္တလေး နယ်မြို့ များ တွင် စတင်
သလို ပင် တစ်ချိန် တည်း တစ်ပြိုင် တည်း တွင် စစ်တွေ ဉ်လည်း စတင် မည် ဖြစ်ကြောင်း စစ်
တွေ မြို့  သံဃာတော် တစ်ပါး က FNG သို့  မိန့် ကြားတော် မူသည်။
သတင်းဖေ့ဘုခ် FNG မှ....

သံဃာ့မဟာနာယက ဆိုတာဘာလဲ ..

သံဃာ့မဟာနာယကအဖွဲ့ကြီးကို မဆလ တပါတီအာဏာရှင် ဦးနေ၀င်းရဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ ၁၃၄၂ ခုနှစ် နယုန်လ (၁၉၈၀ ပြည့်နှစ် မေလ) မှာ ဂိုဏ်းပေါင်းစုံက သံဃာတော် (၁၂၀၀) ကို ပင့်ဖိတ်ပြီး ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူကြီးအတွင်းမှာ စတင်ဖွဲ့စည်းခဲ့တာပါ။


သံဃာ့ကိုယ်စားလှယ် ၁၂၀၀ ထဲမှ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အပါး (၃၀၀) ကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီအထဲကမှ သံဃာ့မဟာနာယကဆရာတော် (၃၃) ပါး (နောက်ပိုင်း (၄၇) ပါး) ကို ထပ်မံရွေးချယ်ခဲ့ပြီး ရန်ကုန်မြို့မှာ ရုံးထိုင်စေခဲ့တာပါ။ အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဆောင်ရွက်ဖို့ပါ။

သံဃာ့နာယကအဖွဲ့ စတင်ဖွဲ့စည်းစဉ်က ထင်ရှားတဲ့ မန္တလေးက စာသင်တိုက်ကြီးအချို့က ဆရာတော်ကြီးတွေက သဘောမကျခဲ့တာ အမှန်ပါ။ သံဃာ့နာယက ဖွဲ့စည်းပြီးရင် စစ်အစိုးရက သံဃာ့နာယက အဖွဲ့ကို အသုံးချပြီး သံဃာတော်တွေကို ဖိနှိပ်လာလိမ့်မယ်ဆိုတာ မြင်တော်မူပါတယ်။ သာသနာရေးဌာနက အကောင်ကြီးကြီးတွေကိုယ်တိုင် ဆရာတော်ကြီးတွေထံ ချဉ်းကပ်ပြီး သံဃာ့နာယက အဖွဲ့အစည်းထဲဝင်ဖို့ စည်းရုံးဖူးပါတယ်။ ဆရာတော်ကြီးတွေက လက်မခံဘဲ သံဃနာယကအဖွဲ့နဲ့ ကင်းကင်းနေပြီး စာသင်စာချအလုပ်တွေကိုပဲ ကြိုးစားလုပ်ဆောင်နေခဲ့ကြပါတယ်။ အဲဒီလိုဆရာတော်ကြီးတွေကို နှစ်စဉ်ဆက်ကပ်နေကြ အဂ္ဂမဟာပဏ္ဍိတဘွဲ့တော်နဲ့ အဘိဓဇဘွဲ့တော် ရနိုင်တဲ့အရည်အချင်းတွေရှိပေမယ့် မပေးပဲ အာဏာပိုင်တွေက ချောင်ထိုးထားခဲ့ပါတယ်။ ဆရာတော်ကြီးတွေကတော့ အာဏာရှင်တွေနဲ့ မပတ်သက်ချင်လို့ ဘွဲ့တံဆိပ် မဆက်ကပ်လေ ကြိုက်လေပါ။


ဒါကတော့ သံဃမဟာနာယကအဖွဲ့နဲ့ ပတ်သက်လို့ အရှင်ပညာနန္ဒက သံဃမဟာနယကအဖွဲ့ စတင်ပေါ်ပေါက်လာပုံ၊ ဆောင်ရွက်ချက်များ၊ အကျိုးများ၊ အပြစ်များကို ရေးသားဖော်ပြထားတဲ့ အထဲက ကောက်နုတ်ထားတာပါ။

အပြည့်အစုံကို ဘားမားဗီဂျေ ဝက်ဘ်ဆိုဒ်မှာ ဖတ်ရှုနိုင်ပါတယ်။
ဧရာဝတီဘလော့မှရယူပါတယ်................

No comments:

Post a Comment

wwwwnyinyi@gmail.com