![]() |
ဦးတင်အေး (ဓါတ်ပုံ-မက်စင်ဂျာ ဂျာနယ် ဖေ့ဘုတ်) |
ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်စရာမရှိကြောင်း၊ အကယ်၍ ပါတီမှတ်ပုံတင်လျှောက်ထားလာပါက ကော်မရှင်လုပ်ထုံးလုပ်နည်းအတိုင်း ပါတီဝင်အဖြစ် လျှောက် ထားသူများ၏နောက်ကြောင်းစုံစမ်းခြင်းများကို လုပ်ရမည်ဖြစ်ကြောင်း ဦးတင်အေးကဆက်လက် ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း တည်ထောင်ခွင့်ချထားပြီးဖြစ်သည့်အတွက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် သာ ကျန်ရှိတော့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ရွေးချယ်ခံရန် သေချာနေပြီး ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်ကို ကော့မှူးမြို့နယ်မဲဆန္ဒနယ်အား စဉ်းစားနေကြောင်း သတင်း များထွက်ပေါ်လျက်ရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာစလုံး၌ ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မီဒီယာသို့ပြောကြားထားသည်။
by 7Day News Journal
No comments:
Post a Comment
wwwwnyinyi@gmail.com