ဓါတ်ပုံကိုသဘောကျမိတယ်။ အတိတ်ဆိုတဲ့သမိုင်းကို
မမေ့ဘူး
ပြည်သူလူထုရဲ့ရင်ထဲမှာ အမှန်တရားဆိုတာရှိနေတယ်။ ဒီအမှန်တရားတွေကိုဖေါ်ထုတ်ပြသရဲတာဟာ တိုင်းပြည်အတွက် အကျိုးသက်ရောက်မှု့အများကြီးရှိတယ်။ဒါတွေကို ဖုန်းကွယ်နေလို့မရဘူး။တိုင်းပြည်ဆုံးရုံးနစ်နာရမယ်။ ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD ပါတီကိုချစ်တယ်။ ဒီတော့ NLD
ပါတီဝင်များနဲ့လူငယ်တွေဟာ ပြည်သူများအတွက် ပြည်သူ့မေတ္တာကိုတုန့်ပြန်နိုင်အောင်ကြိုးစားရတော့မယ်။
ခေါင်းဆောင်ရှိနေစဉ် ခေါင်းဆောင်ရဲ့ဦးဆောင်မှု့ကို ရေသာခို လိုက်နေတာမျိုးမဖြစ်ရအောင်
အနာဂတ်အတွက်ကိုကြိုတင်ပြင်ဆင် ကြိုးစားနေရမယ်။ တိုင်းပြည်မှာချစားနေတဲ့ အကျင့်စရိုက်တွေကို
တဦးချင်းစီကနေစလို့ တဖွဲ့ တစု တိုင်းပြည်တခုလုံးပြန့်နှံ့အောင် ပြောင်းလည်းပြစ်ရမယ်။
ပြည်သူများအတွက် တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းများကလည်း တိုင်းပြည်ပြောင်းလည်းရေးတွေမှာ
ထိရောက်တဲ့အခန်းဂဏ္ဍမှာပါဝင်နေတာဖြစ်ပါတယ်။
မိမိတဝမ်းတခါးရေးအတွက်မသမာမှု့တွေရှောင်လွှားပြီး မိမိသိက္ခာ တိုင်းပြည်အရေးကို ဦးစားပေးဆောင်ရွက်ရမည်။
ဘယ်အရာမဆိုပေးဆပ် ဆုံးရုံးခြင်းတွေအနစ်နာခံဆောင်ရွက်မှု့တွေမရှိပဲ ရလဒ်ကောင်းတခုရလာမှာမဟုတ်သလို မိမိတို့လိုချင်တဲ့ပန်းတိုင်လည်းရောက်မှာမဟုတ်ဘူး။
တဦးချင်းဆီပြောင်းလည်းတဲ့စိတ်ဓါတ်တွေနဲ့လုပ်ယင် ညီညွတ်စွာအားလုံးလုပ်ဆောင်ရင်
မတရားတာတွေ ရည်ရှည်ခံနိုင်မှာမဟုတ်ပါဘူး။ပြည်သူတွေထဲမှာ ချစားမှု့တွေကို ဝိုင်းဝန်းပယ်ဖျက်ခြင်း၊
လက်တွဲခေါ်ဆောင်ခြင်းများနဲ့၊ အားပေးကူညီမှု့တွေနဲ့ သွားကြမယ်ဆိုယင် ရွေးကောက်ပွဲအလွန်မှာ ပြည်သူတွေလိုလားတဲ့ပန်းတိုင်
ဟာ လက်တကမ်းကိုရောက်ပြီလို့ပြောလို့ရပါပြီ။အချိန်သည် အရမ်းကိုအရေးကြီးသလို
မိမိတို့ကြိုးပမ်းချက်များဟာနှေးကွေးနေယင် လည်းပန်းတိုင်နဲ့လက်လွဲရမှာဖြစ်ပါတယ်ဆိုတာကိုသတိထားဖို့လိုပါတယ်။(ပြည်သူ့အော်သံ)
No comments:
Post a Comment
wwwwnyinyi@gmail.com