ရင်ဖွင့်စာ --
တိုင်းပြည်အခြေအနေအမြင်ကို သာမန်လူတဦးမြင်တွေ့နေရတဲ့အမြင်ဖြင့်ပြောချင်ပါတယ်။ ပြည်သူတွေလွတ်လပ်စွာပြောဆိုရေးသားပိုင်ခွင့်ရှိရမယ်။
ဆိုတာကိုလည်း လက်ရှိဒီမိုကရေစီလမ်းကိုလျှောက်လှမ်းနေပါပြီလို့ နိုင်ငံတကာကိုပြောနေတဲ့ သမ္မတဦးသိန်းစိန်နှင့် လွှတ်တော်ဝန်ကြီးများ လက်ခံမှာပါ။
တပ်မတော်လို့ ခေါ်တဲ့စစ်တပ်ကနေ တိုင်းပြည်အချုပ်အချာအာဏာနဲ့တိုင်းပြည်ချောက်ထဲမရောက်အောင်ထိမ်းသိမ်းခဲ့ရပါတယ်လို့ဆိုခဲ့ပါတယ်။
အဲလိုတိုင်းပြည်ကိုစေတနာတွေဗလဗွနဲ့ ထိမ်းသိမ်းလာလိုက်ပြီးတော့ သန်းရွှေလည်းသေခါနီးဖြစ်လာတော့ အနားယူလိုက်ပါတယ်။အဲလိုအနားယူတော့မဲ့ အပြောင်းအလဲမှာ တိုင်းပြည်ကို ၂၀၀၈ အခြေခံဥပဒေကို နှစ်နှစ်ဆယ်ကြာရေးဆွဲထားပြီးနောက်၂၀၁၀ ရွေးကောက်ပွဲကိုကျင်းပ သိန်းစိန်သမ္မတနဲ့ ကြံ့ဖွံ့အနိုင်ရပါတီဆိုတာဖြစ်လာခဲ့ပြီးတိုင်းပြည်ကိုအုပ်ချုပ်ပါတယ်။(စကားကျွင်းအနေနဲ့ပြည်သူတွေကရွေးချယ်ခဲ့တာ
လို့ဆိုခဲ့ပါတယ်။)ဒါပေမဲ့ အမှန်အကန်ဟုတ်သလားမဟုတ်သလားဆိုတာကိုပြည်သူတွေအားလုံး ခလေးတွေကစလို့ပေါ့ သိနေပါတယ်။ ဦးသိန်းစိန်ခေါင်းဆောင်နဲ့ လွှတ်တော်ထဲလက်ရှိရောက်နဲ့တဲ့ ဝန်ကြီးအဖွဲ့အစည်းအားလုံးကိုယ်စားလှယ်များအားလုံး၊စစ်တပ်အသိုင်းအဝိုင်းအားလုံးလည်းသိကြပါတယ်။
ပြည်သူတွေဟာ အမှန်အတိုင်းပြောရယင် လက်ရှိအုပ်ချုပ်ရေးဆိုင်ရာအားလုံးနဲ့ ကြံ့ဖွံ့ ပါတီဆိုတာကို မချစ်သော်လည်းအောင့်ကာနမ်း(ရွံ့ကြောက်ဖြစ်နေရတာပါ)
အဲဒါတွေဟုတ်မဟုတ်ဆိုတာ ၁၉၉၀ ရွေးကောက်ပွဲပြင်စဉ်နေချိန်နဲ့ ကျင်းပခဲ့ချိန်တွေ၊ လက်ရှိကြားဖြတ်ရွေးကောက်ပွဲ မှာ NLD ရဲ့စည်းရုံးရေးခရီးစဉ်များကို မြင်တွေ့နေရခြင်းနှင့်ပင်သိသာနိုင်ပါတယ်။
အရှင်းဆုံးပြောရယင် လက်ရှိအစိုးရအဖွဲ့အစည်းတရပ်လုံးရော၊ (လူတွေရော)မူတွေရော(၂၀၀၈အခြေခံဥပဒေ) ပြည်သူတွေမကြိုက်တာအမှန်ပါပဲ။ နေရာတကာဘာမှသက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့
လုပ်ငန်းတွေကိုမသိနားမလည်ပဲနေရာယူနေတဲ့ ဗိုလ်ချုပ်တွေလည်း အားလုံးကိုပြည်သူတွေကမကြိုက်ကြပါဘူး။
သို့သော်လည်းပြည်သူတွေကကြုံထားရတဲ့အတွေ့အကြုံတွေအနေနဲ့ ဦးသိန်းစိန်သမ္မတကို ဧရာဝတီမြစ်ဆုံ စီမံကိန်းကိုရပ်တန့်လိုက်ပါတယ်ဆိုတဲ့ကြေငြာချက်နဲ့ ပြည်သူလူထုက
ဦးသိန်းစိန်တို့ စစ်ဝန်ကြီးများရဲ့ အပြုအမူတွေ ရေလိုက်ငါးလိုက်နေကြပါတယ်။ဒီနေရာမှာ
သမ္မတကြီးများအဖွဲ့ကလည်းနိုင်ငံတကာကို ကြွေးကြော်လို့ရသွားတာပေါ့ တိုင်းပြည်ပြောင်းလည်းရေးတွေ
လုပ်ကိုင်ဆောင်ရွက်နေပါပြီ။ ပြည်သူ့ဆန္ဒကို လက်ခံဆောင်ရွက်နေပါပြီလို့။
ပြည်သူလူထုကလည်းသမ္မတကြီးကို အားကိုးလာကြပါတယ်။ ဘာပြဿနာဖြစ်လာဖြစ်လာ သမ္မတကြီးဆီရောက်၊သတင်းရောက်အောင်ပေးပို့လိုကြပါတယ်။ဘာလို့လည်းဆိုတော့သမ္မတကြီးမိန့်ခွန်းမှာ
ကြွေးကြော်ထားတဲ့ clean government, good governance ဆိုတာကို
ပြတ်ပြတ်သားသားထုတ်ဖေါ်ပြဖို့အချိန်တန်ပြီလို့ထင်မြင်မိပါသည်။
အခုလည်းကြားဖြတ်ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ပြသနာတွေ ၊စရင်းဇယားမမှန်ကန်တာတွေ၊သမ္မတကြီးကြားသိနေရမှာပါ။ အဲလို ကြားသိမှလည်းသမ္မတ အရည်အချင်းရဲ့
တစိတ်တပိုင်းလောက်ပါဝင်မှာပါ။ တိုင်းပြည်သမ္မတ ကပြည်သူအသံကိုအမြဲနားစွင့်နေ၇ပါလိမ့်မယ်။
တိုင်းပြည်စီမံကိန်းတွေဆောင်ရွက်တဲ့နေရာမှာ ဆောက်လုပ်လုပ်ရေးလုပ်ငန်းတွေကြောင့်ပြည်သူတွေထိခိုက်
နစ်နာရတဲ့သတင်းတွေလည်းသမ္မတကြီးကြားရမှာပါ။ ပြည်သူတွေ ပိုင်ဆိုင်တဲ့လုပ်ကိုင်စားသောက်နေတဲ့
လယ်ယာတွေဆုံးရှုံးတော့ လယ်ပိုင်ရှင်လယ်သမားတွေ တာရိုးပေါ်တက်ပြီးအသံကုန်ဟစ်ငိုကြွေးတာက
လွဲလို့ ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်ရမယ်။အမှန်တရားနဲ့ဖြစ်သင့်ဖြစ်ထိုက်တာကိုဘယ်လိုလုပ်ယူရမယ်ဆိုတာ
ကိုမသိနားမလည်ရှာဘူး။ တိုင်းပြည်မှာအဲလို လူတန်းစားတွေအများကြီးရှိတယ်။ အဲလိုလူတွေဟာ
တိုင်းပြည်ရဲ့အခြေခံကြတဲ့လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ လူတန်းစားတွေပါ။မတရားအနိုင်ကျင့်ရာရောက်လွန်းပါတယ်။ "ငါတို့လုပ်စားနေတဲ့လယ်လေးတွေကုန်ပါပြီတော့ ရက်စက်လိုက်ကြတာတဲ့ ကုမ္ပဏီကြီးတွေတဲ့ "
အဲလိုငိုကြွေးနေကြတယ်။
နောက်တိုင်းပြည်ထဲမှာ အများကြီးရှိသေးတယ် ။ရေးရင်ကုန်မယ်မထင်ဘူး။သမ္မတကြီးလည်းဒီပြဿနာ
မရှင်းနိုင်လောက်ပါဘူး(အထင်သေးတာမဟုတ်ပါဘူး) ကုလားလဲဘာဘူ၊ ဘာဘူလည်းကုလားမို့ပါ။
ဝန်ကြီးဌာနတွေ လဒ်စားနေကြတယ်။သိန်းကို ထောင်ဂဏန်း၊သောင်းဂဏန်း။ သမ္မတကြီးအံ့သြသွားသလား။ မအံ့သြပါနဲ့ ဒါတောင် ဝန်ကြီးများအိမ်အသုံးစရိတ်ရှာပေးတာလောက်ပဲရှိ
ပါတယ်။
စီးပွားရေးလုပ်ပိုင်ခွင့်တွေ နေရာချပေးတဲ့ဝန်ကြီးတွေတွင်ခိုးတာ( အိမ်သုံးစရိတ်ရှာပေးတာပါ)
မက ပညာရေးဝန်ကြီးကလည်း ပညာရေးလုပ်ငန်းတွေ မှာ ဆောက်လုပ်ရေးလုပ်ငန်းကန်ထရိုက်တွေ၊
ကျောင်းသုံးသင်ရိုးဖတ်စာအုပ်တာဝန်ခံတွေဖြစ်တော့ စာပုံနှိပ်စက်ကိုထောင် ကျောင်းသုံးစာအုပ်တွေရိုက်
မဝယ်မနေရစည်းကမ်းတွေ ကျောင်းသားတွေထုတ်ပြီး စီးပွားရေးလုပ်ငန်းတခုလို ပညာရေးလောကကို
ကျောင်းသားခလေးငယ်များအကျိုးကို အဲလိုဆောင်ရွက်ခဲ့ပါတယ်။
ဒါတွေလည်းသမ္မတကြီးသိလိမ့်မယ်မျှော်လင့်ပါတယ်။
သိတယ်ဆိုယင်တော့ သမ္မတ အရည်အချင်းထဲက သေးသေးလေးတခုပေါ့ဗျာ။
နောက်အများကြီးရှိသေးတယ်။တိုင်းပြည်အထဲမှာတင်ဖြစ်နေတာနော်သမ္မတကြီးခင်ဗျား၊
အဝေးကြီးမှာမဟုတ်ပါ။ တိုင်းပြည်တခုလုံးဟာသမ္မတကြီးလုပ်ကိုင်နိုင်ယင်(လုပ်ကိုင်တတ်ယင်)အရာရာအားလုံးဟာလက်တကမ်းမှာရှိနေတာ
မျိုးပါ။ ဝန်ကြီးတွေအပေါ်ပိုင်းမှာရှာဖွေစားသောက်သလို လုပ်သလိုပဲ
အောက်ပိုင်း အုပ်ချုပ်ရေးတွေမှာလည်း အများကြီး မြို့နယ်တွေအဆင့်ကနေ ရပ်ကွက်တွေ အုပ်ချုပ်နေတဲ့
အုပ်ချုပ်ရေးမှုးတွေကလည်း ဆိုင်တွေ အခွန်ကောက် ဟိုဟာတွေပြင်ဖို့ ရန်ပုံငွေဆိုတာတွေကောက်
နောက်တော့ ဘယ်ရောက်ကုန်မှန်းမသိဘူးတဲ့။
ဆက်လက်ရေးသားပါအုံးမည်။

No comments:
Post a Comment
wwwwnyinyi@gmail.com