- သတင်း-(ဗီးနပ်စ်မှ-သာလွန်ဇောင်းထက်)

မတ်လ ၁၅ ရက်နေ့ ကျင်းပ ပြုလုပ်သော ပြည်ထောင်စု လွှတ် တော် အစည်းအဝေးတွင် အစိုးရ တင်ပြသည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာ ရေးနှစ်အတွက် အသုံးစရိတ်များကို ပြည်ထောင်စုလွှတ်တော်က စိစစ် ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်ဟုပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ရှင်းပြသည်။
"တရုတ်ချေးငွေနဲ့ လုပ်ထား တဲ့ စီမံကိန်းတွေလည်း ရပ်ဆိုင်းဖို့ လွှတ်တော်က ဆုံးဖြတ်တယ်။ စက်မှုဝန်ကြီးဌာနက ဆောင်ရွက် မယ့် ကျပ်ဘီလျံ ၁၈၀ဝ တန် စီမံကိန်းတွေအားလုံးလည်း ရပ်ဖို့ဆုံး ဖြတ်တယ်။ အခြား ဝန်ကြီးဌာန တွေရဲ့ အသုံးစရိတ်တွေလည်း အသီးသီးလျှော့တယ်"ဟုဦးရဲထွန်း က ဆိုသည်။
အမျိုးသား လွှတ်တော်ကိုယ် စားလှယ်ဦးဖုန်းမြင့်အောင်ကလည်းအစိုးရ အသုံးစရိတ်ကို လျှော့ချခဲ့ရ ခြင်းမှာ တိုင်းပြည် ဆင်းရဲနေပြီး ပြည်သူများ၏ ပိုက်ဆံ မည်မျှ တန်ဖိုးရှိစေသည်ကို ပေါ်လွင်စေခဲ့ ကြောင်း ပြောကြားသည်။
"တိုင်းပြည် ဆင်းရဲနေတဲ့ အတွက် စီမံကိန်းတွေကို မလုပ် သင့်သေးဘူး။ စီမံကိန်းတွေကြောင့် ဘတ်ဂျက်လိုငွေပြပြီး ပြည်သူတွေ ကို ပိုပြီးမဆင်းရဲအောင် လုပ်ဆောင် ကြတာပါ။ ပြည်သူ့ပိုက်ဆံဆိုတာ တန်ဖိုးရှိတယ်ဆိုတာ ပေါ်လွင်စေ တယ်" ဟု ဦးဖုန်းမြင့်အောင်က ပြောဆိုသည်။
သမ္မတဦးသိန်းစိန် ဦးဆောင် သော အစိုးရသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ပြန်လည် ပြင်ဆင်ရေးဆွဲပြီး မတ်လ ၂၀ ရက် နေ့ ဝန်းကျင်တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြဖွယ် ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များ၏ ပြောဆိုချက်အရ သိရှိရသည်။
ပြည်ထောင်စု လွှတ်တော်က နိုင်ငံတော် သမ္မတရုံး အထူးဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ၏ လုပ် ငန်းပမာဏ ၃၁ ဒသမ ၃၆၅ ရာခိုင် နှုန်း၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းတို့ လုပ်ငန်းပမာဏ ၁ ဒသမ ၇၇ ရာခိုင်နှုန်း၊ အားကစား ဝန်ကြီးဌာန လမ်းလယ်ကျွန်းနှင့် မြေယာ ရှုခင်း ပြုလုပ်ပေးခြင်း လုပ်ငန်း၏ လုပ်ငန်းပမာဏ ၂၀ ဒသမ ၂၆ ရာခိုင်နှုန်း၊ ဇမ္ဗူသီရိ Sport Complex တည်ဆောက်ခြင်း လုပ်ငန်း၏ လုပ်ငန်း ပမာဏ ၂၀ ဒသမ ၉၃ ရာခိုင်နှုန်း၊ လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဆည်မြောင်း ဦးစီးဌာန လုပ်ငန်းများ ၏ လုပ်ငန်းပမာဏ ၂၈ ဒသမ ၇၄ ရာခိုင်နှုန်း၊ စက်မှုလယ်ယာ ဦးစီး ဌာန လုပ်ငန်းများ၏ ပမာဏ ၆၅ ဒသမ ၈၉ ရာခိုင်နှုန်း၊ စက်မှုဝန်ကြီး ဌာန မြန်မာ့ ဆေးဝါးလုပ်ငန်းနှင့် စားသောက်ကုန် လုပ်ငန်း၊ မြန်မာ့ ကြွေထည် မြေထည် လုပ်ငန်း၊ အမှတ် (၂) အထွေထွေ အကြီးစား စက်မှုလုပ်ငန်းတို့၏ လုပ်ငန်း ပမာဏ ၅ ရာခိုင်နှုန်း၊ မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ စက်မှုစီမံ ကိန်း ဦးစီးဌာန လုပ်ငန်းများ၏ လုပ်ငန်း ပမာဏ ၁၀ဝ ရာခိုင်နှုန်း၊ အမှတ် ၁ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ဝန်ကြီးရုံး၊ ရေအားလျှပ်စစ် စီမံရေးဦးစီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေး ဦးစီးဌာန၊ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းတို့၏ လုပ် ငန်းပမာဏ ၁၀ ဒသမ ၄၅ ရာခိုင် နှုန်း ၊ အမှတ် ၂ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဝန်ကြီးရုံး၊ လျှပ်စစ်စွမ်း အား ဦးစီးဌာန၊ မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်း၊ လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးရေး၊ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့တို့၏ လုပ်ငန်းပမာဏ ၉ ဒသမ ၉၃ ရာခိုင်နှုန်း၊ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း၊ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုး ရေးဦးစီးဌာန၊ လမ်းတံတားဦးစီး လုပ်ငန်းတို့၏ လုပ်ငန်းပမာဏ ၃၀ ဒသမ ၁၉ ရာခိုင်နှုန်း၊ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန၊ မြန်မာ့ မီးရထားလုပ်ငန်းများ၏ လုပ်ငန်း ပမာဏ ၇ ဒသမ ၉ ရာခိုင်နှုန်း အသီးသီး လျှော့ချရန် လွှတ်တော် ကိုယ်စားလှယ်များ အားလုံးက တညီတညွတ်တည်း ဆုံးဖြတ် ခဲ့ကြသည်။
No comments:
Post a Comment
wwwwnyinyi@gmail.com