Wednesday, March 21, 2012

မဖြစ်ထွန်းတဲ့ ကြက်ဆူစိုက်ခင်းအစား ပဲစင်းငုံ စိုက်ပါရစေဟု တောင်သူတွေ တောင်းဆို


သတင်း-ဘားမားဗီဂျေ

ဧက ၁၀၀ ကြက်ဆူပင် စိုက်ခင်း ဆိုင်းဘုတ်
ပီနောင်တိုင်း ကုမ္ပဏီနဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်း မုံရွာခရိုင် ကနီမြို့နယ် ဇီးပင်တောကျေးရွာက ယာမြေဧက ၁၀၀ ကျော်ကို ခြံစည်းရိုး ကြက်ဆူပင်
စိုက်ခင်းတွေအဖြစ် ၂၀၀၆ ခုနှစ်ကတည်းက စိုက်ပျိုးလာတာ ဖြစ်ပါတယ်။ ယာခင်း ပိုင်ရှင်တွေကတော့ သူတို့ရဲ့ယာတွေမှာ မဖြစ်ထွန်းတဲ့ ကြက်ဆူပင် စိုက်ခင်းတွေ အစား အကျိုးဖြစ်ထွန်းတဲ့ ပဲစင်းငုံကိုသာ
စိုက်ပျိုးချင်တယ်လို့ ဆိုပါတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟာ ၂၀၀၆ ခုနှစ်မှာ ဇီဝလောင်စာ ထုတ်လုပ်ဖို့ အကြောင်းပြပြီး တောင်သူ လယ်သမားတွေကို ကြက်ဆူပင်ကို အတင်း
အဓမ္မ စိုက်ပျိုးခိုင်းခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com