Saturday, March 31, 2012

ကချင်ပြည်နယ်အတွင်းရှိ ဒေသခံတွေကြား ကျီးလန့်စာစား ဒုက္ခရောက်နေ

ကချင်နေ့စဉ်သတင်းမှ-ပြန်လည်ဖေါ်ပြသည်။
ပြီးခဲ့တဲ့ မတ်လ (၂၉) ရက်နေ့ မနက်က မိုးညှင်းမြို့နယ်၊ နမ္မားကျေးရွာ၊ ရန်အောင်ရပ်ကွက်မှာ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ နမ္မားကျေးရွာနေ ဦးကံကောင်းဆိုသူ ရွှေကျင်လုပ်သား
တစ်ဦးသည် ဆွမ်ပရာဘွမ်မြို့နယ်၊ ဆွတ်ခါးကျေးရွာ မြောက်ဘက်ရှိ  ရွှေမှော်မှ ပြန်လာစဉ် ချောင်းစပ်အနီး မှာ ထောင်ထားတဲ့ ကေအိုင်အေအဖွဲ့ရဲ့ မိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့ကာ မိုင်းစများထိမှန် ခဲ့ပြီး မြစ်ကြီးနား ပြည်သူ့ဆေးရုံ မှာ တက်ရောက် ဆေးဝါး ကူသမှု ခံနေရကြောင်း သိရှိရပါတယ်။

ထပ်မံ၍ အဲဒီနေ့ မနက်ပိုင်းမှာပဲ မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာအုပ်စု၊ ကုန်းနှော-မခွယ် ကားလမ်းဘေး ပန်ချူးအိုင် ကျေးရွာနဲ့ နောင်ကွမ်းကျေးရွာတို့မှာ ကေအိုင်အေအဖွဲ့က ထောင်ထားတဲ့ အဝေးထိန်းမိုင်းတစ်လုံးကို နောင်ကွမ်းကျေးရွာနေသူ ရွာသားတစ်ဦးက ကုန်းနှောကျေးရွာကို သွားရောက် စဉ်မှာ တွေ့ရှိခဲ့ပြီး မြန်မာစစ်တပ်ကို သတင်းပို့ခဲ့တဲ့အတွက် စစ်တပ်မှ တာဝန်ရှိသူများက မိုင်းကို ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ သိရှိရပါတယ်။
အဲဒီလို ရွာအနီးအနားပတ်ဝန်းကျင်တွေမှာ မကြာခဏမိုင်းပေါက်ကွဲမှုတွေကြောင့် ဒေသခံ ရွာသူ၊ ရွာသားတွေအနေနဲ့ ကျီးလန့်စာစားဖြစ်နေရပြီး ဘယ်အချိန်၊ဘယ်မှာပေါက်မယ်မှန်းမသိတဲ့ မိုင်းတွေကြောင့် မိရိုးဖလာ တောင်ယာလုပ်ငန်းတွေ အတည်တကျလုပ်ကိုင်ဖို့ အခက်တွေ့နေသလို ရွာမှာရှိတဲ့ မိဘတွေ အနေနဲ့လည်း ကလေးသူငယ်တွေကို ကျောင်းသို့စေလွှတ်ရန် စိုးရိမ်မှုတွေဖြစ်ပေါ်နေကြလို့ ပညာရေး အခက်အခဲတွေ ကြုံတွေ့နေရပြီး ဘယ်ကိုမှ မသွားရဲမလာရဲလောက်အောင် ဖြစ်နေတယ်လို့ ဒေသခံ ရွာသားများမှ ပြောဆိုနေကြပါတယ်။ ကေအိုင်အေ အဖွဲ့တွေရဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် ယခုလို အကြမ်းဖက်လုပ်ရပ်တွေကြောင့် ဒေသခံတွေအနေနဲ့ စိတ်ပျက်အားငယ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေ ပြီး ကေအိုင်အေအဖွဲ့များအား အယုံအကြည်ကင်းမဲ့ကာ အတိဒုက္ခရောက်နေကြရပါတယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com