အဆိုတော်လေးဖြူသို့ သတင်းတမန်ဂျာနယ်မှ မဟုတ်မမှန်သောသတင်းတပုဒ်ကိုလုပ်ကြံရေးသားခဲ့ပါတယ်။
အဆိုတော်လေးဖြူဟာ ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ကိုမဲပေးခဲ့ပြီး၊ ယခုကြားဖြတ်ရေးကောက်ပွဲတွင် မည်သည့်ပါတီကိုမဲပေးရမည်ကို မစဉ်းစားရသေးကြောင်းဖေါ်ပြသောသတင်းကို ရေးသားဖေါ်ပြခဲ့သည်။
ထိုသတင်းနှင့်ပတ်သက်၍အဆိုတော်လေးဖြူမှ မဟုတ်မမှန်ကြောင်းပြန်လည်ဖြေရှင်းပေးရန်နှင့် အစိုးရပိုင်သတင်းစာများမှပြန်လည်တောင်းပန်ရန် တောင်းဆိုခဲ့သည်။
ထိုပြန်လည်တောင်းပန်စာနှင့် ပတ်သက်ပြီးစာဖတ်ပရိတ်သတ်များနှင့် ကိုလေးဖြူပရိတ်သတ်အချို့ကတောင်းပန်စာရေးသားထားသည်ကို ကြည့်၍ Enovoy ဂျာနယ်ကိုမကျေနပ်နိုင်ချေ။ ရှင်းလင်းစွာတောင်းပန်ရေးသားခြင်းမျိုးမဟုတ်ပဲ၊ မလိမ့်တပတ်နှင့်ရေးသားဖေါ်ပြတောင်းပန်ခြင်းများကြောင့် ဂျာနယ်မီဒီယာများမှမဟုတ်မမှန်သတင်းများကို
ပြီးစလွယ်ရေးသားဖေါ်ပြခြင်း၊ ဖြစ်ပေါ်လာသောပြဿနာများအပေါ် တာဝန်ယူမှု့မရှိခြင်း၊ သတင်းအချက်အလက်များကိုယုံကြည်စိတ်ချနိုင်ရခြင်းမရှိခြင်းများကြောင့် ပြည်တွင်းဂျာနယ်များအပေါ်စိတ်ပျက်
မိကြောင်းပြောဆိုနေကြသည်။စီးပွားရေးလုပ်ငန်းတခု အနေဖြင့်ရေးသားဖေါ်ပြချက်များနှင့် သတင်းဖေါ်ပြရေးသားမှု့များသည် မိမိဂျာနယ်နံမည်ကျော်ကြားရေးကိုသာဦးစားပေးနေသည့် ပြည်တွင်းဂျာနယ်အချို့ကြောင့်မလိုလားသောရှုပ်ထွေးမှု့များ
ဖြစ်ပေါ်လာနိုင်ပေသည်။
No comments:
Post a Comment
wwwwnyinyi@gmail.com