ဧပြီလ
၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ပရောက်
မြန်မာနိုင်ငံသားတွေကို မဲပေးနိုင်အောင် အစိုးရက မစီစဉ်ပေးဘူးလို့
ပြည်ပရောက် မြန်မာပြည်သားတွေက ပြောပါတယ်။

၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတုန်းက မဲပေးရပေမယ့် ၂၀၁၀
ရွေးကောက်ပွဲတုန်းကလည်း မဲမပေးခဲ့ရဘူးလို့ သူတို့က ပြောပါတယ်။
စင်ကာပူရောက်မြန်မာတဦးက
“ဟိုတခေါက်တုန်းကသာ ဆန္ဒခံယူပွဲ မို့လို့သာလေ သူက Yes or No ၂ခုပဲ
ပေးရတာကိုး။ အဲဒီလိုမျိုးတုန်းက ပေးရတာ။ ပြီးခဲ့တဲ့
ရွေးကောက်ပွဲတွေ တုန်းကလည်း ပေးမှ မပေးရတာ ဒီမှာလေ။ အခု
ဒီမဲကလည်း ဘာမှ မကြားဘူး။”လို့ ပြောပါတယ်။
ထိုင်းနိုင်ငံရောက်
နေတဲ့ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်တဲ့ မြန်မာနိုင်ငံသား
သိန်းပေါင်းများစွာကို မဲပေးနိုင်ရေးကိစ္စကို မြန်မာသံရုံးက
ဘာမှမပြောလို့ မသိပါဘူးလို့ ဘန်ကောက်မှာနေတဲ့
မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူ ဦးကျော်သောင်းက ပြောပါတယ်။
“ဒီနေ့ဒီအချိန်အထိ
ကျနော်တို့ အလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့တွေကိုရော၊
အလုပ်သမား တဦးချင်းစီကိုပါ ဘန်ကောက် မြန်မာသံရုံး ကနေပြီးတော့
ကြိုတင်မဲ ကိစ္စရော၊ မဲထည့်မယ့် ကိစ္စတွေရော အကြောင်းကြားမျိုး
မရှိသေးဘူး။”
ဂျပန်နိုင်ငံက
မြန်မာတချို့ကတော့ ဇန်နဝါရီလဆန်းပိုင်းကတည်းက ကြိုတင်မဲပေးရတာ
ရှိတယ်လို့ တိုကျိုမြို့က မြန်မာတဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့
ဇန်နဝါရီလောက်ကတည်းက သူတို့ နီးစပ်တဲ့လူတွေ စာရင်း
ပေးပို့တာပေါ့။ ပြီးခဲ့တဲ့ တပတ်ကဆိုရင် မဲသွားပေးတာမျိုးတွေ
ရှိပါတယ်။ အများစုကတော့ မဲပေးခွင့် မရကြဘူးပေါ့လေ။”
သံရုံးက ဒီနေ့ထိ မဲပေးဖို့ ဘာမှ အကြောင်းမကြားဘူးလို့ မလေးရှားရောက် မြန်မာတဦးက ပြောပါတယ်။
“မဲပေးဖို့အတွက် သံရုံးကို သွားထည့်ဖို့က…။ ဒါပေမယ့် မဲဘယ်မှာပေးမှန်း မသိဘူး ဖြစ်နေတယ်လေ အဲဒီလို၊ ဘာမှ မသိဘူး။”(သတင်း- DVB)
No comments:
Post a Comment
wwwwnyinyi@gmail.com