ဒေါ်အောင်ဆန်းစုကြည်(အမေစု)နှစ်ဆန်းတစ်၇က်နေ့မှာ ကော့မှုးကိုသွားရောက်ခဲ့ပါတယ်။
RFA ရဲ့လွတ်လပ်တဲ့အာရှအသံအစီအစဉ်ကနေတင်ဆက်တာပါ။
ဒါလေးကိုပြန်လည်ဝေငှလိုက်ရတာတော့ ကော့မှုးရဲ့နေပူပူ လယ်ကွင်းပြင်မှာ ပြည်သူတွေနဲ့အတူ
အနုပညာသည်များမှဖျော်ဖြေတင်ဆက် တာကို ပျော်ရွှင်နေယင်း"ဆရာမ"သီချင်းကို လိုက်ဆိုပျော်ရွှင်နေ
တာကိုမြင်ရတော့ ကျန်မိမိဘလောက်မိတ်ဆွေများကိုလည်းကြည့်စေလိုစိတ်ပေါ်လာလို့ပါ။
သတင်းကတော့ နှစ်ဆန်းတစ်ရက်သတင်းပါ။
ဆရာမ ဆိုတဲ့သီချင်းရဲ့ရာဇဝင်ကိုလည်းသိကြမယ်လို့ထင်ပါတယ်။ဒီသီချင်းကိုရေးဆပ်သူနာမည်ကိုအတိအကျမသိပါ။
ဗိုလ်ချုပ်အောင်ဆန်းရဲ့မိတ်ဆွေတဦးက ဗိုလ်ချုပ်အတွက်ရည်ရွယ်စပ်ဆိုခဲ့တယ်လို့ပဲကြားခဲ့ဘူးပါတယ်။ယခင်ကစတီဒီယို
တေးသံရှင်များထဲက အောင်မြင်ခဲ့တဲ့ အဆိုတော်ဘိုဘိုဟန်ဟာ ဒီသီချင်းကို စတိတ်ရှိုးပွဲတော်တော်များများမှာ သီဆိုဖြစ်ခဲ့ပြီး လူကြိုက်များခဲ့တဲ့သီချင်းတပုဒ်ဖြစ်ခဲ့ဘူးပါတယ်။

No comments:
Post a Comment
wwwwnyinyi@gmail.com