Friday, April 20, 2012

သမ္မတ ဦးသိန်းစိန် ဂျပန် နိုင်ငံ သို့ ရောက်ရှိ

by FNG on April 20, 2012
မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်သည် ယနေ့  ဂျပန်စံတော်ချိန် နံနက် အစောပိုင်းတွင်ဂျပန်နိုင်ငံတိုကျိုမြို့သို့ ဆိုက်ရောက်လာသည်ဟုဂျပန်သတင်းဌာနတစ်ခုဖြစ်သည့်

Thein-Sein-myanmar-singaporeကျိုဒို ရေဒီယိုအစီအစဉ်မှထုတ်လွှင့်သွားသည်။
ဦးသိန်းစိန်၏ ငါးရက်တာ လည်ပတ်မည့် ဂျပန်နိုင်ငံခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ယိုရှိကို နိုဒါနှင့် တွေ့ဆုံကာ ဂျပန်နိုင်ငံမှ ချေးယူထားသည့် ကြွေးမြိကိစ္စနှင့် ရင်းနှီးမြုပ်နှံမှုကိစ္စ
များကို ဆွေးနွေးမည်ဖြစ်သည်။ ဦးသိန်းစိန်၏ ဂျပန်ခရီးစဉ်သည် နှစ်ပေါင်း ၂၈ နှစ် အတွင်းမြန်မာအစိုးရခေါင်းဆောင်တစ်ယောက်၏ ဂျပန်နိုင်ငံခရီးစဉ် ဖြစ်သည်။


မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား အမြောက်အမြား လွှတ်ပေးခြင်း အခြားသော တိုး
တက်ပြောင်းလဲမှုဖြစ်စဉ်များကြောင့် ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့  ပင်လယ်ရပ်ခြား ဖွံ့ဖြိုး
တိုးတက်ရေး အထောက်အပံ့ ချေးငွေ (ODA) များကို ပြန်လည် ပေးအပ်တော့မည် ဖြစ်သည်။
ဂျပန်အစိုးရက မြန်မာနိုင်ငံကို ODA ချေးငွေများ ရပ်ဆိုင်းခဲ့သည်မှာ ဆယ်စုနှစ် နှစ်စု နီးပါးရှိ
ပြီ ဖြစ်သည်။
ဂျပန်သည် မြန်မာအစိုးရ၏ အကြီးဆုံး မြီရှင် နိုင်ငံဖြစ်ပြီး မြန်မာအစိုးရအဆက်ဆက်မှာ ဂျပန်
နိုင်ငံမှ ယန်း ၄၈၀ ဘီလျှံ ချေးယူထားခဲ့သည်။
ဦးသိန်းစိန်၏ ခရီးစဉ်တွင် နိုင်ငံခြားရေးဝန်ကြီးနှင့် စီးပွား ကူးသန်းဝန်ကြီးတို့ လိုက်ပါသွား
သည်။
ဦးသိန်းစိန်သည် TIME မဂ္ဂဇင်းမှာ ဆန္ဒကောက်ခံခဲ့သည့် ကမ္ဘာ့  သြဇာအရှိဆုံး အယောက် ၁၀၀
စာရင်းတွင် ပါဝင်ခဲ့သည်။
ဂျပန် နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သည့် ခရီးစဉ်အတွင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံခဲ့သည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဥက္ကဌ ဦးနေ၀င်းသည် ၁၉၈၄ ခုနှစ်က ဂျပန်နိုင်ငံသို့  နောက်ဆုံး
အကြိမ်အဖြစ် သွားရောက်လည်ပတ်ခဲ့သည်။

No comments:

Post a Comment

wwwwnyinyi@gmail.com