Friday, April 20, 2012

အရှင်ဂန္ဘီရ လူဝတ်လဲပြီ


၂၀၀၇ ခုနှစ်ရွှေဝါရောင် သံဃာအရေးအခင်းမှာဦးဆောင်ပါဝင်ခဲ့မှု့နဲ့ ထောင်ဒဏ် ၆၃ နှစ် ကျခံခဲ့ရာကလွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာတဲ့ ကိုညီညီလွင်( အရှင်ဂန္ဘီရ )ဟာပြီးခဲ့တဲ့ နှစ်ဆန်း ၁ ရက်နေ့ကလူဝတ်လဲလိုက်ပြီလို့ပြောပါတယ်။ လွတ်လွတ်လပ်လပ်နေချင်လို့ဖြစ်ပြီး မိတ္ဘီလာမြို့ မိတ္ဘီလာစက်မှု့ဇုံမှာ ရှိတဲ့မိဘတွေရဲ့နေအိမ်မှာပဲ နေထိုင်တယ်လို့ ကိုညီညီလွင်ကပြောပါတယ်။      လူထွက်လိုက်တာဟာအပြီးထွက်လိုက်တာ ဖြစ်ပြီး အပြင်မှာဘာတွေလုပ်ကိုင်စားသောက်မယ်ဆိုတာတော့ တိတိကျကျ မဆုံးဖြတ်ရသေးဘူးလို့ဆိုပါတယ်။

       ကိုညီညီလွင်ခေါ် အရှင်ဂန္ဘီရဟာ သာသနာဘောင်မှာ ၁၃ ဝါနေထိုင်ခဲ့တယ်လို့ပြောပါတယ်။(DVB)

No comments:

Post a Comment

wwwwnyinyi@gmail.com