မြန်မာနိုင်ငံထဲ လတ်တလော ဖြစ်နေတဲ့ ဆန္ဒပြမှုတွေမှာ နိုင်ငံရေးပါတီတွေ
မပတ်သက်ကြ ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ဒီကနေ့
နိုင်ငံရေးပါတီတချို့ကို ခေါ်ယူ သတိပေးခဲ့ပါတယ်။ အထူးသဖြင့် လှိုင်သာယာမှာ
ဖြစ်နေတဲ့ အလုပ်သမားတွေရဲ့ ပြဿနာမှာ နိုင်ငံရေးပါတီ တချို့က ၀င်ရောက်
စွက်ဖက်မှုတွေ ရှိနေတယ်လို့ အလုပ်သမား ၀န်ကြီးဌာနကို တိုင်ကြားလာတာတွေ
ရှိတဲ့အတွက် အခုလို ခေါ်ယူ တွေ့ဆုံရတာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် က
ပြောပါတယ်၊
Wednesday, May 30, 2012
ဒေါ်အောင်ဆန်းစုကြည် နေရူး အထိမ်းမှတ် မိန့်ခွန်းပြောမည်

ဓာတ်ပုံ ASSOCIATED PRESS
မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေ နဲ့ အထူး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း အိန္ဒိယ၀န်ကြီးချုပ်က ပြောခဲ့ပါတယ်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ အနေ နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ပါဝင် လုပ်ဆောင်နိုင် တာတွေ ရှိပြီး အိန္ဒိယနဲ့ ဆက်ဆံရေး ပိုပြီး နီးကပ်လာမယ့် အလားအလာအပေါ် ၀မ်းသာမိပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြောခဲ့ပါ တယ်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ လုံခြုံရေးပူးပေါင်းဆောင်ရွက်မည်။
ဆန္ဒပြ တောင်းဆိုမှုကိစ္စ နိုင်ငံရေးပါတီများ ပါဝင်ဖြေရှင်းဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပန်ကြား
RFA
၂၀၁၂ ခုနှစ် မေလ ၂၉ ရက်က
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက
လျှပ်စစ်မီးရရှိရေးနှင့် အလုပ်သမားအခွင့်အရေးတောင်းဆိုမှုကိစ္စအား
ဆွေးနွေးနေစဉ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး
RFA
၂၀၁၂ ခုနှစ် မေလ ၂၉ ရက်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်မှာ ဒီကနေ့ ၄၅ မိနစ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
အနှစ်နှစ်ဆယ်ကျော် ကာလ အတွင်း မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးပြည်ပ ခရီးစဉ် အဖြစ်ထိုင်းနိုင်ငံသို့ထွက်ခွာ

တရုတ်နယ်စပ်မှ ကချင်ပြည်နယ်ရှိ Strip Mine သတ္တုတွင်း တစ်ခုအကြောင်း
(Please find the English version of this article at the
end of this Burmese version.)
တရုတ်နယ်စပ်မှ ကချင်ပြည်နယ်ရှိ Strip Mine သတ္တုတွင်း တစ်ခုအကြောင်း

ဝန်ကြီးဌာန ဝက်ဘ်ဆိုက်များ သတင်းအချက်အလက် ထုတ်ပြန်မှု အလွန်နည်းပါး
မြန်မာနိုင်ငံအတွင်းရှိ ဝန်ကြီးဌာနများမှ တရားဝင် လွှင့်တင်ထားသော အင်တာနက် ဝက်ဘ် စာမျက်နှာအများစုမှာ သတင်းအချက်အလက် ထုတ်ပြန်မှု မရှိသလောက် နည်းပါးကြောင်း လေ့လာ တွေ့ရှိ ရသည်။
ယခုအစိုးရသစ် လက်ထက်တွင် ဝန်ကြီးဌာနပေါင်း ၃၄ ခုရှိပြီး အဆိုပါ ဝန်ကြီးဌာနများအနက် ကာကွယ်ရေး၊ နယ်စပ်ရေးရာ၊ ပြန်ကြားရေး နှင့် အမှတ်(၂) လျှပ်စစ် ဝန်ကြီးဌာန ၄ ခုတို့မှာ သတင်း ထုတ်ပြန် ရန် အင်တာနက် ဝက်ဘ်စာမျက်နှာပင် တရားဝင် လွှင့်တင်ထားခြင်း မရှိ ပေ။
အစာငတ်ခံ ဆန္ဒပြရင်း လဲကျသူ ၁၀ ဦးအထိရှိလာ
Yangon Crown သံမဏိ စက်ရုံမှ အလုပ်သမားများ အစာငတ်ခံ ဆန္ဒပြ နေသည်ကို ယမန်နေ့က တွေ့ရစဉ်(ဓာတ်ပုံ - မျိုးမင်းသွင် ဖေ့စ် ဘုတ် မှ)
ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်ရှိ Yangon Crown သံမဏိ စက်ရုံတွင် အစာငတ်ခံ ဆန္ဒပြနေကြသော အလုပ်သမား ၄၁ ဦးအနက်မှ အားပြတ်လဲကျခဲ့သူ ၁၀ ဦး အထိ ရှိသွားပြီ ဖြစ် ကြောင်း အလုပ်သမားကူညီရေးအဖွဲ့များက ပြောသည်။ အခြေခံလစာ တိုး မြှင့်ပေးရေးနှင့် အလုပ်သမားအခွင့်အရေးများ ပေးရေးတို့ကို ယခုလ ၂၅ ရက်နေ့က စ၍ အစာငတ်ခံတောင်းဆို ခဲ့ကြရာ တတိယ မြောက် နေ့တွင် ကိုဇော်မင်းလတ်ဆိုသူမှာ
ပါဖောမန့်ပြသူ အနုပညာရှင်များ တရားစွဲခံရ
Tuesday, May 29, 2012
နှစ်နိုင်ငံအနုပညာဖလှယ်ရေး
အတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပါဖောမန့် ပြသနေသည့် မြန်မာ
အနုပညာရှင် မိုးစက် (ဓာတ်ပုံ - မိုးစက်၏ facebook မှ)
မန္တလေးကျုံး မြောက်ဘက်ထောင့်တွင် ပါဖောမန့်စ် (Performance) ပြခဲ့သည့် အနုပညာရှင် ၇ ဦးအား ယနေ့ တရားစွဲကာ ၃၁ ရက်နေ့တွင် ရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
Tuesday, May 29, 2012
၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက်နိုင်ငံတကာမှ လာရောက်ကူညီတော့မည်

၎င်းအပြင် ဂျပန်၊ ကိုရီးယား၊ စင်ကာပူနိုင်ငံတို့မှလည်း လျှပ်စစ် ထုတ်လုပ်သည့်နည်းပညာပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း အမှတ် (၂) စက်မှုဝန်ကြီးဌာနမှ သိရသည်။ ရန်ကုန်မြို့တော် ၂၄ နာရီမီးရရှိ ရေးအတွက် စင်ကာပူနိုင်ငံမှ 2 MW ထုတ်လုပ်ပေးနိုင်သော မီး စက် ၆ လုံး၊ 1 MW ထုတ်လုပ်ပေး နိုင်သော
အစာငတ်ခံ ဆန္ဒပြသည့် မှော်ဘီ သံမဏိစက်ရုံအလုပ်သမား ၂ဦး ဆေးရုံပို့ထားရ
မေလ ၂၈ရက်၊ ၂၀၁၂။ နော်ဆဲကလယ် (ကေအိုင်စီ)

လွန်ခဲ့သည့် ၂၀ရက်(တနင်္ဂနွေနေ့)မှ စတင်၍ ၎င်းစက်ရုံရှိ အလုပ်သမား ၃၀၀ကျော်က လုပ်ငန်းရှင်ထံသို့ အချက် ၁၃ချက်ပါ တောင်းဆို ချက်များကို တင်ပြထားသော်လည်း
အိန္ဒိယ-မြန်မာ စီးပွားရေးသဘောတူညီမှုတွေရရှိ

ဓာတ်ပုံ ASSOCIATED PRESS
မြန်မာနိုင်ငံကို
သုံးရက်ကြာခရီးစဉ်နဲ့ရောက်နေတဲ့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Manmohan Singn
ဟာ ဒီကနေ့မှာတော့ နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး
နှစ်နိုင်ငံ အကျိုးတူပူးပေါင်းနိုင်မယ့် လုပ်ငန်းစဉ်တွေကို
ညှိနှိုင်းဆွေးနွေးတာနဲ့ နှစ်ဘက်သဘောတူညီချက်စာချွန်လွှာ လက်မှတ်ရေးထိုးတာတွေ
လုပ်ခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် Manmohan Singn ဟာ မနက်ဖြန် မှာတော့
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မှာ
တွေ့ဆုံကြမှာ လည်း ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံ ကမ္ဘာ့စီးပွားရေးဖိုရမ် မတက်ဖြစ်တော့
သမ္မတ ဦးသိန်းစိန်သည် မတ်လ ၃ဝ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် မ သေ ချာတော့ကြောင်း သမ္မတရုံးနှင့် နီးစပ်သူ အသိုင်းအဝိုင်းမှ စုံစမ်း သိရှိရသည်။
ဦးသိန်းစိန် အနေဖြင့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ မတက်ရောက်ဖြစ်တော့သော်လည်း အလည်အပတ်အနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက် နိုင်ကြောင်း သမ္မတ ရုံးနှင့် နီးစပ်သူ တဦးက ပြောသည်။
ကျောက်ကြီးသို့ နော်ဝေ ဒုနိုင်ငံခြားရေးဝန်ကြီး သွားရောက်
“မနက်ဖြန် ၉နာရီ ရန်ကုန်က စထွက်မယ်။ လ၀က (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန) ၀န်ကြီးဦးခင်ရီနဲ့ ကရင်အမျိုး သားအစည်းအရုံးဖက်က ဦးထူး ထူးလေးတို့လည်း ပါမယ်”ဟု ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးက ယမန်နေ့က ပြောခဲ့သည်။
Sunday, May 27, 2012
ရန်ကုန် လျှပ်စစ်မီးရရှိရေး စတုတ္ထနေ့ ဆန္ဒထုတ်ဖော်ခဲ့
Sunday, May 27, 2012
လျှပ်စစ်မီး အပြည့်အ၀ ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲကို ယမန်နေ့(မေလ ၂၅ရက်နေ့)က စတုတ္ထနေ့အဖြစ် ရန်ကုန်မြို့တွင် ဆက်လက် စီတန်းလှည့်လည်ခဲ့ကြသည်။
ဆူးလေဘုရားလမ်းရှိ လက်ရွေးစင် လက်ဖက်ရည်ဆိုင်ရှေ့မှ ည ၇နာရီတွင် လူ ၂၀၀ကျော်ခန့်မှ ဆောင်ပုဒ်များ၊ ဖယောင်းတိုင်မီးများ ကိုင် ဆောင်ကာ မီးပွိုင့်ကို ဖြတ်ကျော်ပြီး ဆူးလေးမီးသတ်အရှေ့မှ ဆူး လေအ၀ိုင်းပတ်လမ်းသို့ နှစ်ယောက်တစ်တွဲစီဖြင့် လက်ဝဲရစ် သုံးပတ် လှည့်လည်ကြပြီးနောက် ကြာသပတေးနံ ဂြိုလ်ထောင့်သို့ သွားရောက်ကာ ဆီမီးပူဇော်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်း သွားဖို့အစီအစဉ်ရှိ

(Photo: AFP)
ထိုင်းမြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းတွင်
အစားအသောက် ခွဲတမ်းအတွက် တန်းစီနေကြသော မြန်မာ တိုင်းရင်းသား ဒုက္ခသည်များ
ဖြစ်ပါသည်။ (Photo: AFP)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ညီလာခံကို တက်ရောက်မယ့် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း ထိုင်း ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်နဲ့အတူ နယ်စပ်က မယ်လ ဒုက္ခသည် စခန်းကို သွားရောက်မယ်လို့ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အဖွဲ့အစည်းတွေက လာတဲ့သတင်းတွေအရ သိရပါတယ်။
သမ္မတဦးသိန်းစိန် အကြံပေး ကောင်စီ ဖွဲ့စည်းရန်ပြင်ဆင်
ကလေးတဦးကို ထိုးကြိတ်မှုအတွက် မျိုးကျော့မြိုင် တိုင်ကြားခံရ
2012-05-26
နှိပ်စက်ခံရတဲ့ ကလေးအမည်က မောင်ဟိန်းမင်းသူ ဖြစ်ပြီး ဆေးရုံမှာ ကုသမှုခံခဲ့ရပြီးတာနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ ဒီ ကိစ္စနဲ့ပတ်သက်လို့ မောင်ဟိန်းမင်းသူ နဲ့ အဆိုတော် မျိုးကျော့မြိုင်တို့ကို RFA အဖွဲ့သားတွေက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ကိုနေရိန်ကျော်ရဲ့ တင်ပြချက်ကို
ထိုလင့်ကိုနှိပ်၍http://www.rfa.org/burmese/news/child-abuse-05262012131106.html/child-abuse-05262012131106.html/b0526nrk7.mp3 နားဆင်ပါ။
စက်ရုံငါးခု လုပ်သား ပြဿနာ ပြေလည်မှုရ

ပုလဲ၊ စံပယ်ပွင့်၊ YJ၊ အာရှနှင်းဆီ အထည်ချုပ် စက်ရုံ လေးရုံနှင့် Miss Style ဖိနပ် စက်ရုံတို့မှ အလုပ်သမား ပြဿနာများ ပြေလည် သွားပြီ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။
မေးခွန်း(၃)ခု ကို ပြန်လည်ဖြေကြားပေးတဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း (အသံဖိုင်)
ပြည်မြို့ ဖယောင်းတိုင် လှုပ်ရှားသူများအား အကြမ်းဖက်ခဲ့သည် မြင်ကွင်း (ရုပ်သံ)
ပြည်မြို့တွင် လျှပ်စစ်မီးရရှိရေး အတွက် မေ ၂၅ ရက်က ဆန္ဒပြ တောင်းဆိုသူအချို့အား အာဏာပိုင်အဖွဲ့အစည်းများမှ အဓမ္မ အင်အားသုံး အကြမ်းဖက်ဆောင်ရွက်ခဲ့တာ ကိုဖေါ်ပြပါ ဗီဒီယိုဖိုင်တွင်မြင်တွေ့ရမှာဖြစ်ပါတယ်။
လက်ရှိ တိုင်းပြည်ပြောင်းလဲရေးများနှင့် ပြုပြင်နေဆဲကာလမှာ ဦးသိန်းစိန်အစိုးရ အဖွဲ့သည် ပြည်သူလူထု၏ ယုံကြည်လာမှု့ကို ပြန်လည်တည်ဆောက်နေသည့်အချိန်လည်းဖြစ်သင့်သည်။
ယခင်အချိန်များစွာကပင်တိုင်းပြည်ပြည်သူလူထုအပေါ် အုပ်ချုပ်ရေးအာဏာပိုင်များသည် အာဏာဖြင့် လုပ်ချင်တာကို ဇွတ်အတင်းလုပ်အနိုင်ကျင့်ခဲ့သည်ကို ယခုအချိန်တွင် ပြောင်းလဲသင့်ပေသည်။အဖက်ဖက်ကတိုင်းပြည်ချွတ်ချုံကျနေခြင်းသည် ထိုသို့သောအကြမ်းဖက် အုပ်ချုပ်မှု့များကြောင့် ဆိုလျှင်မှားမည်မထင်ပါ။ရဲ ၊လုံထိမ်းစသော အာဏာပိုင်များကို ဖွဲ့စည်းထားသော သူများသည်မည်သူများပါသနည်း။
၎င်းအဖွဲ့အစည်းများကို မည်သူက ထိုသို့ဆောင်ရွက်ရန် အမိန့်ပေးထားပါသနည်း။
ထိုအဖွဲ့အစည်းများကို ဖွဲ့စည်းထားသူများ၊ အုပ်ချုပ်အမိန့်ပေးနေသူများသည် တွေးခေါ်ဆင်ခြင်နိုင်အားနည်းသူများ၊ အသိဥာဏ်နည်းသူများ၊ ပြသနာကို ကိုင်တွယ်မဖြေရှင်းတတ်သူများ၊ ကအုပ်ချုပ်နေခြင်းကြောင့်၊ နည်းလမ်းကျဆောင်ရွက်တတ်သော စနစ်ကို မသိရှိခြင်းကြောင့်များသာ ယခုကဲ့သို့ အကြမ်းဖက်ဖြေရှင်းခြင်းများကိုသာ လုပ်ဆောင်နေခြင်းဖြစ်သည်။အတိုချုပ်ပြောလျှင် ပညာအသိဥာဏ် နှင့်
နိုင်ငံတကာ အသိုင်းအဝိုင်းများနှင့် တန်းတူမဆက်ဆံနိုင်ခြင်း အသိဥာဏ် နောက်ကျနေသူများတိုင်းပြည်ကို
အုပ်ချုပ်မင်းလုပ်နေခဲ့ကြခြင်းကြောင့်ဖြစ်သည်ဟုသုံးသပ်ရပေမည်။( ပြည်သူ့အော်သံ)
လက်ရှိ တိုင်းပြည်ပြောင်းလဲရေးများနှင့် ပြုပြင်နေဆဲကာလမှာ ဦးသိန်းစိန်အစိုးရ အဖွဲ့သည် ပြည်သူလူထု၏ ယုံကြည်လာမှု့ကို ပြန်လည်တည်ဆောက်နေသည့်အချိန်လည်းဖြစ်သင့်သည်။
ယခင်အချိန်များစွာကပင်တိုင်းပြည်ပြည်သူလူထုအပေါ် အုပ်ချုပ်ရေးအာဏာပိုင်များသည် အာဏာဖြင့် လုပ်ချင်တာကို ဇွတ်အတင်းလုပ်အနိုင်ကျင့်ခဲ့သည်ကို ယခုအချိန်တွင် ပြောင်းလဲသင့်ပေသည်။အဖက်ဖက်ကတိုင်းပြည်ချွတ်ချုံကျနေခြင်းသည် ထိုသို့သောအကြမ်းဖက် အုပ်ချုပ်မှု့များကြောင့် ဆိုလျှင်မှားမည်မထင်ပါ။ရဲ ၊လုံထိမ်းစသော အာဏာပိုင်များကို ဖွဲ့စည်းထားသော သူများသည်မည်သူများပါသနည်း။
၎င်းအဖွဲ့အစည်းများကို မည်သူက ထိုသို့ဆောင်ရွက်ရန် အမိန့်ပေးထားပါသနည်း။
ထိုအဖွဲ့အစည်းများကို ဖွဲ့စည်းထားသူများ၊ အုပ်ချုပ်အမိန့်ပေးနေသူများသည် တွေးခေါ်ဆင်ခြင်နိုင်အားနည်းသူများ၊ အသိဥာဏ်နည်းသူများ၊ ပြသနာကို ကိုင်တွယ်မဖြေရှင်းတတ်သူများ၊ ကအုပ်ချုပ်နေခြင်းကြောင့်၊ နည်းလမ်းကျဆောင်ရွက်တတ်သော စနစ်ကို မသိရှိခြင်းကြောင့်များသာ ယခုကဲ့သို့ အကြမ်းဖက်ဖြေရှင်းခြင်းများကိုသာ လုပ်ဆောင်နေခြင်းဖြစ်သည်။အတိုချုပ်ပြောလျှင် ပညာအသိဥာဏ် နှင့်
နိုင်ငံတကာ အသိုင်းအဝိုင်းများနှင့် တန်းတူမဆက်ဆံနိုင်ခြင်း အသိဥာဏ် နောက်ကျနေသူများတိုင်းပြည်ကို
အုပ်ချုပ်မင်းလုပ်နေခဲ့ကြခြင်းကြောင့်ဖြစ်သည်ဟုသုံးသပ်ရပေမည်။( ပြည်သူ့အော်သံ)
ရန်ကုန် လျှပ်စစ်မီးရရှိရေး စတုတ္ထနေ့ ဆန္ဒထုတ်ဖော်ခဲ့
မေလ ၂၆ရက်၊ ၂၀၁၂။ နော်ဆဲကလယ် (ကေအိုင်စီ)

ဆူးလေဘုရားလမ်းရှိ လက်ရွေးစင် လက်ဖက်ရည်ဆိုင်ရှေ့မှ ည ၇နာရီတွင် လူ ၂၀၀ကျော်ခန့်မှ ဆောင်ပုဒ်များ၊ ဖယောင်းတိုင်မီးများ ကိုင် ဆောင်ကာ မီးပွိုင့်ကို ဖြတ်ကျော်ပြီး ဆူးလေးမီးသတ်အရှေ့မှ ဆူးလေအ၀ိုင်းပတ်လမ်းသို့ နှစ်ယောက်တစ်တွဲစီဖြင့် လက်ဝဲရစ် သုံးပတ် လှည့်လည်ကြပြီးနောက် ကြာသပတေးနံ ဂြိုလ်ထောင့်သို့ သွားရောက်ကာ ဆီမီးပူဇော်ခဲ့ကြသည်။
Saturday, May 26, 2012
စစ်အရာရှိများ တဘက်နိုင်ငံသို့ သစ်မှောင်ခို ခိုးထုတ်ရာတွင် ပါဝင် ပတ်သက်နေ
မြောင်းတကာ သံမဏိစက်ရုံ အစာငတ်ခံ ဆန္ဒပြ
![]() |
(Photos: ASH) |
ဒီနေ့မနက် ၉ နာရီကစပြီး သံမဏိစက်ရုံ အလုပ်သမားတွေထဲက ၂၅ ယောက်ဟာ သူတို့တောင်းဆို တဲ့ အခြေခံလစာ ရပိုင်ခွင့်တွေကို မရမချင်း အစာငတ်ခံဆန္ဒပြသွားမယ်လို့ ဆိုပါတယ်။
လူထုတောင်းဆိုမှုကို အကြမ်းမဖက်ဖို့ အာဆီယံအကြီးအကဲ သတိပေး
Photo courtesy of ASEAN web site
အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ်
မြန်မာနိုင်ငံမှာ လတ်တလောပေါ်ပေါက်နေတဲ့ လျှပ်စစ်စွမ်းအင်ရရှိရေး ဆန္ဒထုတ်ဖော်မှုတွေကို အကြမ်းမဖက်ဘဲ အေးဆေးညင်သာ ဖြေရှင်းပြီး၊ ဒါတွေဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းရာမှာ ဖြစ်မြဲဓမ္မတာ ကိစ္စတွေအဖြစ် ရှုမြင်ဖို့ လိုအပ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ်က မြန်မာအစိုးရကို ကြာသပတေးနေ့က တိုက်တွန်း သတိပေးလိုက်ပါတယ်။
လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ
လျှပ်စစ်မီး၂၄နာရီ ရရှိရေး၎ရက်မြောက်နေ့ ရန်ကုန်တွင်ဆန္ဒဖော်ထုတ်
ရန်ကုန်မြို့ ဆူးလေဘုရား ၀န်းကျင်၌ မေလ (၂၅)ရက်နေ့  ည(၇)နာရီကျော်ခန့်
အချိန်တွင် စတုတ္တနေ့ အဖြစ် လျှပ်စစ်မီး ၂၄နာရီ ရရှိရေး ဆန္ဒဖော်ထုတ်မှုတွင်
လူ(၁၀၀၀)ကျော် ပါဝင်ခဲ့ပြီး တစ်ရက်ထက်တစ်ရက် ပါဝင်လာမှု
ပိုမိုများပြားလာခဲ့ကြောင်း Popular Myanmar News Journal-Facebook
စာမျက်နှာမှာ ဖော်ပြထားပါသည်။
ရန်ကုန်မြို့လျှပ်စစ်မီးရရှိရေး စတုတ္ထနေ့အဖြစ် ယနေ့ ၂၅.၅.၂၀၁၂ ညပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသော ရန်ကုန်မြို့နေပြည်သူများက လျှပ်စစ်ဝန်ကြီးများ နှုတ်ထွက်ပေး ရန် တောင်းဆိုကြွေးကြော်ခဲ့ ကြပြီး နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင် အား ပြင်းထန်စွာရှုတ်ချခဲ့ကြသည်။
ရန်ကုန်မြို့လျှပ်စစ်မီးရရှိရေး စတုတ္ထနေ့အဖြစ် ယနေ့ ၂၅.၅.၂၀၁၂ ညပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသော ရန်ကုန်မြို့နေပြည်သူများက လျှပ်စစ်ဝန်ကြီးများ နှုတ်ထွက်ပေး ရန် တောင်းဆိုကြွေးကြော်ခဲ့ ကြပြီး နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင် အား ပြင်းထန်စွာရှုတ်ချခဲ့ကြသည်။
လျှပ်စစ်မီးရရှိရေး ဆန္ဒပြ ပြည်သူတွေကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ပြည်မြို့ ကိုလည်း မီးစက်တွေရောက်ရှိလာ
ပဲခူးတိုင်း ပြည်မြို့ သို့ စပိန်နိုင်ငံက မှာယူတင်သွင်းထားတဲ့ မီးစက်တွေ ၂၄-၅-၂၀၁၂ နေ့ 
လည်ပိုင်းက ရောက်ရှိလာကြောင်းသိရပါတယ်။
ပြည်မြို့ ရတနာမာန်အောင်ရပ်ကွက်ရှိ ပြည်မြို့အား ရေပေးဝေသည့် စခန်းနှင့် လျှပ်စစ်
မီးအတွက် လိုအပ်သောနေရာများတွင် လျှပ်စစ်ဓာတ်အား မောင်းနှင်းဖြန့်ဖြူးရန်
အတွက် အမှတ်(၂)လျှပ်စစ်ဝန်ကြီးဌာနက ပေးပို့ လာတာဖြစ်ပါတယ်။
လည်ပိုင်းက ရောက်ရှိလာကြောင်းသိရပါတယ်။
ပြည်မြို့ ရတနာမာန်အောင်ရပ်ကွက်ရှိ ပြည်မြို့အား ရေပေးဝေသည့် စခန်းနှင့် လျှပ်စစ်
မီးအတွက် လိုအပ်သောနေရာများတွင် လျှပ်စစ်ဓာတ်အား မောင်းနှင်းဖြန့်ဖြူးရန်
အတွက် အမှတ်(၂)လျှပ်စစ်ဝန်ကြီးဌာနက ပေးပို့ လာတာဖြစ်ပါတယ်။
NLDဆိုင်းဘုတ်တင်ပြည်သူမှဒေါ်အောင်ဆန်းစုကြည်ကိုမေးခွန်းသုံးခုမေး
ထာဝရ ငြိမ်းချမ်းရေး ၆၇ လှုပ်ရှားမှု့
လူငယ်တွေနဲ့ ဖွဲ့ စည်းထားတဲ့ (GW)ခေါ် မျိုးဆက်သစ်လူငယ်အဖွဲ့ က
တိုင်းရင်သားတွေ အချင်းချင်းကြားဖြစ်ပွားနေတဲ့ လက်နက်ကိုင်
ပဌိပက္ခရပ်ဆိုင်းပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ ‘ထာဝရ
ငြိမ်းချမ်းရေး ၆၇ ’ ဆိုတဲ့ လှုပ်ရှားမှုကို ဒီကနေ့ စတင်လိုက်တာပါတယ်။
ဒီလှုပ်ရှားမှုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်ရဲ့ သိရိခန်းမမှာ ဒီကနေ့ ဖွင့်ပွဲ အခန်းအနားပြုလုပ်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ လက်မှတ်ထိုးလှုပ်ရှားမှုတွေ ပြုလုပ်သွား မှာဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်ရဲ့ သိရိခန်းမမှာ ဒီကနေ့ ဖွင့်ပွဲ အခန်းအနားပြုလုပ်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ လက်မှတ်ထိုးလှုပ်ရှားမှုတွေ ပြုလုပ်သွား မှာဖြစ်ပါတယ်။
Friday, May 25, 2012
စားအုန်းဆီ စားနေရတဲ့ ပြည်သူတွေ အတွက် စိတ်မချမ်းသာဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို
ပြည်မြို့က ဦးဆောင်ဆန္ဒပြသူ(၆)ဦးအား ပြန်လွှတ်ပေး
ပြည်မြို့တွင် ယနေ့နံနက်ပိုင်းက ဖမ်းဆီးခံခဲ့သော
လျှပ်စစ်မီးရရှိရန်ဦးဆောင် တောင်းဆိုသူ(၆)ဦးအား ယနေ့ညနေ(၃း၀၀)နာရီ
ဝန်းကျင်ကအာမခံဖြင့်ပြန်လည် လွှတ်ပေးလိုက်ပြီဖြစ်သည်။
ယနေ့နံနက် (၁၁)နာရီ(၃၀)မိနစ်ခန့်က ပြည်မြို့တွင် လျှပ်စစ်မီးရရှိ၇န် ဆန္ဒပြတောင်းဆို၍ ထိမ်းသိမ်းခံခဲ့ရသောသူ (၆)ဦးအား နေ့လည်(၃)နာရီကျော်တွင်ပြည်အာဏာပိုင်များမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အာမခံချက်ဖြင့် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
ယနေ့နံနက် (၁၁)နာရီ(၃၀)မိနစ်ခန့်က ပြည်မြို့တွင် လျှပ်စစ်မီးရရှိ၇န် ဆန္ဒပြတောင်းဆို၍ ထိမ်းသိမ်းခံခဲ့ရသောသူ (၆)ဦးအား နေ့လည်(၃)နာရီကျော်တွင်ပြည်အာဏာပိုင်များမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အာမခံချက်ဖြင့် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
ပြည်သူကို စော်ကားခဲ့တဲ့ သမတအကြံပေးအဖွဲ့ ထဲက နိုင်ငံရေးအကြံပေးခေါင်းဆောင် ကိုကိုလှိုင်။

တကယ်တော့ ကိုကိုလှိုင်ဟာ ဒီ နအဖလက်ပါးစေအကြီးစားတစ်ဦးပါ။ စာရေးဆရာလိုလို နိုင်ငံတကာရေးရာသုတေသီလိုလိုနဲ့  နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်းရဲ့  သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းမှာ အကြံပေးအရာရှိအဖြစ် လုပ်နေခဲ့သူပါ။
သမတ အကြံပေး ရဲ့ ကောင်းလိုက်တဲ့ အကြံ
အိမ်မှာပဲ ဖယောင်းတိုင်ထွန်းပြီး မီးတွေမှိတ်ထားလိုက်ရင် ပြသနာတွေ ပြေလည်သွားနှိုင်လိမ့်မယ်လို့ သမတ အကြံပေး တဦးဖြစ်တဲ့ ဦးကိုကိုလှိုင်က ပြောပါတယ်။ သမတအကြံပေးရုံးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ခုလိုပြောဆိုတာပါ။ ဂျပန်နိုင်ငံက ညူကလီယားဓါတ်အားပေးစက်ရုံပိတ်ရတဲ့အခါ နိုင်ငံသားတွေ ၀ိုင်းဝန်းချွေတာ ဖြေရှင်းပြီး မီးမပြတ်ခဲ့တာတွေနဲ့ အင်္ဂလန်နိုင်ငံမှာ လူထုကပါ ၀ိုင်းဝန်းချွေတာခဲ့ကြတာတွေကို ဥပမာပေးပြီး ပြည်သူလူထုလဲ ၀ိုင်းဝန်းချိုးခြံချွေတာဖို့ တိုက်တွန်းပြောဆိုပါတယ်။
ဒါ့အပြင် ဆန္ဒပြပွဲတွေဟာလဲ ဥပဒေနဲ့ အညီဖြစ်ဖို့လိုတဲ့အကြောင်း ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ လိုတဲ့အကြောင်း ပြောပါတယ်။ ဆန္ဒမပြပဲ သက်ဆိုင်တဲ့အဖွဲ့အစည်းနဲ့ ညှိုနှိုင်းပြေလည်သွားနှိုင်ရင်တော့ အကောင်းဆုံးပဲလို့ ဝေဖန်ပြောဆိုပါတယ်။
မြန်မာပြည်သူပြည်သားများ လျှပ်စစ်မီး လုံလောက်စွာ မရရှိမှုကြောင့် လျှပ်စစ်ဝန်ကြီး ဇော်မင်း ရာထူးတာဝန်က နှုတ်ထွက်ပေးပါ။

မြန်မာပြည်သူပြည်သားများ လျှပ်စစ်မီး လုံလောက်စွာ မရရှိမှုကြောင့် လျှပ်စစ်ဝန်ကြီး ဇော်မင်း ရာထူးတာဝန်က နှုတ်ထွက်ပေးပါ။

Thursday, May 24, 2012
မြောင်းတကာ Yangon Crown စက်ရုံလုပ်သားများ လစာတိုးရရေး ရန်ကုန်ကို ချီတက်ပြီး ဆက်လက်တောင်းဆိုမည်
စွမ်းအင်သုံးစွဲ ရောင်းချမှု အစိုးရ ပွင့်လင်းရန်လို
အစိုးရအနေဖြင့် စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍတွင် ထုတ်လုပ်ရောင်းချမှု၊
ခွဲဝေသုံးစွဲမှုစသည်တို့နှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ
ထုတ်ပြန်သင့်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကပြောသည်။
သဘာဝစွမ်းအင်အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး
ပြည်ပနိုင်ငံများသို့ ရောင်းချနေသည်ဆိုသော်လည်း နိုင်ငံအတွင်း
လျှပ်စစ်ဓာတ်အား မလုံလောက်သည့်အတွက် ဆန္ဒပြမှုများ ဖြစ်ပေါ်နေကြောင်း၊
ပြည်ပသို့ လျှပ်စစ်နှင့် တခြားသော စွမ်းအင်ရင်းမြစ် မည်မျှရောင်းချသည်၊
မည်သို့သုံးစွဲသည်ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သင့်ကြောင်း ၈၈မျိုးဆက်
ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောဆိုသည်။
Wednesday, May 23, 2012
ILO ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်
Photo courtesy of NLD
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် မေလ ၁၁
ရက်နေ့ က NLD ပုဇွန်တောင်မြို့နယ်ရုံးခန်း ဖွင့်ပွဲအခမ်းအနား၌
မိန့်ခွန်းပြောနေစဉ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လ (၁၄) ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO) ရုံးချုပ်မှာ မိန့်ခွန်းပြောကြားမယ်လို့ ILO ညွှန်ကြားရေးမှူးချုပ် Juan Somavia က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ် (၂၀) ကျော်အတွင်း ပထမဆုံး ပြည်ပခရီးအဖြစ် ဇွန်လမှာ ဥရောပကို ထွက်ခွာမှာ ဖြစ်ပါတယ်။
လျှပ်စစ်မီး ရရှိရေး ရန်ကုန်မှာ ဆန္ဒပြ

ဓာတ်ပုံ - အေပီ
အင်္ဂါ, 22 မေ 2012
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မန္တလေးမြို့မှာ ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး
ဆန္ဒပြ တောင်းဆိုမှုတွေဟာ အခုအခါ ရန်ကုန်မြို့ကို ကူးစက်လာပါပြီ။
လျှပ်စစ်မီး မရရှိတဲ့အတွက် ရန်ကုန်မြို့မှာ ရာနဲ့ချီတဲ့ လူတွေဟာ
အခုဗွီအိုအေက အသံလွှင့်ကာနီး အချိန်မှာပဲ စုဝေးဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
မန္တလေးမြို့ လူထုက ၂ ရက်ဆက်တိုက် ဖယောင်းတိုင်မီး ကိုင်ဆောင်ပြီး
ဆန္ဒထုတ်ဖော်ခဲ့ သလိုပဲ ရန်ကုန်လူထုတွေကလည်း ဒီကနေ့မှာ ဖယောင်းတိုင်မီး
ကိုယ်စီ ထွန်းညှိပြီး မြို့တော်ခမ်းမ ရှေ့မှာ ဆန္ဒပြနေတဲ့ အခြေအနေနဲ့
ပတ်သက်လို့ ကိုယ်တိုင် သွားရောက် သတင်းယူနေတဲ့ သတင်းထောက် တဦးကို
မသင်းသီရိ က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
ဆန္ဒပြနေတဲ့ သံမဏိစက်ရုံ အလုပ်သမားတွေကို ရွှေည၀ါဆရာတော် သွားရောက်အားပေး
ရန်ကုန်တိုင်း မှော်ဘီ၊ မြောင်းတကာ
စက်မှုဇုံ၊ Crown Steel Industry စက်ရုံ အလုပ်သမားများ ဆန္ဒပြမှုကို ရွှေည၀ါ
ဆရာတော်က ကြားဝင် စေ့စပ်ညှိနှိုင်းရန် အလုပ်ရှင်နှင့်
တွေ့ဆုံဆွေးနွေးခွင့်တောင်းခဲ့ရာ အလုပ်ရှင်ဘက်မှ
ငြင်းဆိုလိုက်ကြောင်းသိရပါတယ်။
![]() |
YANGON CROWN စက်ရှုံဆန္ဒပြအလုပ်သမားများအ |
လျှပ်စစ်မီးအဆင်ပြေအောင် ဆောင်ရွက်မပေးနိုင်လျှင် ရာထူးမှနှုတ်ထွက်သွားမည်ဟု ဒေါက်တာမြင့်ကြူပြောကြား

မေ(၂၁)ရက်၊၂၀၁၂ခုနှစ်။
မန္တလေးမြို့တွင် လျှပ်စစ်မီးပြန်လည်ရရှိလိုမှုကြောင့် ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့သဖြင့် ညတွင်းခြင်း အရေးပေါ်သတင်းစာရှင်းလင်းပွဲအား မန္တလေးတိုင်းလျှပ်စစ်ရုံးဝင်းအတွင်း ချက်ချင်းကျင်းပပေးခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူမှ လျှပ်စစ်မီးများ အဆင်ပြေအောင် မလုပ်ပေးနိုင်လျှင် ရာထူးမှ နှုတ်ထွက်သွားမည်ဖြစ်ကြောင်း မြစ်မခသို့ ပြောကြားသွားသည်။
အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန မှ ပြည်သူလူထုသို့ မေတ္တာရပ်ခံချက် ထုတ်ပြန်
![]() |
ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ဗုံးဖောက်ခွဲ ဖျက်ဆီးခံရမှုကြောင့် ပျက်ဆီးမှုမြင်ကွင်း(ဓါတ်ပုံ-ရန်ကုန်တိုင်းမ်) |
ရန်ကုန် မြို့ တော်ခန်းမရှေ့ တွင် လုံခြုံရေးအဖွဲ့ များ နေရာယူထား
![]() |
ရန်ကုန်မြို့ တော်ခန်းမရှေ့ တွင် နေရာယူထားသော လုံခြုံရေးအဖွဲ့ များ (ဓါတ်ပုံ-7Day News Journal) |
![]() |
ရန်ကုန်မြို့ တော်ခန်းမရှေ့ တွင် နေရာယူထားသော လုံခြုံရေးအဖွဲ့ များ (ဓါတ်ပုံ-7Day News Journal) |
ဆန္ဒပြမည်ဆိုတဲ့ သတင်းများထွက်ပေါ်လာပြီးနောက် ရန်ကုန်မြို့ တော်ခန်းမရှေ့
လုံခြုံရေးများ ချထားတာကိုတွေ့ ရပါတယ်။
သုံးခွမြို့ လျှပ်စစ်ရုံးရှေ့ မှာ မီးရရှိရေး ဖရောင်းတိုင်မီးထွန်းညှိ ဆန္ဒပြမှုစတင်ခဲ့
ပြီးနောက် မန္တလေးနဲ့ မုံရွာမြို့ တွေမှာ ဖယောင်းတိုင်မီးထွန်းပြီး ငြိမ်းချမ်းစွာ
ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။
Tuesday, May 22, 2012
အင်းစိန် နှင့် လှိုင် NLD ရုံးဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
မေလ ၂၁ ရက်နေ့ ညနေ ၃း၃၀ အချိန်တွင် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် NLDရုံခန်းဖွင့်ပွဲကို တတ်ရောက်ခဲ့ပါတယ်။ အဲဒီနောက် ညနေ ၅း၃၀ အချိန်တွင် လှိုင်မြို့နယ်NLD ရုံခန်းဖွင့်ပွဲကို ဆက်လက်တတ်ရောက်ခဲ့ပါတယ်။ အဆိုပါ ရုံးခန်းဖွင့်ပွဲများကို နာယကကြီးများဖြစ်ကျတဲ့ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ လည်း တတ်ရောက်ခဲ့ပါတယ်။
သတင်း-ဓါတ်ပုံ (ဒီလှိုင်း)
ဖြိုးဝေအောင် အသည်းကင်ဆာ နောက်ဆုံးအဆင့်ရောက်
၂၀၁၀ ခုနှစ်သင်္ကြန်ကာလ ဗုံးပေါက်ကွဲမှုနဲ့
စွပ်စွဲခံရပြီးသေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်သား ကိုဖြိုးဝေအောင်
အသည်း ကင်ဆာရောဂါ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် ဆရာဝန်ရဲ့
စစ်ဆေးချက်အရ လပိုင်းလောက်ပဲ အသက်ရှင်သန်ခွင့် ရှိတော့မှာဖြစ်ကြောင်း
မိသားစု က ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ
သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ဂျာမနီကို သွားရောက် လေ့လာတဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ်များ
ဂျာမဏီကိုသွားရောက် လေ့လာတဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ်

ဦးဝင်းသန်း၊ ဦးဝင်းဦး၊ ဦးအေးမောင်နှင့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဦးစိုင်းအိုက်ပေါင်း စုစုပေါင်း အမတ် ၇ ဦးတို့ဟာ ဂျာမနီနိုင်ငံ Friendrich Naumann Foundation For
Freedom ဖောင်ဒေးရှင်းရဲ့ဖိတ်ကြာချက်နဲ့ မေလ ၅ ရက်နေ့မှ ၁၂ ရက်နေ့ အထိ ဂျာမနီနိုင်ငံက လွှတ်တော်တွေကို သွားရောက် လေ့လာခဲ့သလို ဆွေးနွေးမှုတွေလည်း ပြုလုပ် ခဲ့ကြပါတယ်။
ဗီဒီယိုသတင်းဆက်လက်ကြည့်
ရဲတပ်ဖွဲ့ဝင် ၅၀ ကျော်လောက်က အရပ်သားတွေကို ရိုက်နှက်
ပြည်ထဲရေးဝန်ကြီးနဲ့လူ့အခွင့်ရေးကော်မစ်ရှင်တွေကိုဒီကနေ့စာပို့တိုင်တန်းလိုက်ကြောင်းပတ္တမြားမြို့ခံ တွေ
ကပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က ပတ္တမြားမြို့သစ် စိန်သပြေလမ်းမပေါ်မှာရှိတဲ့ အရက်ဆိုင် နဲ့ ရက်ကွက်တွင်းမှာ ရှိတဲ့လူငယ်တွေကို ယခင်လုံထိန်းခေါ် ရဲ တပ်ရင်း ၈ က အင်အား ၅၀ ကျော်လောက်နဲ့ ၀င်ရောက်ရိုက်နှက် ခဲ့ပါတယ်။
Subscribe to:
Posts (Atom)