ညီနောင်ဘွား တိုင်းရင်းသားများ သို့ မိုးသီးဇွန်ပေးစာ 10/08/2011
မင်းကိုနိုင်၊( ဥက္ကဋ္ဌ ) မိုးသီးဇွန်(အထွေထွေအတွင်းရေးမှူး) ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်-၁၉၈၈

လေးစားအပ်ပါသော ညီနောင်တိုင်းရင်းသားများခင်ဗျား
ကချင်နဲ့  မြန်မာ စစ်တပ်ခေါင်းဆောင်နဲ့ စကားပြောနေတာကိုကြည့်ပြီး ကျနော်စိတ်မကောင်းဖြစ်မိတယ်။
၁- အစိုးရသစ်ပြောရမှာ ဘာကြောင့် စစ်ဗိုလ်တယောက်က ဦးဆောင်ပြောနေတာလဲ။ စစ်တပ်က အရေးကြီးတဲ
့ဆုံးဖြတ်ချက်တွေမှာ လက်ဝါးကြီးအုပ်နေတုံးဖြစ်တယ်ဆိုတာကို ပြနေတယ်။
၂-မြန်မာ ပဒေသရာဇ်ခေတ် တုံးကမှာ တိုင်းရင်းသားတွေဟာ ကိုယ်မင်းကိုယ်ပြည်နယ်နေခဲ့ရသေးတယ်။
သမိုင်းမှာပြန်ကြည့်ပါ။အနော်ရထာခေတ်၊ တပင်ရွှေထီးခေတ်၊ ဘုရင့်နောင်ခေတ်၊ အလောင်းဘုရားခေတ်တွေမှာ မြန်မာနဲ့ တိုင်းရင်းသား တွေစစ်ပွဲတွေဖြစ်ခဲ့တယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေဟာ ပဒေသရာဇတ်ကို ပဏ္ဏာဆက်သ ရသော်ငြား၊ ကိုယ်မင်းကိုယ်ချင်းနေရတယ်။
ကိုယ်နယ်ကိုယ်အုပ်ချုပ်ရတယ်။ ကိုယ်ယျဉ်ကျေးမှုတွေကိုကိုယ်ကျင့်သုံးခွင့်ရခဲ့တယ်။
၃- ၁၉၆၂ ခုနှစ် မြန်မာ စစ်တပ်က မြန်မာ နိင်ငံရေးကို ထိမ်းချုပ်လိုက်ကထည်းက တိုင်းရင်းသားတွေရဲ့ 
အခြေအနေဟာ ကျွန်ဘ၀ ကို လုံးဝ ကျရောက်ခဲ့ရတယ်။ သူတို့ ဟာ နယ်မြေမရှိဘူး။ ကိုယ်ပိုင်ပြဌားန်ခွင့်မရှိဘူး။ ကိုယ်ယျဉ်ကျေးမှုတွေကို ကျင့်သုံးခွင့်မရှိဘူး။ ပဏ္ဏာဆက်သ တာထက်ဆိုးတာက သဘ၀အရင်းမြစ်တွေကို ထင်သလို ကိုယ်ကျိုးအတွက်သုံးစွဲခဲ့ကြတယ် သစ်တောတွေကို တရုပ်ကိုခုတ် ရောင်းခဲ့တယ်။
မြစ်ပေါင်းစုံမှာဆည်တွေဆောက်ပြီး တရုပ်ကိုလျုပ်စစ်ရောင်းတယ်။ ထိုင်းကိုရောင်းတယ်။ ရခိုင်က သဘ၀ဓါတ်ငွေ့ တွေကို တရုတ်ကိုရောင်းစားခဲ့တယ်။ တိုင်းရင်းသားတွေရဲ့ ဒေသ လူထုတွေမှာ ဘာမှကိုစားစရာ လုပ်ကိုင်စရာမရှိသလောက်ဖြစ်ကုန်တယ်။
၎- ကျနော်သတိပြုမိတာ က စစ်တပ်ခေါင်းဆောင်တွေဟာ တရုပ်သွေးပါသူ တရုပ်လူမျိုးတွေပိုများလာတာကို သတိပြုမိတယ်။ (ဥပမာ- နေ၀င်း၊ စမ်းယု၊ အောင်ကြီး၊ တင်အောင်မြင့်ဦး၊ ခင်ဇော် တို့ ကို ကြည့်ပါ။
စစ်တပ်ထိပ်သီးခေါင်းဆောင်ပိုင်းမှာ မြန်မာ စစ်စစ်ရှားလာတယ်။
တိုင်းရင်းသားတွေက ဗိုလ်ချုပ်လိုနေရာအထိမရောက်ပဲအနိမ်ခံရတယ်။ အိန္ဒယနွယ်ဘွား (ကုလားဆင်) ၊ ခရစ်ယန် ဘာသာကိုးကွယ်သူတွေဟာ စစ်တပ်ထိပ်ပိုင်းမှာလုံးဝမရအောင် စနစ်တကျနဲ့ သူတို့  လုပ်လာခဲ့တယ်။
၅- မြန်မာ့သမိုင်းကို ကြည့်ရင် မြန်မာနိင်ငံကို အထက်သားတလှည့်၊( ပုဂံခေတ်၊ ကုန်းဘောင်ခေတ်၊ အောက်သား တလှည့်  ဟံသာဝတီခေတ်၊ တောင်ငူခေတ်၊ တလှည့်စီ အုပ်ချုပ်ခဲ့ကြတယ်။
ဒီခေတ်တွေမှာ မြန်မာ လူမျိုး စစ်တွေ အုပ်ချုပ်ခဲ့ကြတဲ့အတွက် တိုင်းရင်းသားတွေဟာ ဒီနေ့ စစ်တပ်မှာ တရုပ်သွေး က ဆင်းသက်သူများထက် ပိုပြီး သာခဲ့တယ်။
ပဒေသရာဇ်စနစ်ကို ကျနော်မကြိုက်ဘူး။ ဒါပေမဲ့  မြန်မာ စစ်တပ်ယုတ်မာမှုတွေ စနစ်တကျနဲ့ မြန်မာလူမျိုးများနဲ့  တိုင်းရင်းသား များ သွေးကွဲမှု မြန်မာ ပြည်အစည်းပြိုတော့မဲ့  အခြေအနေကို ကျနော်စိုးရိမ်လာလို့ တင်ပြခြင်း ဖြစ်ပါတယ်။ တိုင်းရင်းသားတွေရဲ့ အခြေအနေကိုကြည့်ပြီး ကျနော်မြန်မာတယောက်အနေနဲ့  ရှက်မိတယ်။
ဝမ်းနည်းမိတယ်။ ကိုယ်ချင်းစာမိတယ်။
၆- ကျနော်တို့  ဒီလိုပြောလို့  တရုတ်မုန်းတီးရေးကိုပြောနေတာ မဟုတ်ဘူး၊လှုံ ဆော်နေတာ မဟုတ်ဘူး။
မြန်မာ ပြည်ဘွားတရုတ်များကိုလေးစားပါတယ်။
ကျနော်ပြောနေတာ မြန်မာ စစ်တပ်ထဲက တရုပ်အစိုးရအတွက်သူလျိုလ်လုပ်နေတဲ့ တရုပ်တွေ ကိုဆိုလိုတာ ဆိုတာကိုသဘောပေါက်မယ်ထင်ပါတယ်။
မိတ်ဆွေတွေထဲမှာ ၊ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ ၊ ကျနော်ရဲဘော်တွေထဲမှာ မြန်မာပြည်ဘွား တရုတ်သွေးပါ သူတွေရှိပါတယ် ၊ ကျနော်တို့ လှုပ်ရှားမှုမှာတက်ကြွစွာပါဝင်လှုပ်ရှားနေတဲ့ မြန်မာ တရုပ်တွေရှိတယ်။
သူတို့ ဟာလူကောင်းတွေ သူတို ဟာဒီမိုကရေစီကိုသက်ဝင်ယုံကြည်ကြတဲ့အတွက် မြန်မာလူထုနဲ့ အတူမျှဝေ ခံစား တိုက်ပွဲဝင်နေကြတယ်။ ဒါပေမဲ့ စစ်ဝါဒထဲရောက်သွားတဲ့တရုတ်သွေးပါသူတွေဟာ တရုတ်ပြည်မကြီး
အတွက်သူလျိုလ်လုပ်ပေးနေသူတွေလား၊ သူတို့ လုပ်ရပ်တွေက တရုပ်အစိုးရရဲ ပေါ်လစီကို အကောင်ထည်ဖေါ် နေကြတာလား။ ဒို့ မြန်မာ တွေနဲ့ တိုင်းရင်းသားတွေကို စိတ်မ်းကွဲပြားအောင် လုပ်နေကြတာလား ဆိုတာကို စိုးရိမ်မိတဲ့အတွက် တင်ပြလိုက်ခြင်းဖြစ်ပါတယ်။
၇- ကျနော်အဖေဟာလွတ်လပ်ရေးတိုက်ပွဲမှာပါဝင်ခဲ့တယ်။ ဗိုလ်ချုပ်နေ၀င်းကိုယ်တိုင်က တိုက်ပွဲထူးချွန်ဆုကို ပေးအပ်တာခံရဘူးတယ်။ သူဟာဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေလုပ်ကြံခံရတော့ တပ်ကြပ်ဖြစ်နေပြီ။ သူဟာ အာဇာနည်တွေရဲ့  ဈာပနမှာ လုံခြုံရေးတာဝန်ယူခဲ့ရတယ်။ ၁၉၆၅ ခုနစ်လောက်မှာသူတပ်ကထွက်တယ်။
ကျနော်ကို ခလရ-၃၆ မှာ ဖါးဒိုမှာ တပ်စွဲစဉ်မွေးခဲ့တယ်။ ကျနော်ဟာမြန်မာလူမျိုးတဦးပါ။
မြန်မာ့ တပ်မတော်ရဲ့ လုပ်ရပ်တွေ၊ တိုင်းရင်းသားတွေရဲ့ အခြေအနေကိုကြည့်ပြီးကျနော်မြန်မာတယောက်အနေနဲ့ 
ရှက်မိတယ်။ ၀မ်းနည်းမိတယ်။ ကိုယ်ချင်းစာမိတယ်။ ကျနော်အကြွေးရှိတယ်လို့ ခံယူတယ်။ တိုင်းရင်းသားတွေကိုယ်ပိုင်ပြဌာန်းခွင့်ရတဲ့အထိ တူးမီတလက်ကလောင်တလက်ကိုင်ပြီး ခင်ဗျားတို့ နဲ့ အတူ တိုက်ပွဲဝင်ပါမယ်။
- မိုးသီးဇွန် -
No comments:
Post a Comment
wwwwnyinyi@gmail.com