ယခုအချိန်သည် တိုင်းပြည်ထူထောင်လာရန် ပြည်ပသွင်းကုန်များကို ဦးစားမပေးသင့်ပေ၊
သွင်းကုန်လုပ်ငန်းဖြင့်စီးပွားတည်ဆောက်နေသူများသည် ပစ္စည်းအထည်လိုက်ဝယ်ယူတင်သွင်းတာ
ထက် နည်းပညာလုပ်နည်းလုပ်ဟန်များကို ကြံဆောင်သင့်သည်။
တရုတ်နိုင်ငံမှ နည်းမျိုးစုံဖြင့် ၀င်ရောက်လာသော ကုန်ပစ္စည်းများကြောင့် ပြည်တွင်း စက်မှု လက်မှုလုပ်ငန်းများ ရပ်နားရသည်အထိ ရှိနေ
|
|
|
Sunday, 09 October 2011 11:55 |
တရုတ်နိုင်ငံမှ တင်သွင်းလာသော လယ်ယာသုံး စက်ကိရိယာ အပိုပစ္စည်းများ
တရုတ်နိုင်ငံမှ နည်းမျိုးစုံဖြင့် ၀င်ရောက်လာသော ကုန်ပစ္စည်းများကြောင့်
ပြည်တွင်း စက်မှုလက်မှု လုပ်ငန်းများ ရပ်နားရသည်အထိ ရှိလာကြောင်း သိရှိရသည်။
“ကျွန်တော်တို့ မန္တလေးစက်မှုဇုန်ထဲမှာ ဆိုရင် တချို့စက်မှုလက်မှု
လုပ်ငန်းတွေ အလုပ်ပြောင်းလုပ် ကုန်ကြတယ်။ တချို့လည်း
မရပ်တည်နိုင်တော့တဲ့အတွက် လုပ်ငန်းပိတ်သိမ်းသွားကြတယ်။ အခုဆိုရင်
စက်မှုဇုန်ထဲမှာ မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်း၊ တစ်စိတ်တစ်ပိုင်း
ထုတ်လုပ်ခြင်းလုပ်ငန်း၊ ကားဝပ်ရှော့လုပ်ငန်းနဲ့ ကားဘော်ဒီလုပ်ငန်းတွေပဲ
အလုပ်ဖြစ်တော့တာတွေ့ရတယ်” ဟု မန္တလေးစက်မှုဇုန်ရှိ စက်မှုလက်မှု နှင့်
စက်ကိရိယာ တီထွင်မှုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြည်တွင်းရှိ စက်မှုလက်မှုလုပ်ငန်းများမှာ အငယ်စားစက်မှု လုပ်ငန်း၊
အလတ်စားစက်မှုလုပ်ငန်း နှင့် အကြီးစားစက်မှုလုပ်ငန်းတို့ဖြစ် ကြပြီး
အငယ်စားနှင့် အကြီးစား စက်မှုလုပ်ငန်းများမှာ ပြည်တွင်းဈေးကွက်အတွက်သာ
ရည်ရွယ်ထုတ်လုပ်သော တစ်နိုင်တစ်ပိုင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊
မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများသာ ဖြစ်ကြောင်း၊ အကြီးစား
စက်မှုလုပ်ငန်းများမှာလည်း လူသုံးကုန်ပစ္စည်းနှင့် စားသောက်ကုန်များသာ
ထုတ်လုပ်သောလုပ်ငန်းများ ဖြစ်ကြောင်း သိရှိရသည်။
“ကျွန်တော်တို့ ပြည်တွင်းမှာ ပစ္စည်းတော်တော်များများကို
ထုတ်လုပ်နိုင်တယ်ဆိုပေမယ့် ပြည်တွင်း ထုတ်ကုန်ပစ္စည်းတွေဟာ
ဈေးနှုန်းပိုင်းမှာ မယှဉ်နိုင်တဲ့အတွက်အခုဆိုရင် ပြည်တွင်း
စက်မှုလက်မှုလုပ်ငန်းတွေ ဟာ တော်တော်လေး ခက်ခက်ခဲခဲ ရပ်တည်နေရပါတယ်”ဟု
စက်ရုံလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
အမရပူရမြို့မှ ယက္ကန်းလုပ်ငန်းရှင် တစ်ဦးကလည်း “အမရပူရ ကထုတ်တဲ့
ချိတ်လုံချည်တွေမှာ ဆိုရင်လည်း လူကြိုက်များတဲ့ ချိတ်ဆိုတရုတ်ကနေ
အောက်ဈေးနဲ့ဆေးရိုက်ပြီး ၀င်လာတယ်။ ဒီလိုဆိုရင် ကျွန်တော်တို့
လက်မှုလုပ်ငန်းတွေလည်း ရေရှည်မှာရပ်တည်ဖို့ခဲယဉ်း လာလိမ့်မယ်”ဟု ပြောသည်။
အငယ်စားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများ အနေဖြင့်
ကျွမ်းကျင်လုပ်သားရှားပါးမှု၊ အရင်း အနှီးမလုံလောက်မှု၊ ခေတ်မီစက်ကိရိယာများ
ပြောင်းလဲအသုံးပြုနိုင်ရန် လိုအပ်နေမှု၊ နည်းပညာအခက် အခဲ၊
လျှပ်စစ်စွမ်းအားအခြေအနေ၊ ပြည်ပမှဝင်ရောက်လာသော ပစ္စည်းများအား
ယှဉ်ပြိုင်ရန် ခက်ခဲမှု၊ ကုန်ကြမ်းများကို ပြည်ပနိုင်ငံများမှ
ကုန်ကျစရိတ်မြင့်မားစွာ ၀ယ်ယူသုံးစွဲ နေရမှုစသည့် အခက်အခဲများကြောင့်
စက်မှုလက်မှုလုပ်ငန်းများမှာ ကြီးထွားလာနိုင်ခြင်းမရှိဘဲ ခက်ခဲစွာ
လုပ်ကိုင်ရလျက်ရှိကြောင်း သိရသည်။
“ဒီမှာရှိတဲ့ စက်မှုလုပ်ငန်း အများစုက အိမ်သုံးမီတာတွေနဲ့ပဲ
လုပ်ကိုင်နေရတယ်။ မြန်မာ့လျှပ်စစ် လုပ်ငန်းကို ပါဝါမီတာလျှောက်တဲ့
အခါမှာလည်း ခက်ခဲပြီးကုန်ကျစရိတ် များတယ်။ ပြီးတော့ ပါဝါမီတာ မြင်းကောင်ရေ
တိုးတာကိုလည်း ဈေးနှုန်းသက်သာပြီး မြန်မြန်ဆောင်ရွက်နိုင်ဖို့လိုသလို
အာမခံစပေါ်ငွေ ကိုလည်း လုပ်ငန်းရှင်တွေ တတ်နိုင်တဲ့နှုန်းထားကို
လျှော့ချပေးဖို့လည်း လိုအပ်နေတယ်။ အခု ပြည်ပထုတ် ကုန်ပစ္စည်းတွေကို
ယှဉ်ပြိုင် ထုတ်နေရမယ့်အစား မြန်မာ့လျှပ်စစ်လုပ်ငန်း က
လျှပ်စစ်မြင်းကောင်ရေ ပိုတာ စစ်ဆေးနေတာတွေကြောင့် လုပ်ငန်း တိုးတက်မှု
နှောင့်နှေးနေတယ်။ သူတို့တွေလာစစ်ရင် စက်တွေကို ဖြုတ်ရသိမ်းရတာက အလုပ်တစ်ခု
လိုဖြစ်နေတယ်”ဟု ပြည်တွင်းမှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
စက်မှုဇုန်များတွင် လုပ်ကိုင်နေသော စက်ကိရိယာများမှာ ၁၉၇၀ နှင့် ၁၉၈၀
ပြည့်နှစ်ဝန်းကျင်ထုတ် ပစ္စည်းများဖြစ်သဖြင့် ဟောင်းနွမ်းနေသော
စက်ကိရိယာများကို ခေတ်မီ စက်ကိရိယာများဖြင့် ပြောင်းလဲသုံးစွဲ လိုသော်လည်း
ငွေကြေးအရင်းအနှီး မတတ်နိုင်ကြောင်း၊ အစိုးရဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များမှ
ချေးငွေ များချေးယူရာတွင် စက်ရုံ၊ အလုပ်ရုံ များကိုအပေါင်ထားရာ၌အာမခံထား
သော်လည်းအဆောက်အဦးမကောင်း ခြင်းကြောင့် ချေးငွေပမာဏ လုံလောက်စွာ
မရရှိခြင်း၊ နှစ်ချင်းဆပ်ချေးငွေသာ ရရှိသဖြင့် စက်မှုလုပ်ငန်းများ၏
ငွေမဖြစ်လွယ်မှု သဘာဝအရ နှစ်လတ် (၃ နှစ် မှ ၅ နှစ်)၊ နှစ်ရှည် (၅ နှစ်မှ ၁၀
နှစ်) ထုတ်ချေးပေး နိုင်မှသာလှည့်ပတ်သုံးစွဲရမည့် အချိန်
လုံလောက်မည်ဖြစ်ကြောင်း စက်မှုလုပ်ငန်းရှင် အများစုက ဆိုသည်။
“အရင်အစိုးရ လက်ထက်တုန်းက စက်မှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကားတွေ
ထုတ်လုပ်ဖို့ လမ်းညွှန်ခဲ့ တယ်။ ကားတစ်စီး ဖြစ်လာနိုင်မယ့်
ကိရိယာအစိတ်အပိုင်းတွေ မထုတ်လုပ်နိုင်သေးဘဲ ကားတွေထုတ်ခိုင်းခဲ့တယ်။
ဒီ့အတွက် အချိန်တွေကုန်ခဲ့တယ်။ လုပ်ငန်းရှင် အနည်းအကျဉ်းပဲ
အကျိုးအမြတ်ရခဲ့တယ်”ဟု မန္တလေးစက်မှုဇုန်မှ အလတ်စားလုပ်ငန်းရှင် တစ်ဦးက
သုံးသပ်သည်။
“စက်မှုလုပ်ငန်းတွေမှာ ကြုံ တွေ့နေရတဲ့ အခက်အခဲတွေထဲမှာ
လုပ်သားရှားပါးမှုကလည်း ပြဿနာ တစ်ခုဖြစ်တယ်။ လုပ်ငန်းရှင်တွေ အနေနဲ့
ကိုယ့်လုပ်သားကို ကိုယ့်ဘာသာကိုယ် မွေးထုတ်နေရတယ်။ ပြီးခဲ့တဲ့နှစ်ထဲက
နည်းပညာတက္က သိုလ်ကျောင်းဆင်း ၄၅ ယောက်ခန့် ခဲ့တယ်။ နှစ်ယောက်ပဲ
အဖတ်တင်တယ်။ သူတို့အနေနဲ့ အသိပညာသာ ရှိတယ်။ အတတ်ပညာ ပါမလာဘူး။ ဒါ့ကြောင့်
ပြည်တွင်းစက်မှုလုပ်ငန်းတွေ တိုးတက်ဖို့ဆိုရင် စက်မှုဇုန်တွေ ထဲမှာ
တတ်သိတဲ့ပညာရှင်တွေသင် ကြားတဲ့ကျောင်းတွေ တည်ထောင် သင့်ပါတယ်။
နိုင်ငံခြားသားဆရာ တွေပါရင်ပိုတောင်ကောင်းပါသေး တယ်။ ဂျပန်မှာ အနောက်တိုင်း
နည်းပညာနဲ့ ဂျပန်စိတ်ဓာတ်လို့ ကြွေးကြော်ပြီး စက်မှုလုပ်ငန်းတွေ
တိုးတက်အောင် ဆောင်ရွက်ခဲ့သလို ကျွန်တော်တို့နိုင်ငံမှာလည်း
နည်းပညာရနိုင်သမျှ ရအောင် ဆောင်ရွက် သင့်ပါတယ်”ဟု စက်မှုလက်မှု
လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
လက်ရှိတွင် တရုတ်မှ နည်းလမ်းမျိုးစုံဖြင့် ၀င်ရောက်လာသော ကုန်
ပစ္စည်းများအား မယှဉ်ပြိုင်နိုင်သော ကြောင့် ဆက်လက်လုပ်ကိုင်ရန်
အခက်အခဲဖြစ်နေသော လုပ်ငန်းများ မှာ လယ်ယာနှင့် လယ်ယာသုံးစက်
ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊ စက် နှင့် စက်ကိရိယာ ထုတ်လုပ်ရေးလုပ်ငန်း၊
မော်တော်ဆိုင်ကယ်အပိုပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း၊ ဆီစက်နှင့်
ဆန်စက်ထုတ်လုပ်ရေးလုပ်ငန်း၊ ဘိုးလ်နတ်မျိုးစုံနှင့် ၀ါရှာဆိုဒ်စုံ
ထုတ်လုပ်ခြင်းလုပ်ငန်း၊ ကွန်ပရက်ဆာ ထုတ်လုပ်ရေးလုပ်ငန်း၊
ဂီယာသွား(ပင်နယံ)အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်း၊ မော်တော်ကားအပို
ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း(ဒစ္စ၀ှီးနတ်၊ ချိန်းဘလောက်၊ ကားခွေ)၊ စား
သောက်ကုန်ပစ္စည်းစက်ရုံများနှင့် လူသုံးကုန်ပစ္စည်းစက်ရုံများ ဖြစ်ကြောင်း
သိရသည်။
“စားသောက်ကုန် လုပ်ငန်း တွေမှာ အရင်က မန္တလေးကလုပ်ငန်းတွေပဲ
အဓိကထိခိုက်တယ် ဆိုပေမယ့် အခုရန်ကုန်မှာရှိတဲ့ ကျွန်တော်တို့
လုပ်ငန်းတွေကိုလည်းထိခိုက်လာပြီ။ ကျွန်တော်တို့ထုတ်တဲ့ ဘီစကစ်တွေလည်း
တရုတ်က ဈေးပေါပေါနဲ့ဝင်တဲ့ ဘီစကစ်တွေကို မယှဉ်နိုင်တော့ဘူး”ဟု
ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှု လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
“ပြည်တွင်းမှာရှိတဲ့ အသေးစား ကနေ အလတ်စား၊ အလတ်စားကနေ အကြီးစားအထိ
ဖြစ်လာဖို့ဆိုရငှ်နျြ လုပ်ငန်းတွေကို ကာကွယ် ပေးဖို့လိုပါတယ်။ ဥပမာ
ပို့ကုန်မှာ အခွန်လျော့တာကနေ လုံးဝအခွန်ကင်းလွတ်ခွင့်ပြုဖို့ လိုသလို
ပြည်တွင်း လုပ်ငန်းတွေကို ကာကွယ်ဖို့ သွင်းကုန်တွေအပေါ်မှာ
အခွန်ပိုမိုစည်းကြပ်ဖို့ လိုပါတယ်။ အိမ်နီးချင်းနိုင်ငံတွေ က
ငွေကြေးအရင်းအနှီးတောင့်ပြီး နည်းပညာပိုင်း အားသာသလို Mass Production
လုပ်နိုင်လို့ ပြည်တွင်း ဈေးကွက်ကို ဈေးပေါပေါနဲ့ထိုး
ဖောက်တာခံနေရပါတယ်။ နယ်စပ် ကနေ အကောက်ခွန်မဲ့ဝင်လာတဲ့ ပစ္စည်းတွေကို
ထိထိရောက်ရောက် ဖော်ထုတ်စစ်ဆေး အရေးယူမယ်ဆိုရင် တော့
ပြည်တွင်းလုပ်ငန်းရှင်တွေ အနေနဲ့ အသက်ရှူချောင်နိုင်ပါတယ်” ဟု မန္တလေး
စက်မှုဇုန်မှ လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။ |
No comments:
Post a Comment
wwwwnyinyi@gmail.com