Sunday, October 9, 2011

ထိုင်းဝန်ကြီးချုပ် ဝေဖန်ခံရ

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က ထိုင်းနိုင်ငံ ဝန်ကြီးချုပ်
  ရင့်လတ်ရှင်နာဝတ်  မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ မစ္စရင့်လတ်ရှင်နာဝတ် ဟာ သမ္မတကြီး
ဦးသိန်းစိန်၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီး လှမင်း အစရှိသည့် တာဝန်ရှိသူ  အများအပြားနှင့်တွေ့ဆုံခြင်းများ၊ ဆွေးနွေးခြင်းများနှင့် ညစာ အတူ

  စားသုံးခြင်းများ ကို အခမ်းအနားဖြင့် စည်းကားစွာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

  ဆွေးနွေးပွဲများနှင့် ညစာ စားပွဲများ အပြီးမှာ ဝန်ကြီးချုပ်  ရင့်လတ်ရှင်နာဝတ်
  အတွက် အချိန် ပိုနေသေးလို့ နေပြည်တော်တွင်းမှာ လှည့်လည် လျှောက်ပတ်
  ကြည့်ရှုခဲ့ပါတယ်။ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် သို့ ဘုရားဖူး  ထွက်ခဲ့တဲ့
  အပြင် ဆင်ဖြူတော်ကိုပါ သွားရောက် တွေ့ဆုံခဲ့ပါတယ်။
  ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ သွားရောက် တွေ့ဆုံခြင်း
  မရှိခဲ့ပါဘူး။  ရင့်လတ်ရှင်နာဝတ် မလာခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ် ဆိုပြီး
  ကောလဟာလတွေ ထွက်လာခဲ့ပေမယ့် တကယ်တမ်းကျတော့ မတွေ့ခဲ့ပါဘူး။
  "ရင့်လတ်ရှင်နာဝတ် မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ အချိန်မရှိဘူး" လို့  အတူလိုက်ပါသွားတဲ့ 
  ထိုင်းအစိုးရ အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် အမျိုးသမီး မစ္စ တီတီမာ  ချိုင်စမ်းက RFA  ကို ပြောခဲ့ပါတယ်။
 အခုလိုထိုင်းနိုင်ငံ အမျိုးသမီးဝန်ကြီးချုပ် အသစ်ဟာ မြန်မာနိုင်ငံကိုလာရောက်သော အကြောင်းရင်းကိုနဲ့
နောက်ကွယ်က ရည်ရွယ်ချက်တွေကို ပြည်သူတွေဝေဖန်သုံးသပ်နေကြပါတယ်။
လူအများစုက ထိုင်းဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည်ကိုမတွေ့ဆုံးခြင်းဟာ
ဆင်ဖြူတော်၊ပြောင်ကြီးနှင့်လာရောက်တွေ့ဆုံသောထိုင်းဝန်ကြီးချုပ်
ရိုင်းပြစော်ကားကြောင်းပြောဆိုဝေဖန်သုံးသပ်ပါတယ်။
တိရစ္ဆာန်နဲ့လာတွေ့သော ထိုင်းဝန်ကြီးချုပ်
     လူနည်းစုတချို့တချို့က အဲလိုဖြစ်ရပ်အပေါ်ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဆုံဘို့ အချိန်မရတာကို တွေ့စရာ မလိုအပ်ဖူးလို့ယူဆတဲ့သူတွေ အွန်လိုင်း မေးလ်ဂရုတွေမှာ အထေ့အငေါ့လေးတွေနဲ့ရေးသားနေကြပါတယ်။ အွန်လိုင်းစာမျက်နှာများမှာ လူငယ်တွေကတော့တွေ့ဖို့မလို
ကြောင်းဝေဖန်ရေးသားတဲ့ စစ်အုပ်စုအောက်ဆွဲများကို ပြတ်ပြတ်သားသားပဲ တိရစ္ဆာန်နဲ့တန်လို့ ဆင်နဲ့လာ
တွေ့တာလို့၊ဒေါ်အောင်ဆန်းစုကြည်နဲ့မတွေ့တာ စိတ်မကောင်းဖြစ်စရာမလိုကြောင်း၊ဒေါ်အောင်ဆန်းစုကြည်
ကိုကမ္ဘာအရပ်ရပ်ခေါင်းဆောင်းတွေကြည်ညိုလေးစားကြောင်း၊တွေ့ဆုံချင်ကြကြောင်း။ထုတ်ဖေါ်ပြော ဆိုကြပါတယ်။
       နောက်ထိုင်းနိုင်ငံဝန်ကြီးချုပ် ရင့်လတ် လာရောက်ခြင်းသည်မြန်မာပြည်အကျိုးစီးပွားထက် ထိုင်းနိုင်ငံ
အကျိုးစီးပွား၊ အိမ်နီးခြင်းကောင်းမိတ်ဆွေတစ်ယောက်အနေနဲ့ အပြုသဘောဆောင် ချစ်ကြည်ရင်းနှီးမှု့
မဟုတ်သည်မှာ ထင်ရှားကြောင်းလူထုကဝေဖန်သုံးသပ်ပါတယ်။ 
       စစ်တပ်နဲ့ နီးစပ်ရာ အသိုင်းအဝိုင်း အုပ်စုနဲ့ အောက်ဆွဲနောက်လိုက်များက တော့ ပြည်သူနဲ့ အမြဲ
ဆန့်ကျင် ကန့်လန့်လုပ်လျှက်ဆိုတာ မှားမည်မဟုတ်ပါ။
အဲလိုကန့်လန့်လုပ်နေသော သူများရဲ့စော်ကားမော်ကားပြောဆိုနေသူများရဲ့ဘလောက်ကို

No comments:

Post a Comment

wwwwnyinyi@gmail.com